Tuesday, March 5, 2013

အမှတ်တရပုံရိပ်များ

ဒီနေ့ ကျွန်မနာမည်နဲ့ ပါဆယ်ထုပ်တစ်ထုပ်ရောက်လာပါတယ်။ ပေးပို့သူက အွန်လိုင်းမှ ခင်မင်ရင်းနှီးနေတဲ့ မိန်းကလေးငယ်တစ်ဦးပါ။ သူက အမည်မဖော်ပါနဲ့ဆိုတော့လည်း အမည်မဖော်လိုသူပေါ့လေ။ ထုံးစံအတိုင်း မိုင်တိုင်နဲ့ကြယ်စင် ၀ယ်မရတဲ့သူကလေးမို့ ကျွန်မ ၀ယ်ပို့ပေးခဲ့ပါတယ်။ အဲ့အခါ သူကလည်း သူ့လက်ဖြစ် ပန်းချီကားလေးတစ်ခုနဲ့ စားစရာအနည်းငယ် ကျွန်မကို မေတ္တာနဲ့ပြန်ပေးပို့ခြင်းပါပဲ။ ဒါက ကျွန်မ ပြောလို ရင်းမဟုတ်ပါဘူး။ အဲဒီ့ ပစ္စည်းကလေးတွေကို ထုပ်ပိုးထားတဲ့ စာရွက်များကို မြင်ရတဲ့အခါ...။

ကျွန်မ ဟင်ကနဲတောင် မအော်နိုင် ဖြစ်သွားပါတယ်။
လွန်ခဲ့သော နှစ်ကာလများက ကျွန်မပုံရိပ်ပါဝင်နေတဲ့ ဂျာနယ်တစ်စောင်ဖြစ်နေလို့ပါပဲ။
သူဟာ ကျွန်မကို သိသိနဲ့တမင် အံ့သြ၀မ်းသာသွားအောင် ပို့လိုက်လေသလား၊ အမှုမဲ့ အမှတ်မဲ့ ဂျာနယ်ဟောင်းတစ်စောင်နဲ့ ထုပ်ပိုးမိလိုက်တာလား။ ဒါကတော့ သူမှ သိနိုင်မယ့် အကြောင်းအရာတစ်ခု လည်း ဖြစ်ပါတယ်။ ဒီဂျာနယ်က နှစ်ပေါင်းကြာမြင့်နေပြီဖြစ်တဲ့ အတွက် သူများ တမင်သိမ်းဆည်းထားတဲ့ အရာပေလားလို့ မတွေးရဲတွေးရဲ တွေးမိပါသေးတယ်။ 

ဒါဆိုရင် ဟိုးယခင်ကတည်းက ကျွန်မကိုများသိနေခဲ့တာလား...ဒါကတော့ သိပ်မဖြစ်နိုင်တဲ့ဘက် ကို ရောက်သွားပြီလို့ ကျွန်မထင်ပါတယ်။
ကျွန်မ နာမည်ကြီးခဲ့တဲ့သူလည်း မဟုတ်သလို၊ ဒီ မိန်းကလေးနဲ့လည်း 2012 နှောင်းပိုင်းမှ သိကျွမ်းခဲ့တာပါ။
တိုက်ဆိုင်မှုသက်သက်ဆိုရင်တော့ ကျွန်မအတွက် အတော့်ကို အံ့သြပျော်ရွှင်မှု၊ ထိတ်လန့်ဝမ်းသာမှု ကို ပေးစွမ်းနိုင်တဲ့ တိုက်ဆိုင်မှုရယ်ပါပဲ။
ဘာလို့ဆို အဲဒီ့အခမ်းအနားနဲ့ ပတ်သတ်တဲ့ ပုံလည်း တစ်ပုံတလေမှ လက်ခံမရှိတဲ့အပြင်၊ ဂျာနယ်ကိုလည်း ခုမှသေချာမြင်တွေ့ရတာမို့ပါပဲ။

ကျွန်မ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုပါပဲ။
ထိုမိန်းကလေးထံကို ဆက်သွယ်ဖို့ရာက သူက ကျွန်မ ဆက်သွယ်လို့မရဘဲ၊ သူ့ဘက်က စဆက်သွယ်မှသာ ရရှိတဲ့နေရာမှာ တည်ရှိနေသူဖြစ်နေလို့ပါပဲ။
သူ အွန်လိုင်းမတက်တာလည်း ရက်သတ္တပတ်အနည်းငယ်ရှိပါပြီ။
အကယ်၍ ဒီပို့စ်ကို သူဖတ်ဖြစ်ခဲ့မယ်ဆိုရင် မတ် 5 ရက်နေ့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုကို ရရှိခဲ့တဲ့နေ့ပါလို့ သူ့ကို ပြောချင်ပါတယ်။

