ပန်းရိပ်နွယ်တွင် အလုပ်ဝင်ဖြစ်တော့ ဖြူ သည်အတတ်နိုင်ဆုံး
ယဉ်ယဉ်ကျေးကျေးကပြလေသည်။ အနု ပညာကို အဆန်းတကြယ်မကပြရလျှင်နေပါစေ။
မဖွယ်မရာတော့ မကနိုင်ပါ။ သင်္ကြန်သီချင်းဖြစ်စေဦး. .ကကြိုး ကကွက် တွေကိုတော့
မခိုမကပ်သေချာ က ချင်သည်။ ဖြူ ခတ်ချင်လှသော ဗလာထမီလေးက တော့ တစ်ပတ်တွင်
နှစ် ရက်သာအခွင့်ရသည်။ “သောကြာ၊ စနေ မြန်မာ့ယဉ်ကျေးမှု ဖျော်ဖြေတင်ဆက် ပွဲ” တဲ့။
ဆိုင်ရှေ့မျက်နှာမှာ ပြူးပြူး ပြဲပြဲရေးထားသေးသည်။ သို့ငြား ဖြူ
တို့စီစဉ်ခဲ့ရသော သီချင်းတို့၏ အဓိပ္ပာယ်၊ အနှစ်သာရကိုပင် ဦး အောင်ဘ ညို
ခမျာ နားလည်ဟန်မတူပါ။ ဆရာကိုယ်တိုင် ရေးစပ်သီကုံး ခဲ့သော “မြနှင်းဖြူ”
ဟူသည့် နာမည်ပါဝင်သည့် သီချင်းကိုတော့ သဘောတွေ့ဟန်တူသည်။
“ကောင်းတယ်….မြူးတယ်..မြနှင်ြး
ဘာပဲဖြစ်ဖြစ် ဒီစကားတစ်ခွန်းလောက်နှင့် ဖြူ တို့ပန်းသမျှ
ဖြေရပါသည်။ ဖြူ ကနေတာသည် မီးရောင်တော့ မီးရောင်အောက်ပင်။ သို့ပေမယ့်
ညမို့ထိန်လင်းအောင် မီးရောင်ထွန်းထားရသည် မဟုတ်။ နေ့လည်ဘက် …. . အတန်ငယ်
အရိပ်ကျသော ဆိုင်အတွင်းပေမို့ အလင်းရောင်ခပ်ဖျော့ဖျော့သာ ပေးထားသော
မီးရောင် အောက် စင်မြင့်ထက်ဆီမှသာ ဖြစ်သည်။ လက်ခုက်သြဘာသံတွေ ဟိန်းထအောင်
မမျှော်လင့်သော်လည်း ဇွန်းသံ၊ ပန်းကန်သံ၊ စားပွဲဝိုင်းများမှ
လည်ပြန်ခေါင်းများကိုတော့ များစေချင်သားပင်။ က ချင်လှသည် ဆိုသည့်တိုင်
တစ်ကိုယ်တည်း စင်မြင့်ထက်တွင်ထက် ပရိသတ် သြဘာသံကိုတော့ ရရှိလှပါသည်။
ဧည့်ကျဲပါးသည့် နေ့လည်ပိုင်းတွင်သာ ကပြရသည်ဆိုပေမယ့် အဆန်အသင့် ပန်းကုံးများကိုတော့ ရရှိသား ပင်။ အသစ်အဆန်း အစီအစဉ်မို့လား၊ တရုတ်ရိုးရာ အက ကသူများလို အဖွဲ့လိုက်ဖြစ်မနေ၍လား၊ မင်းသမီးလေးလို နွဲ့နွဲ့နှောင်းနှောင်း ကပြရသည့်ရက်များတွင် ဖြူ့လည်တိုင်မှာ ပန်းကုံးတွေ တစ်ကုံးမက တော့ ရှိတတ်ပါသည်။ ဖြူ သည် လခနှင့် ဖျော်ဖြေရသူဖြစ်သည့်တိုင် ပန်းကုံးတွေရရှိသည့်အခါ၊ Customer မှ နှစ်သက်ရွေးချယ်ရာ သီချင်းနှင့် ကပြဖို့တောင်းဆိုသည့်အခါ၊ အပိုဆုကြေး ဆုချကြသည့်အခါ ထိုရက်များ အတွက်တော့ အပိုဝင်ငွေ တွေ ဖြူ ရတတ်ပါသည်။ ခြုံငုံပြောရလျှင် ဖြူ အဆင်ပြေပါသည်။
ဖြူ အလုပ်အားရက်၊ မိုးခိုင်တို့ အလုပ်ပါးသည့်ရက်၊
