မြင်ရန်ခက်လျှက်
တိမ်ယံထွေကြား
ဝိုးတ၀ါးကို
မပီ၏သို့ ဖော်မိ၏
ကြားရန်ခက်လျှက်
တိမ်စိုင်မျှင်ကြား
မထင်ရှားကို
ခေါ်သံလေလား
ထင်မိ၏
ကွာဝေးမှန်းသိ
ကွာဝေးခြင်းကို
နီးသယောင်ပြု
ခွဲခွာပြီလား
ကြေကွဲ၏
မသိမှန်းသိ
လက်ပြဘိ၏
မကြားမှန်းသိ
တီးတိုးဆိုမိ
မမျှော်မှန်းသိ
ကြိုလင့်၏
ထိုရွေ့မည်မျှ
သက်မချ၏
ကြာလွန်းပေစွ
ရက်အထွေည။ ။
ရွှေအိမ်စည်
22.2.2013
မြန်မာစံတော်ချိန် (ညနေ -၅း၃၈)
ဝါကျတိုလေးတွေပေမယ့် သိပ်ကိုထိရောက်တယ် ... အားကျမိပါတယ် မမရေ ... မိုးညလည်း ရေးတတ်ချင်လိုက်တာ ...
ReplyDeleteကျေးဇူးပါ ညီမလေးမိုးည :))
ReplyDeleteမမျှော်ချင်တော့ဘူး.....~~~~
ReplyDeleteပင့်သက်ရှည်
ReplyDeleteပြေပါ စေတော့။
ကြယ်ဦးသော့၊ တစ်ခါကြွေရင်
ပန်လိုက်ချင်ထိုဆု ကိုဖြင့်
သူ့ရင်ခွင် အစဉ်ငြိမ်း
ဘေးသိမ်းအောင်လို့း))။
ကဗျာကိုဖတ်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ကောက်ရေးလိုက်တာ စိတ်မဆိုးနဲ့နော် ။
မိုက်တယ်...ကဗျာဆရာပီသပါပေတယ်ရှင် :))
Delete