ကျေးးဇူးအများကြီးတင်ပါတယ် ညီမငယ်



23 comments:

  1. အိုးးးးးးးးတိုက်ဆိုင်တာပဲဖြစ်ဖြစ်၊တမင်တကာပဲဖြစ်ဖြစ် တကယ့်ကို အံသြဝမ်း
    သာစရာပဲနော်...။ကိုယ်တွေတောင် ကြားထဲကနေ တွေးကြည့်ပြီးကြည်နူးနေမိ
    သေးတယ်....။

    ReplyDelete
  2. ဟုတ်တယ်..အကို။
    စကားလုံးတွေနဲ့ ဘာမှတောင်ပြန်မပြောတတ်ဘူး။
    ညီမလေး တကယ် ကတုန်ကယင်ဖြစ်နေတယ်။
    အုပ်စုလိုက်ပုံလိုချင်လို့ ကိုမင်းတို့ မှုးဆက်ပိုင်တို့ကို တောင်းနေတာ ကြာလှပြီ။
    အဲသလို ဂျာနယ်လေးရခဲ့မယ်လို့ ထင်တောင် မထင်ခဲ့မိဘူး။
    :))))))

    ReplyDelete
  3. တမင်တကာတိုက်ဆိုင်သွားတာဖြစ်မယ်ညီမလေး :)

    ReplyDelete
  4. ရင်တွေတောင် ရောယောင်ခုန်သွားရတယ်..
    ပြီးတော့ အံ့သြပျော်ရွှင်မှုကို ထပ်တူခံစားမျှဝေပေးနိုင်တယ်...
    တမင်တော့ မဖြစ်နိုင်ဘူး..
    ကြုံတောင့်ကြုံခဲ ထူးထူးခြားခြားတိုက်ဆိုက်မှု...
    ဘုရားရှင်က သူများတွေကို ပျော်ရွှင်စေခဲ့တဲ့ သူသူ့အတွက် ပျော်ရွှင်မှုလက်ဆောင် ပြန်ပေးတာပဲ ဖြစ်ရမယ်.. :)

    ReplyDelete
  5. အစ်မအိမ်စည်ရဲ့ အပျော်တွေကူးစက်လာရပါတယ်။ နောက်လည်း အမြဲပျော်င်ရွှင်ရပါစေ အစ်မအိမ်စည်။ :)

    ReplyDelete
  6. rose of sharon >> မမကို ဘယ်သူလဲလို့ လင့်ကနေ သွားကြည့်ရသေးတယ်.။ ကြည့်စမ်း..သူသူတို့ တွေ့ခဲ့တာတောင် ဘလော့ဂ်လင့်တောင်းဖို့ မေ့နေခဲ့တာပဲ။ အခုမှ သိတော့တယ်။ လင့်ချိတ်ထားလိုက်ပြီ မမ :))၊

    မမမြသွေး >> အဲသလိုတိုက်ဆိုင်မှုမျိုး ရှိတယ်လားဟင် မမ။
    ညီမလေး အရမ်းပျော်တယ် :))) ။

    နတ်ရဲ >> မောင်လေး ပေးတဲ့ ပြည့်ရပါစေ။ ကျေးဇူးပါ မောင်လေး :))

    ReplyDelete
  7. အစ်မအိမ်စည်ရေ ...
    ကျွန်တော့်ရဲ့ ဘလော့လေးကိုလင့်ချိပ်ပေးတဲ့အတွက် ထပ်ဆင့်ကျေးဇူးပါနော်။ ကျွန်တော်တော့ ဘာမှမလုပ်တတ်သေးလို့။ လုပ်တတ်မှ အစ်မအိမ်စည်တို့ရဲ့ ဘလော့တွေကိုလင့်ချိပ်ရမယ်။ :)

    ReplyDelete
    Replies
    1. နေမကောင်းတာတွေ အကုန်ယူပစ်သလိုပျောက်သွားလောက်ပြီထင်ပါရဲ့။
      စာတွေများများဆက်ရေးနှိုင်ပါစေဆရာမရေ။
      ထပ်တူပျော်ရွှင်မိပါတယ်ခင်ဗျာ။