ဆရာအားသည့်ရက်များတွင် ကိုမော်ကြီးတို့အိမ်၌ ဖြူ တို့ တွေ အကတိုက်ကြ၊
သီချင်းတိုက်ကြပါသည်။ မိုးခိုင်တို့လို အဆိုသမားတွေက အဆိုလေ့ကျင့်၊ အတီး
သမား တွေက အတီးလေ့ကျင့်၊ တချို့က သံစဉ်တွေရှာ သီချင်းရေး စသဖြင့်
ကိုမော်ကြီး တစ်ခြံလုံး ပွစာထ အောင် ရှုပ် ခတ်နေကြချိန်တွင် ဖြူ ကလည်း
ဆရာရေးထားသော သီချင်းများကို လေ့လာ၊ အကတွေ လေ့ ကျင့်…..ခါတရံ
တီးဝိုင်းသမားတွေနှင့် အလုပ်ရှုပ်နေတတ်သည့် ဆရာ့အနားလည်း
သွားစပ်စု လိုက်သေး သည်။
ဆရာသည် သူတာဝန်ယူရာ ဂီတသင်တန်းကြောင်း၊ သူ
ကီးဘုတ်တာဝန်ယူရသည့် ကိုမော်ကြီးတို့ Blue Star စသဖြင့်
အလုပ်တွေစုပုံသည့်ကြားမှ ဖြူ့အတွက် အက လေ့ကျင့်ပေးဖို့ကိုတော့
မပျက်ကွက်လှပါ။ ဆရာ ရေး ပေးသော သီချင်းလေးတွေ ခုနှစ်ပုဒ်တိတိ ရှိပြီ။
စာသားတိုင်းကို တစ်လုံးမကျန် ဖြူ အလွတ်ရသည်။ တစ်ခါ တရံ
ခပ်တိုးတိုးဆိုနေမိတတ်သေးသည်။ အခုတော့ ဆရာလေ့ကျင့်ပေးမှုဖြင့် သီချင်းတွေကို
သံစဉ်အနိမ့် အမြင့်၊ ကီး အလှည့်အပြောင်းအလိုက် ဖြူ ဆိုတတ်နေပါပြီ။
ဖြူ့အသံသည် ပရော်ဖက်ရှင်နယ် မဟုတ်လှ သည့် တိုင် မြန်မာ သံစဉ်များတွင်တော့
ပီသရှင်းလင်းပါသည်။ ဖြူ ကဖို့အတွက် သီချင်းများကိုတော့ ဖြူ
ကိုယ်တိုင်သီဆိုနိုင်ပါပြီ။
ဆရာ ပြောခဲ့သည် မဟုတ်လား။ သူများဆိုထားတဲ့
သီချင်းနောက်ခံနဲ့ အရုပ်လို ကပြသူထက်၊ ကိုယ်တိုင် သီဆို၊ ကိုယ်တိုင် က၊
ကိုယ်တိုင်ပြောနိုင်သူကမှ သဘာပြည့်တာတဲ့။ မင်းသမီးလေး အရည်အသွေး တွေ
ပြည့်ပြည့်ဝဝ ရှိနေဖို့ ဖြု့မှာ အဆိုလေ့ကျင့်ခဲ့ရတာ ကာလမနည်းကြာခဲ့ပါသည်.
တည့်မတ်ပြုပြင် ပေးသည့် ဆရာရှိနေ၍သာ အားမလျော့ခဲ့တာဖြစ်သည်။ နို့မို့
အသံဘက်တွင် ပါရမီပါမလာခဲ့ လေ သော ဖြူ့အတွက် အတော့်ကို ခက်ခဲခဲ့မှာ ပင်။
“သွားပါများ ခရီးရောက်ဆိုသလို ကြိမ်ဖန်များတော့လည်း ဇွဲလုံ့လအကျိုးကို
ရရှိခဲ့ပါသည်။ ယခုတော့ ဖြူ ဆို နိုင်ခဲ့ပါပြီ။
* * * * *
(၁၄)
စာအိတ်ဖြူဖြူလေးထဲမှ ငွေစက္ကူတွေကို ဖြူ
ရေတွက်ကြည့်နေမိသည်။ အိတ်ကလေးက အတော်ထူထူ ထဲထဲ ရှိလာပြီပဲ။ ဖြူ
ဒုတိယနှစ်ကျောင်းအပ်ဖို့၊ ငွေသွင်းဖို့ ဘာဘာညာညာတွေ နှုတ်လိုက်လျှင်တောင်
အတော် အသင့်ခပ်များများတော့ ကျန်နေဦးမှာပဲ။ ဒီငွေတွေက ဖြူ သန့်ရှင်းစွာ
ရှာဖွေစုဆောင်းခဲ့ရသည့် ငွေတွေဖြစ် သည်။ ဖြူ့ မြတ်နိုးလှသော အနုပညာကို
