ပျော်ပျော်ရွှင်ရွှင် ခရီးနှင်လို့
ပျော်ပျော်ရွှင်ရွှင် လက်တွဲခဲ့တယ်
မုန်တိုင်းတွေရှိသလို
ရောင်နီလဲဖြာရဲ့
အယူဝါဒတွေ မတူပေမယ့်
ကြင်နာမှုတွေ ထပ်တူကျခဲ့တယ်
အဖေ့မျက်ဝန်းထဲ သစ်ပင်ရိပ်
အမေ့အပြုံးမှာ နေရောင် လရောင်ဖြာတယ်
တအူအုံဆင်း မောင်နှစ်မတွေရဲ့
တွဲလက်တွေထဲ
မြူးထူးခုန်ပေါက်ခြင်းတွေရှိတယ်
အော်ဟစ်ငြင်းခုန်သံတွေရှိတယ်
သံသရာ
တိုသလား...ရှည်သလား
ရင်ဘတ်တွေက ချိတ်ဆက်ခဲ့ကြတယ်
တစ်ဘဝ
တစ်ခန္ဓာ
မျဉ်းတဖြောင့်စာအချိန်ကာလထဲ
ဝေးခြင်း နီးခြင်း
ထပ်တူကျခြင်း မကျခြင်း
ဘာမဆိုဖြစ်တည်နိုင်ပေမယ့်
ကီလိုတွေ အလျားဆွဲဆန့်
သတိရခြင်းရှိသရွေ့
နီးစပ်ခြင်းဆိုတာ
ရှိ
တယ်...................။ ။
22.5.2013
PM:4:24
အိုးးးးးးးးးးးး မိသားစု ဆိုတဲ့ ခေါင်းစဉ်လေးနဲ့လိုက်ဖက်စွာ
ReplyDeleteအပိုအလိုမရှိ ရေးဖွဲ့ထားတဲ့ စကားလုံးတွေက
အဓိပ္ပါယ်ပြည့်ဝပြီး အနှစ်သာရရှိလိုက်တာ....
အရမ်းကောင်းပါတယ် မ ရေ......
ဒီ ကဗျာလေးဖတ်ပြီး မိသားစု ဆိုတဲ့ အဓိပ္ပါယ်ကို
ပိုပြီးနားလည် ခံစားတတ်လာတယ်....:)
ကောင်းသောညနေခင်းပါရှင်....
ချစ်တဲ့.....မိုးနတ်
ပျော်ရွှင်းခြင်းတွေ မျှဝေရင်း
ReplyDelete၀မ်းနည်းမှူ့တွေ မျှဝေရင်း
အဲဒီသလင်းဝ က
မိသားစုဆိုတာကို လွမ်းတယ် ။
ပုံ/
လမ်းလည်က
တစ်ကောင်ကြွက် ။
မိသားစုဆိုတာထက် ဖြန့်ကျက်တွေးသွားမိပါတယ် သူသူရေ...
ReplyDeleteမိသားစု ဆိုတာ အဲလို လေး ချစ်ဖို့ ကောင်းတယ်နော်...။ ကီလို တွေ အလျားဆွဲဆန့် သတိရခြင်း ရှိသရွေ့ နီးစပ်ခြင်း ဆိုတာ ရှိတယ်နော်..။
ReplyDeleteအယူဝါဒတွေ မတူပေမယ့်
ReplyDeleteကြင်နာမှုတွေ ထပ်တူကျခဲ့တယ်
ဟုတ်ပဗျာ
မေမေ့ကိုလွမ်းတယ်
ReplyDelete