      Delete
  8. ဆရာမရေ ကျနော်တစ်ခါမှဘလော့ထဲမဝင်ဘူး၊မလုပ်ဘူးလို့ အမှားတွေဖြစ်ကုန်တယ်။ ဒီတစ်ခါ google ကဝင်ကြည့်ပါ့မယ်.။

    နေမကောင်းတာတွေ အကုန်ယူပစ်သလိုပျောက်သွားလောက်ပြီထင်ပါရဲ့။
    စာတွေများများဆက်ရေးနှိုင်ပါစေဆရာမရေ။
    ထပ်တူပျော်ရွှင်မိပါတယ်ခင်ဗျာ။

    ReplyDelete
    Replies
    1. အပေါ်က anonymous ဆိုတာကို အရေးအသားကြည့်ပြီးကတည်းက ဆရာဆိုတာ ကျွန်မသိတယ်ရှင့်။
      ပြီးစလွယ်ထွက်မသွားဘဲ google ကနေ ရအောင် sign in ၀င်ပြီး ကွန်မန့်ပေးသွားတာလေးကို ဖတ်ပြီး ၀မ်းသာကြည်နူးရတယ်။
      ဖေ့ဘုတ်သုံးနေကျလူတွေအဖို့ ဘလော့ဂ်မှာ ကွန်မန့်လာပေးရတာ အဆင့်ဆင့်ရှုပ်တယ် ဆိုပြီး ပေးဖို့လက်တွန့်ကြတယ်....ကျွန်မတို့ရုံးက အစ်မတစ်ယောက်ကတောင် note တွေတင်ရင် သူ့ကို တဂ်ပါ။ ဘလော့ဂ်တော့ လာမဖတ်ချင်ဘူးလို့ ခပ်ဘွင်းဘွင်းပြောခဲ့သေးတာ..။
      ကိုယ်ချင်းလဲစာပါတယ်။ အလွယ်တကူ ကွန်မန့်ပေး enter ခေါက်ချရတာနဲ့ select ရွေး အဆင့်ဆင့်လုပ်နေရတာ သူသူကိုယ်ကိုယ် စိတ်ရှုပ်မှာပါပဲ...။
      ဆရာက ဒီနေရာလေးထိ ချစ်ခင်စွာ အသိအမှတ်ပြုပေး၊ ကွန်မန့်လာပေးလိုက်တာဟာ လှိုက်လှဲတဲ့ ချစ်ခင်ရင်းနှီးမှုကို ဖော်ပြလိုက်တယ်လို့ ကျွန်မ ခံစားရပါတယ် ဆရာ..။
      ကျေးဇူးပါ....။
      တဆက်တည်း စကားစပ်လို့ ပြောချင်တာက.. name&url ကို ရွေးပြီးလည်း name တစ်ခုတည်းထည့် ကွန်မန့် ပေးလို့ရသလို anonymous ရွေးပြီး comment အောက်က နာမည်ဖော်ပြပေးလဲ ရတာပဲ ဆိုတာပါပဲ ဆရာ..။
      ဆရာပြောသလို နေမကောင်းတာတွေလဲ ပျောက်သွားပါပြီ။
      ကျေးးးဇူးးပါ ဆရာ :))

      Delete
  9. သူကသိလို့ ၀မ်းသာအားရဖြစ်အောင် လုပ်လိုက်တာလဲ ဖြစ်နိုင်တာပါပဲ
    ဘာပဲ ဖြစ်ဖြစ်ဝမ်းသာကျေနပ်မိတာပဲလေ---

    ReplyDelete
  10. မထင်မှတ်ပဲ တိုက်ဆိုင်တာဖြစ်စေ ၀မ်းသာစေချင်လို့ တမင်ပေးတာဖြစ်ဖြစ်
    ကာယကံရှင် ကြည်နူးဝမ်းသာ ဖြစ်သွားတယ်ဆိုရင်ပဲ မင်္ဂလာတစ်ပါးပေါ့ သူသူရေ...
    စာဖတ်ကောင်းကောင်းနဲ့ ပို့စ်တွေလိုက် ဖတ်နေတာ ၁၂နာရီထိုးတော့မယ်..:P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ....