အရင်းပြု၍ ဖြူဖြူစင်စင် ရရှိထားခဲ့တာ ဖြစ်သည်။ ဖေဖေ နှင့် မေမေ့ကို သတိရသည်။ ဖြူ့အိမ်ကို ငွေပို့ပေးချင်လှသည်။ အိမ်မှာ အဆင်ပြေရဲ့လား။
မောင်ငယ်လေး ကော မုန့်ဖိုးလုံလုံ လောက်လောက်ရှိရဲ့လား။ မေမေ့
မှတ်ပုံတင်နံပါတ်ကို ဖြူ သိသည်။ ဖြူ တို့မြို့ငယ်လေး ရှိ ဘဏ်ခွဲတစ်ခုဆီသို့
ပေးပို့ပေးလျှင် လွယ်ကူပါလိမ့်ပါမည်။ သို့ပေမယ့်………..။
အတွေးတွေက တလွင့်တလျား ဖြစ်နေသည်။ ဖြူ ဘာကိုမှ
မဆုံးဖြတ်နိုင်သေး။ အိမ်မှ အချိန်မတန်ခင် ထွက် ခွာ လာခဲ့မိသော
အပြစ်တစ်ခုအတွက် လုံလောက်သော ဖြေရှင်းချက် ပေးနိုင်ဖို့၊ ပြသနိုင်ဖို့
အောင်ပွဲဆိုတာ ကို ပိုင် ဆိုင်လေပြီလား။ အကယ်၍ ထိုပိုင်ဆိုင်မှုတွေကို
စောင့်စားရင်း၊ မျှော်လင့်ရင်း ဒီကာလတွေ ကိုကော ဖေဖေနဲ့ မေမေက
စောင့်ကြိုနေနိုင်ပါဦးမလား။ ဖြူ့နားထင်သည် တဖျစ်ဖျစ်မြည်အောင်
ထိုးကိုက်လျှက် ရှိသည်။ ဖြူ့ကစား ပွဲသည် မပြီးသေးပါ။ Free Time
လည်းမယူလိုသေးပါ။ ဒါပေမယ့် အိမ်ကိုတော့ ဖြူ ငွေပို့ ချင်သည်။
ဖြူ တစ်ညလုံးစဉ်းစားခဲ့ရသည်တို့သည် မိုးခိုင်စကားအဆုံး၌ အလုံးစုံလွယ်ကူချော့မွေ့သွားသည် ။ “ငါ အိမ် ခဏ ပြန်ဦးမယ် ဖြူ ”
တဲ့။ မိုးခိုင်ကို ငေးကြည့်လျှက် အံ့အားတသင့်..ဘာစကားကိုမှ ဖြူ မဆိုနိုင်။
တစ်ခါတရံ တွင် တော့ ဒီသူငယ်ချင်းလေးနှင့် ဖြူ က
စိတ်ခြင်းဆက်နွယ်နီးစပ်လှသည်။ ဖြူ အိမ်ကို သတိရနေသလို၊ ကန်တော့ ချင်နေသလို
မိုးခိုင်သည်လည်း အိမ်သို့သတိရလွန်းဆွတ်နေပြီထင် သည်. သူလည်း
ကန်တော့ ချင်နေမှာပဲ။ သူ့မှာ Show ပွဲတွေ မကြာခဏလိုက်ရသဖြင့်
စုစုဆောင်းဆောင်းရှိထားတာ ဖြူ သိသည်။ ဖြူ တို့တွေ အိမ်နဲ့ ဝေးခဲ့တာ
နှစ်နှစ်နီးပါးရှိခဲ့ပြီပဲ။
“နင်တော့ မလိုက်ခဲ့နဲ့”
“အောင်မာ…နင်က လိုက်ပါလို့ ခေါ်ရင်တောင် ငါက မလိုက်မှာ။ နင်နဲ့ အတူတူ မြို့ကို ပြန်ရအောင် ငါက အ ပါ့မလား”
“အေးပါဟ…မိဖြူတောင် အတော်စွာလာပြီပဲ။ အဟဲ လှလည်း လှလာသား..အရင် ကြောင်ချေးရုပ်ကနေ”
“ကောင်စုတ်”
မိုးခိုင်ကို ထောပနာပြုရင်း မိုးခိုင်နှင့်သာ
ပိုက်ဆံထည့်ပေးလိုက်ဖို့ တထိုင်တည်း ဆုံးးဖြတ်ချက်ချလိုက် သည်။ ပြီးတော့
နောက် အဆင်ပြေရင် ပြေသလို ဘဏ်ကနေငွေလွှဲပေးဖို့ အဲဒါလည်းမှာရမည်ထင်သည်။
