Thursday, May 27, 2010

ဘယ်သောအခါမှ..

ခင်မင်တယ်ဆိုရင်..
ငါ့လက်ကိုပဲကမ်းလိုက်ပါ...
မလွှတ်တမ်းထွေးဆုပ်မထားပါနဲ့ ...။
စာနာတယ်ဆိုရင်...
ငါငိုတဲ့အခါမသိချင်ယောင်ဆောင်ပေးပါ..
နင်ပါငိုချင်တယ်လို့ မပြောပါနဲ့ ...။
သနားတယ်ဆိုရင်...
ချစ်တယ်ဆိုတဲ့ စကားနဲ့ ..
ငါ့ရင်ကိုလှုပ်ခတ်အောင်မလုပ်ပါနဲ့ ...။
ကိုယ်ချင်းစာတယ်ဆိုရင်...
ငိုတတ်မှန်းသိရက်သားနဲ့ 
လွမ်းနေမယ်ဆိုပြီး ပေါ့တန်တန်မပြောပါနဲ့ ...။
တစ်ခါတလေ အမှတ်မဲ့စကားတစ်ခွန်းဟာ
အဆိပ်သင့်စေတတ်တယ်ဆိုတာ
နင်သိခဲ့ရင်.....။
ဘယ်သောအခါမှ.....
ငါ့ကို မကျီစားပါနဲ့ ......။ ။

No comments:

Post a Comment