      တီတင့် ကွန်မန့်ကို သမီး ဒီနေ့မှ Spam ထဲက ပြန်တွေ့ရတယ်..။
      တစ်ခါမှ သွားမကြည့်လို့ တီတင့်ရယ်..။
      ကြည့်စမ်း....ညသန်းခေါင်ထိအောင် စာတွေ လိုက်ဖတ်နေတာပဲ..။
      ကျန်းမာရေးကိုတော့ ဂရုစိုက်ဦးဗျ.. :)) ။

      Delete
  11. ထူးဆန်းအံ့သြဖွယ်ရာကောင်းသော၊ ၀မ်းသာ ပျော်ရွှင် ရင်ခုန်ခြင်းနှင့်အတူ ကြည်နူးချမ်းမြေ့မှုများ ပေးစွမ်းနိုင်သော မမေ့နိုင်စရာ လက်ဆောင်မွန်...း-)

    ReplyDelete
  12. မသူရေ..ကြည်နူးမှုလေး ထပ်တူပါနော် ... :) :) :) :)

    ReplyDelete
  13. မောင်မျိုးMarch 5, 2013 at 6:49 PM

    အေးလေ တိုက်၂ဆိုင် ဖြစ်တတတ်ပါ့ပေ့ ဒါပေမယ့် ပျော်စရာကြီးဗျး))

    ReplyDelete
  14. မမစံပယ်၊ မမသက်ဝေ၊ ပန်းအိ၊ မောင်မျိုး

    ထပ်တူထပ်မျှ ပျော်ရွှင်ဝမ်းသာပေးမှုများအတွက် နောက်တစ်ကြိမ်ကြည်ကြည်နူးနူးထပ်မံပျော်ရွှင်ရင်း......။
    ရောက်လာပေးခဲ့တာတွေအတွက် ကျေးဇူးတင်ရပါတယ်ရှင်...။
    :))))

    ReplyDelete
  15. အပေါ်ကလူတွေ အားလုံး ပြောသွားသလို တကယ့်ကို ပျော်စရာကောင်းတဲ့ တိုက်ဆိုင်မှုပါပဲ...၊
    လက်ဆောင်ထုပ်ပိုးထားတဲ့ စက္ကူလေးကို သေချာကြည့်မိတဲ့ ညီမရဲ့ အမှတ်သညာ ကောင်းပုံကိုလည်း မမေ့မလျော့ ပြောဖို့ လိုမှာပေါ့လေ...။း)

    ReplyDelete
  16. မမ ရရှိတဲ့ လက်ဆောင်လေးအတွက် ညီမလေးတောင် ပျော်ရွှင်မှုတွေ ကူးစက်သွားတယ် ... အဲဒီညီမငယ်လေးကတော့ အမှတ်တရဖြစ်အောင် အံ့မခန်းလုပ်ဆောင်တတ်တဲ့ လက်ဆောင်ပေးတတ်သူလေး ဖြစ်ရမယ် ... :)

    ReplyDelete
  17. ကိုညီ >> ဟုတ်.. :) ။ အကို ပျောက်နေတယ်။ အလုပ်တွေ ရှုပ်နေတယ် ထင်ပါတယ်..။

    မိုးည >> ဟုတ်တယ် ညီမလေး မိုးညရေ..။ မမ ခရီးသွားနေတာနဲ့ အခုမှ ဒီကွန်မန့်လေးတွေ မြင်လို့ကွယ်..။ :)

    ReplyDelete
  18. ထပ်တူထပ်မျှပျော်ရွှင်မိပါတယ်။။။။။။။။။။။။

    ReplyDelete
  19. မထင်မှတ်တဲ့တိုက်ဆိုင်မှူ့အတွက် ရောယောင်ပြီး ထပ်တူထပ်မျှ ပျော်ရွှင်မိပါတယ်.... နှစ်ပေါင်းများစွာက ကိုယ်တောင်မသိမ်းမိခဲ့တဲ့ ကိုယ့်ပုံရိပ်ဟာ ကိုယ့်ကိုပေးတဲ့လက်ဆောင်ထဲမှာပါလာတာဆိုတာ တကယ့်ကို အမှတ်တရတစ်ခုပါ.... ငါ့အမပျော်ရွှင်ပါစေ

    ခင်မင်စွာဖြင့်
    ကိုကိုးအိမ်(မန္တလေး)

    ReplyDelete
  20. နှင်းဆီရောင်၊ ကိုကိုး

    လာရောက်ပေးခဲ့တာကော...ခြေရာလေးတွေထင်ခဲ့တာကော ကျေးဇူးတင်ပါတယ် :)) ။

    ReplyDelete