မဖြစ်သေး… ဖြူ ကိုယ်တိုင် ပြည့်ပြည့်စုံစုံစာရေးပေးလိုက် သည်က
ပိုအဆင်ပြေပါလိမ့်မည်။ ကျန်တာ က တော့ မိုးခိုင်ကြည့် ကျက်ဖြေရှင်းပါလိမ့်မည်။
ထိုသို့သာ အနည်းငယ် ရှောင်ပြေးဖို့ ဖြူ စဉ်းစားမိသည်။ မိုးခိုင် လိုတော့
သွားအဖြဲသား လေးနှင့် ရင်မဆိုင်ချင်သေးပါ။ ယောကျာ်းလေးနှင့်
မိန်းကလေးကွာဟချက်က ဒီလိုနေရာတွေမှာပဲ။ တစ်ခါတရံ တွင်တော့
မိန်းမသားအဖြစ်ကို ဖြူ မုန်းမိသားပင်။
အိမ်ပြန်ရန် ခြေလှမ်းရွံ့မိသော ဖြူ သည် မိုးခိုင်နှင့်
လူကြုံပါးလိုက်သော မေမေ့ စာနှင့် ပစ္စည်းများကြောင့် ချုံးပွဲချ
ငိုကြွေးမိပါသည်။ မေမေ့ စာက အထူကြီး။ စာဆိုတာထက် စာအုပ်လို့ဆိုရမလား။ ဖြူ
ထွက်ခွာသော နေ့မှ စ၍ ရေးထားသော စာမျက်နှာများ၊ ပုလဲငွေရောင်
ဝင်ရာမြို့နယ်အချို့သို့ ဖေဖေ သွားရောက် စုံစမ်း စဉ်က စာမျက်နှာ များ၊
မိုးခိုင်နှင့် အထင်မှားစဉ်ကာလက မေမေ့မျက်ရည်စက်များ စွန်းထင်းနေသည့်
စာမျက်နှာများ၊ ရန်ကုန် ရောက်မှ ဖြူ ပေးပို့လိုက်သော စာကိုဖတ်ရသည့် ညက
ဖေဖေမျက်ရည်ကျကြောင်း စိတ်မကောင်းလွန်းစွာ မေမေ ရေးသားထားသည့်
စာမျက်နှာများ၊ မောင်ငယ်လေး ခုနှစ်တန်းရောက် လာပြီ…သူ့မမလေး ကို တမ်းတ
နေကြောင်း၊ နောက် ဖေဖေ ကျန်းမာရေးမကောင်းဖြစ်ကာ အလုပ်မှ
ဆေးပင်စင် ယူလိုက်ရသည့်အကြောင်း၊ လေဖြတ်တာတဲ့…… ..အခုတော့
နှုတ်ခမ်းယောင်ယောင်လေး ရွဲ့နေတာ ကလွဲလို့ တော်တော်ကောင်းလာပြီလို့
ပြောရမယ်တဲ့။ မမကြီးရဲ့ ကျောင်းဆရာမလခနဲ့ မေမေ စက်ချုပ်လို့ရတာတွေနဲ့ ဖြူ့
အိမ်က ရပ်တည်နေသတဲ့။
ဖြူ တသိမ့်သိမ့်သာ ရှိုက်ငိုမိတော့သည်။ မိုးခိုင်
ဖုန်းဆက်ထား၍ အကြောင်းစုံကို သိထားပြီးသည်မှာ ကြာပြီ ဖြစ် ကြောင်း၊
ဖြူ့သတင်းကို မိုးခိုင်ထံမှ အမြဲကြားသိနေရကြောင်း ဖတ်ရတော့
အံ့အားသင့်မိသေးသည်။ မိုးခိုင် သူ့ အိမ်ကိုကော၊ ဖြူ့အိမ်ကိုပါ
ဆက်သွယ်နေခဲ့တာ ဖြူမသိခဲ့ပါ။ ဖြူ့ကိုမပြောကောင်းလားဟု သူ့ကို လည်း ရန်တွေ့
မနေချင်တော့ပါ။ သူ ဒီလို အကြောင်းကြားထားလို့သာ မေမေတို့စိတ်အေးရတာပေါ့။
သူက လည်း အိမ်ခဏ ပြန် ရန် ပေါ့ပေါ့ပါးပါးဆုံးဖြတ်နိုင်သည် မှာ
ဒီလိုအကြောင်းတရားတွေ ရှိ၍သာဖြစ်သည်ဟု ဖြူအခုမှ ပင်သိတော့သည်။
မေမေ ကြော်လှော်ချက်ပြုတ်ပေးလိုက်သော ငံပြာရည်ကြော်၊
