မွန်းတည့်နေဖြစ်တဲ့
လောကဓံမှာ
စိတ် ဟာ
တနံတလျားလွင့်တယ်
ဘယ်သူ့အတွက်
ဘာ့ကြောင့်
ဘာ့အတွက်
ဘယ်ဆီသို့
အမေးပြပုဒ်တွေနဲ့
ချုံးချုံးကျလာတဲ့
ဘ၀ ဟာ
တက်ကြွမှုတိုင်းကို ပိုင်းဖြတ်
သူလိုကိုယ်လို ရုန်းကန်
သူလိုကိုယ်လို ကြုံတွေ့
သူလိုကိုယ်လို ဖြစ်ပျက်
သူလိုကိုယ်လို နာကျင်
သူလိုကိုယ်လို…..
အရှိန်တငြီးငြီးတောက်နေတဲ့
လောကဓံကို
ခပ်ရင့်ရင့် ရင်ဆိုင်တော့
ဒွိဟ မောဟ
မျက်နှာသာမပေးမှုတွေနဲ့
စိတ် က
ဒလိမ့်ခေါက်ကွေး
ကျ တယ်…….
သဘာဝကျတယ်
သ ဘာ ၀ ကျ တယ်
သ ဘာ ၀ ကျ တယ်
သမားရိုးကျ
ဖြစ်ရိုးဖြစ်စဉ်
ကြုံလေ့ကြုံထ
ဖြစ်လေ့ဖြစ်ထ
နွေရာသီတွေများတဲ့
သံသရာဟာ
တငွေ့ငွေ့တောက်လောင်တာ
သဘာဝကျပါတယ်....။ ။
27.03.2014
PM:8:55
နွေရာသီတွေများတဲ့
ReplyDeleteသံသရာဟာ
တငွေ့ငွေ့တောက်လောင်တာ
သဘာဝကျပါတယ်....။ ။
အနှစ်သက်ဆုံး စာပိုဒ်လေး
အလိုလေး.. ကဗျာတွေ သီကုံးလို့ပါလား...
ReplyDeleteကဗျာဖတ်ရင် ချွေးတောင်ပျံတယ်.. ပူအိုက်လာလို့ .. :)
နွေရာသီတွေများတဲ့
ReplyDeleteသံသရာဟာ
တငွေ့ငွေ့တောက်လောင်တာ
သဘာဝကျပါတယ်------------------
ကဗျာကောင်းဖတ်ခဲ့ရတယ်
တရားသဘော အရိပ်အမြွက်လေးတွေ ဖတ်သွားတယ် သူသူရေ...
ReplyDeleteစကားမစပ် တီတင့်ရဲ့ လင့်ခ်အသစ်လေး ပြောင်းချိတ်လိုက်အုံးနော် :)
www.auntytint.blogspot.com
မေတ္တာဖြင့်
တီတင့်
မွန်းတည့်ချိန် ဆိုတော့ အရမ်းပူတာပေါ့နော်.......။
ReplyDeleteSuperb, what a website it is! This weblog
ReplyDeletegives valuable facts to us, keep it up.
Also visit my web page; video thumbnail maker online
I love your blog.. very nice colors & theme. Did you make this website yourself or did you hire someone to do it for you?
ReplyDeletePlz answer back as I'm looking to design my own blog and would like to know where u got this from.
thanks a lot
Look at my web page; relationship (http://househams158.wordpress.com/)