ချဉ်ပေါင်ကြော်၊ ကြက်သားကြော် ပုလင်းလေး များ ကို ထိတွေ့ကိုင်တွယ်ရင်း ဖြူ
မျက်ရည်အ၀ဲသား။ မေမေ့ မေတ္တာတွေထုပ်ပိုးပေးလိုက်သလိုပဲ ။ ဖြူ စား တောင်
မစားရက်ပါ။ ဖြူ ၀တ်ဖို့ မေမေကိုယ်တိုင်ချုပ်ပေးလိုက်သော အင်္ကျီလေးတွေက
နှစ်စုံ။ ၀တ်ကြည့် လိုက်တော့ အပိုအလိုမရှိ ကွက်တိ။ ဖြူ့ ကိုယ်တိုင်းကို
မေမေဘယ်လိုမှန်းဆနိုင်ပါလိမ့်။ အိပ်ရာ ခင်း နှင့် ခေါင်းအုံး စွပ်ကလေးတွေပင်
ပါသေးသည်။ ထိုညက အိပ်ရာခင်းနှင့်ခေါင်းအုံးစွပ်ေ တွကို ချက်ချင်း နှယ် လဲလှယ်ကာ ဖြူ့အ ခန်းဖော်တွေကို `အိမ်က ပို့လိုက်တာလေ´ ဟု ကြွားဝါရင်း၊
အဆောင်ပိုင်ရှင် အန်တီကြီးကို ကြက်သားကြော်နှင့်
ချဉ်ပေါင်ကြော်ခွဲဝေပေးရင်း မေမေချက်ပို့လိုက်တာ ဟုလည်း ပြောဖြစ် အောင်
ပြောလိုက်သေးသည်။ ဒီလို ကြွား ၀ါရတာ အားရှိလှသည်။ ဖြူ တစ်ကောင်ကြွက်မဟုတ်။
ဖြူ့ မှာ မိသားစုရှိသည်။ ဖြူ အိမ်ပြေးလေးမဟုတ်။ ရိုး သားစွာရုန်းကန်နေသည့်
ကျောင်းသူမလေးသာ ဖြစ်သည်။ ဖြူ သည် အိမ်နှင့်လည်း အဆက်အသွယ်ရှိသည်။
မိဘပေးသော အားအင်သည် တန်ဖိုးရှိလှချည့်။ ဖြူ့ အဖို့ ဂုဏ်ရှိလှသည်။
ဖြူ သည် ယခင်က အံကြိတ်သော မာန်တင်းမှုတွေနှင့်
ဘ၀ကိုရင်ဆိုင်သည်။ ယခုတော့ ပန်းတိုင်ရောက် အောင်ကြိုးစား မည် ဟူသော
တက်ကြွမှုတွေနှင့် အားငယ်စိတ်တွေလည်း မရှိတော့။ အလုပ်အတွက်၊ ကျောင်း အတွက်
လိုအပ်သော ကုန်ကျမှုမှတစ်ပါး အပိုသုံးခြင်းမပြုခဲ့။ အလုပ်ကို
ကြိုးစားလုပ်သည်။ အားလပ်ချိန်တိုင်း အဆိုလေ့ကျင်၊ အကကျင့်သည်။
ကကွက်အသစ်အဆန်းလေးတွေကို ဥာဏ်မှီသလောက် စဉ်းစားကြည့်သည်။ တီထွင်သည်။
`ပန်းရိပ်နွယ်´ သည် ဖြူ့အတွက် အကောင်းဆုံး လေ့ကျင့်ရာ နေရာ တစ်နေရာဖြစ်သည်။
လစဉ် အိမ်သို့ ငွေပို့ရသော အချိန်တိုင်း
ဖြူ့စိတ်နှလုံးချမ်းမြေ့ရမြဲ။ မေမေနှင့်က ၁၅ ရက်တစ်ခါလောက် ဖုန်း
ပြောဖြစ်သည်။ တစ်ခါတရံ မောင်ငယ်လေး လိုက်လာခဲ့လျှင် စကားပြောရသေးသည်။
မောင်ငယ်လေး အသံက ကလေးသံမဟုတ်တော့။ လူကြီးသံကြီးလို သြလာသည်။ အရပ်လည်း
ရှည်လာသည် တဲ့။ ဖေဖေ ကတော့ ယခု ထက်ထိ ဖြူ့ကို စကားမပြောချင်သေးသည်လား၊
ဖုန်းရှိဂာ ဘေးအိမ်သို့ လမ်းလျှောက်လာဖို့ အခက်အခဲဖြစ် လေသည်လား၊
လားပေါင်းမရေမရာနှင့် ဖေဖေ့အသံကို ဖြူ ကြားခွင့်မရသေးပါ။ မမကြီးက တော့ ကျောင်းကုန်း ကနေ တော်တော်ဝေးဝေးသွားရသော ရွာလေးတစ်ရွာမှာ တာဝန်ကျသည်တဲ့။
မမကြီးလို ရိုးသားအေးချမ်းသော ဘ၀ကို ဖေဖေ ပိုနှစ်သက်မည်ထင်သည်။ ဖြူ ကတော့
နောက်ဆုတ်၍ မရသော ကစားပွဲတစ်ခုအတွင်းသို့ ခြေ ကျွံမိပြီ။ အနုပညာသွေးတွေက
အင်အားကြီးကြီး ဖြူ့ကို လွှမ်းခြုံ ထားသည်။ ခွင့်လွှတ် ပါ ဖေဖေ…..ရင်ထဲမှ
အသံတိတ်သာ ဖြူ တောင်းပန်မိပါသည်။ဖြူ နောက်ဆုံးနှစ် စာမေးပွဲကို ဖြေဆိုပြီးသောနှစ်တွင် `ပန်းရိပ်နွယ်´ က တစ်မျိုးတဖုံပြောင်းလဲစ ပြုလာသည်။ အရင်းစစ် သည် ကတော့ ဦးအောင်ဘညိုပါပဲ။ ခေတ်စားစပြုလာသော Dancer Group နှစ်ဖွဲ့ကို `ပန်းရိပ်နွယ်´
သို့ ခေါ်သွင်း လာသည်။ နေ့နှစ်ချိန်၊ ညနှစ်ချိန် ယူကြသည်တွင် ဖြူ့အချိန်မှာ
နှစ်ချိန်စာသာ ရှိတော့သည်။ နာရီ ပိုင်း အချိန်မျှနှင့် လစာပေးရမည်ကို
သူတွေးတောလာပြီထင်ပါသည်။ ဖြူ့ကို Dancer Group နှစ်ဖွဲ့လုံးမှာ ၀င်က ဖို့
ပြောလာသည်။
`မြနှင်းဖြူ က အက ကျွမ်းတာပဲ။ တင်လိုက်ရင် ခီဏလေးနေမှာ´
ဖြူ သူ့စကားကို အံ့သြမနေတော့ပါ။ အနုပညာဆိုတာထက်
သူ့ခေါင်းထဲမှာ စီးပွားရေးဆန်သည့် တွက်ချက် မှု တွေပဲ ပြည့်နှက်နေမှာ ဖြူ
သိသည်။ ဖြူ က ချင်တာမှန်သည်။ သို့ပေမယ့် မြန်မာ့ယဉ်ကျေးမှု အနုပညာ ကိုသာ
မြတ်နိုးစွာ က ချင်တာဖြစ်သည်။ Dancer Group ထဲဝင်ကဖို့ရာ အိမ်မက်ထဲ၌ပင်
စိတ်ကူးမရှိပါ။ သူတို့လည်း သူတို့ဝါဿနာပါရာ၊ သူတို့ယုံကြည်ရာနှင့်
ဖြစ်သလို…..ဖြူ သည်လည်း ကိုယ့်ပန်းတိုင်နှင့် ကိုယ်ပင်။ ဒီလို
ခြေလှမ်းမျိုးကိုတော့ ဖြူ ဆုတ်မပေးချင်လှပါ။ ဦးအောင်ဘညို ထပ်ပြောလိုက်သော
စကား က ဖြူ့တက်ကြွမှု အားမာန်တွေကို ယိုင်နဲ့သွားသည့်နှယ်။ ရုတ်တရက်
မိုက်ကနဲတောင် ဖြစ်သွားပါသည်။
`မြန်မာအက ကတာလည်း နှစ်နှစ်ကျော်လာပြီဆိုတော့ ဖောက်တည်တွေ ရိုးအီလာပြီလေ။ တရုတ်အဖွဲ့တွေ ကိုတောင် အနားပေးလိုက်ပြီ။ မြနှင်းဖြူကတော့ တော်လည်းတော်တော့ Dancer ထဲ ထည့်ပေးမလားလို့´
ဖြူ့ အနုပညာက ဒါပဲလား။ ဖြူ အားကြိုးမာန်တက် ကပြခဲ့တာ၊
သီချင်းသစ်တွေနှင့် ကကွက်ဆန်းတွေ တီထွင် ခဲ့ရတာ ……ရလာဒ်က
ရိုးအီသွားခြင်းတဲ့လား။ နေပါဦး…ပန်းကုံးတွေ ဆုချကြတာတွေက အနုပညာ ကြောင့်
မဟုတ်ဘူးလား။ သူတို့…..သူတို့ဟာ မြနှင်းဖြူ ဟူသည့်ဆယ်ကျော်သက် ကောင်မလေး ကို
ချီးမြှင့်ကြတာပဲ။ ဖြူ့ စိတ်နှလုံးတွေ ညှိုးလျသွားသည်။ ၀မ်းနည်းသလိုလည်း
ဖြစ်သွားသည်။
ဦးအောင်ဘညို အချိန်ပေးထားသော တစ်လသည် ဖြူ့အတွက်
အကုန်မမြန်ပါ။ နှေးနေသည်လည်း မဟုတ်။ ခက်ခဲ ပင်ပန်းစွာ ဖြတ်ကျော်နေရသည်တော့
အမှန်ပင်ဖြစ်သည်။ ဒီတစ်လအတွင်း ညဦးပိုင်း အချိန်ပါ ဖြူ့အ တွက်
ထပ်တိုးလိုက်ရာ ပိုစိတ်ပင်ပန်းပါသည်။ သူဖြစ်စေချင်သလို Dancer Group ထဲ
မ၀င်ဝင်အောင်များ ပညာပြနေသလား။ ဖြူ ဘာကိုမှ မတွေးချင်တော့……မပျော်တော့ပါ။
တစ်လအဆုံးတွင်တော့ `ပန်းရိပ်နွယ်´ နှင့် ဖြူ ဇာတ်ခေါင်းကွဲရမည်သာ။
စီးပွားရေးသမားဆိုတာ အလိုမရှိတော့လျှင် အလွယ်တကူ ကန်ထုတ်နိုင် သည်ပဲ။
ယခုတော့ ဖြူ ကောင်းကောင်းနားလည်ခဲ့ပြီ။ ဒါပေမယ့် ဖြူ့စိတ်နှလုံး
ချုံးကျနေခြင်းမှာ သည့် အတွက် ကြောင့် တော့ မဟုတ်။ ဖြူ ကြိုးစားခဲ့ရသမျှ
ရိုးအီသည်ဟု သတ်မှတ်ခံရသည်ကြောင့် သာ ဖြစ် သည်။
မေမေ့စာ ရောက်သော ညကမူ ကောင်းကင်ကို မော့ကြည့်ရင်း
တစ်ချိန်တုန်းက မေမေ့ ပေါင်ပေါ် ခေါင်းအုံး အိပ် ခဲ့ရသော ငယ်ဘ၀လေးကို
ပြန်မြင်ယောင်မိသည်။ ကြယ်လေးတွေကို ငေးရင်း `ကနေတဲ့ကြယ်လေး´ ဆိုပြီး
လက်သေးသေးလေးတွေ ချိုးကာ ကပြခဲ့သေးသည်ပဲ။ မေမေ့ စာကို ဖတ်ရင်း
ဖြူ့အလွမ်းတွေ တလျလျ၊ စိတ် တွေ ကလည်း ကစဥ့်ကလျားပင်။
ဘ၀ဆိုတာ ဘာပါလိမ့်။ ဘ၀အဓိပ္ပာယ်၊ အနာဂတ် …ဒါတွေဟာ
ရွက်ဆုတ်ပြက္ခဒိန် လိုစုတ်ပြဲသွားလေပြီ လား။ ဖြူ မော သည်။
ဆူးညောင့်ကန်သင်းပေါတဲ့လမ်းကို ဖြူ ကိုယ်တိုင်ရွေးခဲ့သည်ပဲ။ ဖြူ
ကြိုးစားပြုံးသည်။ သို့သော် မပီပြင်လှ။ အိမ်မက်တွေလည်း ဟိုတစ်စ၊ သည်တစ်စ။
အိမ်ကို လွမ်းသည်။ ဖြူ့မိသားစုကို သတိရ လွန်းလှသည်။ အိမ်မက်ထဲမှာတော့
မိသားစုနှင့် ပြုံးပျော်လို့ပျော်စရာ။ ဆရာ့ကိုတောင် ထည့်မက်သေး သည်။ ဆရာ
ခရီးထွက် နေသည်။ အားလပ်ပုံမရသည့် ဆရာ့ကိုလည်းပြောမပြချင်။ မိုးခိုင်နှင့်
မကြာခဏ တွေ့ဖြစ်နေသဖြင့် သူ့ကိုတော့ ပြောပြဖြစ်သည်။
`အလုပ်ထပ်ရှာရတာပေါ့ သယ်ရင်းရယ်´ ဟု ခပ်ပြုံးပြုံး ဖြူ ဆိုတော့ မိုးခိုင်က ‘Right’ တဲ့။
တစ်လနီးပါးစိတ်ဓာတ်ကျ၊ တွေဝေနေခဲ့ခြင်းတို့ကို အဝေးသို့
လွှင်ပစ်လိုက်သည်။ ဦးအောင်ဘညိုကိုလည်း စိတ်ကွက်မနေတော့။ ဒီအလုပ်ကြောင့်သာ
ကျောင်းပြီးအောင် ဖြူ ရပ်တည်နိုင်ခဲ့တာပဲ။ အိမ်ကိုတောင်
ကန်တော့ခဲ့နိုင်သေးသည်။ အခု အကြောင်းမဆုံတော့လည်း သူ့အလုပ်သူလုပ်၊ ကိုယ်
လည်းနေရာသစ်ရှာ.. ဒါပဲရှိပါသည်။ ဖြူ့ ကစားပွဲကတော့ အရှိန်ရလာပြီထင်သည်။
* * * * *
(၁၅)
ဒီ တစ်ကြိမ်အလုပ်ရှာရာတွင်တော့
ယခင်ကထက်ပိုလွယ်ကူလာပါသည်။ သတင်းစာ၊ ဂျာနယ်များမှ ‘Job Vacancies’
များကိုစုသည်။ ပြီးတော့ ဖြူ့ ဘွဲ့ နှင့်သင့်တော်သော အလုပ်များကို
ပြန်ခွဲထုတ်သည်။ နောက် သွားရေး၊ လာရေး အဆင်ပြေသလား၊ Lunch ကျွေးမကျွေး
စုံစမ်းပြီးမှ CV တွေဆယ်စုံလောက်နှင့် ထိုနေ ရာ များသို့
အကုန်တင်ပစ်လိုက်သည်။ အင်တာဗျူးခေါ်စာရောက်လာသည်က လေးနေရာ။ ထိုအင်တာ ဗျူးတွေ
လည်း တ၀ကြီးသွားဖြေလိုက်ပါသည်။ သို့သော် တစ်ခုမှမရ။
ရယ်တော့ရယ်စရာကောင်းသည်။
ဖြူ အားမလျော့ပါ။ သွားရင်း၊ လာရင်း စုံစမ်း၊ နီးစပ်ရာ
လက်လှမ်းမီသလောက် အပတ်တကုတ် ရှာဖွေရင်း နောက်ဆုံးတော့
အခွေထုတ်လုပ်ဖြန့်ချီသော နေရာမှာအလုပ်ရပါသည်။ ဖြူ က အင်္ဂလိပ်စာတမ်း များ ကို
မြန်မာ ဘာသာပြန်ပေးရတာ ဖြစ်သည်။ အလုပ်ချိန်ကတော့ ရုံးချိန်အတိုင်း။
ဖွဲ့စည်းပုံကလည်း ရုံးနှင့် တော့ ခပ်ဆင်ဆင် တူပါသည်။ အလုပ်အတွက်
အထောက်အကူပြုစေသည့် သင်တန်းတစ်ခုတော့ ညနေ ပိုင်း ထပ်တက်ရသည်။ ဒါကတော့အလုပ်မှ
စီစဉ်ပေးမှုဖြစ်ရာ သင်တန်းစရိတ် ဖြူ့ အတွက် ကုန်ကျမှုမရှိပါ။
ယခုတော့ ဖြူသည် Transulator တစ်ယောက်သာ ဖြစ်သည်။
မင်းသမီးလေး မဟုတ်တော့။
အင်း…မဟုတ် သေးဘူး။ မင်းသမီးလေး မဖြစ်သေးဟုသာ
ပြောရမည်။ မဖြစ်တော့တာ မဟုတ်ဘူး… မဖြစ်သေး တာ။ ဘာသာ ရပ် ဆိုင်ရာ
စာအုပ်များကို ရင်ဝယ်ပိုက်ရင်း ဖြူ့ ခြေလှမ်းတွေ ခပ်သုတ်သုတ်…။ သင်တန်း
အမှီရောက်ဖို့ရာသာ စိတ်စောနေသဖြင့် ပတ်ဝန်းကျင်ကိုလည်း သတိမပြုမိအား။
ထိုအချုက် တစ်စုံတစ်ယောက်က ဖြူ့ လက်မောင်း ကို ဆွဲလှုပ်လိုက်သောကြောင့်
အလန့်တကြား ကြည့်လိုက်ရာ….....
* * * * *
မှားသွားတယ်။ ခေါင်းစဉ်ကိုအရင်မကြည့်ပဲ ဖတ်လိုက်တာ။ အပိုင်း ၁ ကနေ နောက်နေ့ပြန်လာဖတ်မယ်။ ဇာတ်လမ်းကောင်းကောင်းလေးရေးတတ်တာ အားကျတယ်
ReplyDeleteနှင်းဆီရောင် >>>
ReplyDeleteကျေးဇူးနော်...လာဖတ်ပေးတဲ့အတွက်
ဇာတ်သိမ်းဖို့ ကတော့ နည်းနည်းကြာဦးမယ်ထင်တယ် :D
ညီမလေးလည်း နှင်းဆီရောင် လိုပဲ ...မမ :P
ReplyDelete