Monday, May 7, 2012

Until the Last Moment


တကယ်ကတော့ အကင်းမသေသေးတဲ့ ဒဏ်ရာအတွက် သူ့တို့စာမျက်နှာတွေ အထပ်ထပ်ကလစ်နေခဲ့တာပါ....
အစပိုင်းမှာ ကျွန်မ နှုတ်ခမ်းတွေ ခပ်လွန့်လွန့် ဖြစ်နေတယ်။
ပြုံးမဲ့မဲ့လား...မာနတရားလား....။
နောက်တော့ စာတစ်ချို့တွေ ဖတ်နေရင်း ဖတ်နေရင်း ကျွန်မ နှုတ်ခမ်းတွေ ပြေလျာ့စပြုလာတယ်..
"Until the Last Moment" တဲ့

မရည်ရွယ်ဘဲ နားထောင်ဖြစ်ခဲ့တယ်...။

အနိမ့်အမြင့် အတက်အကျ ကွန်နက်ရှင်နဲ့ပဲ တငြိမ့်ငြိမ့်တေးသွားတစ်ခုမှာ ကျွန်မ လွင့်မြောသွားပါတယ.်.
ဂီတဟာ အရာရာကို နူးညံ့အောင် ဖန်တီးပေးတတ်သလား။
ဂီတဟာ တချို့နာကျင်မှုတွေကို လျော့ပါးသွားအောင် စွမ်းဆောင်စေတတ်သလား။
အတိတ်က ကျွန်မ ရဲ့ ပူပြင်းလောင်မြိုက်မှုတွေကို မြင်စပြုလာပါပြီ။
မတူညီခဲ့ပါဘူး...သူ ပြောသွားခဲ့သလို~~ ကျွန်မ သူ့ကိုမြင်နိုင်အောင် ကြည့်ရင်း၊ မမြင်မိခဲ့သလို
ကျွန်မ ဘာတွေဖြစ်ပျက်ခဲ့သလဲ သူလည်း မမြင်နိုင်ခဲ့ပါဘူး။
ဒါဟာ ထပ်တူမကျမှုဘဲ ဖြစ်ခဲ့တယ်...ဘာမှ မတတ်နိုင်ခဲ့ဘူး။
တိုးညင်းတဲ့ ဂီတသံတွေကြားမှာ နူးညံ့ပျော့ပျောင်းလွန်းတဲ့ သဏ္ဍန်လေးတစ်ခုကို ကျွန်မ ပုံဖော်မိစပြုလာ တယ်...။
ချစ်ခင်ကြတဲ့ အပိုင်းအစလေးတွေ တဖွဲဖွဲ အဲ့ သဏ္ဍန်လေးအနား စုစုဝေးဝေးရှိနေကြတာ ကျွန်မ ရေစီးသံတွေကြားမှာ မြင်စပြုလာတယ်...။
ကျွန်မ ရဲ့ သူကော~~~~ သူ လိုချင်ခဲ့တဲ့ ငြိမ်းအေးမှုလေးတွေ ရှာဖွေတွေ့ရှိခဲ့ပြီထင်ပါတယ်။။
ကျွန်မ ကျေနပ်ပါတယ်.....။

အဆက်မပြတ် သာသာယာယာစီးဆင်းနေတဲ့ ရေတံခွန်သံကို နားထောင်ရင်း ကျွန်မ မျက်ဝန်းက မျက်ရည်တွေ ဝေ့သီလာတယ်။

ကျွန်မ မပေးနိုင်ခဲ့တဲ့..ကျွန်မ မစွမ်းဆောင်နိုင်ခဲ့တဲ့ အေးချမ်းမှုကို သူ ရရှိသွားခဲ့ပြီ။
WHY? ဆိုတဲ့ မေးခွန်းကို အကြိမ်များစွာ ကျွန်မ မေးခဲ့ဖူးပါတယ်။
သူ မဖြေခဲ့ဘူး.....နောက်ဆုံး အကြိမ်တွေထိ သူ မဖြေသွားခဲ့ဘူး။
အဲ့ မေးခွန်းတွေကြားမှာ “ဘာကြောင့် ငါ့ကို...” ဆိုတဲ့ နာကျင်မှုတွေ၊ “ဘာကြောင့် သူ ရက်စက်...” ဆိုတဲ့ နင့်သီးကြေကွဲမှုတွေ နဲ့ နပန်းလုံးခဲ့ရတဲ့ ကျွန်မ မခံနိုင်တော့တဲ့ ဒဏ်ရာတွေအကြားမှာ မေးခွန်းတွေ ရပ်တန့် တစ်နေရာမှာ ငြိမ်ငြိမ်သက်သက်ခြေစုံရပ် ခဲ့ပါတယ်။

သိပ်ကို အရှိန်ပြင်းလွန်းတဲ့ ရထားတစ်စီးက ရုတ်တရက် ရပ်တန့်လိုက်တဲ့ အခါ ဘေးပတ်ဝန်းကျင်က   လေတွေက ကျွန်မ က ဘက်စုံရိုက်ခတ်ပါတယ်။

ခြေစုံရပ်ပြီးပဲ မျက်လုံးမှိတ် တောင့်ခံခဲ့တယ်...။

အဲ ဒါ တွေ ကျော် လွန် ပြီး နောက် ရက် တွေ မှာ

ခြေစုံရပ်နေတဲ့ ကျွန်မ ကို ကျွန်မ တစ်ယောက်က တစစမြင်စပြုလာပါတယ်။

အခုတော့ WHY တွေရဲ့ အဖြေကို ကျွန်မ မြင်စပြုလာပါပြီ။
ကျွန်မ သွားရမယ့် လမ်းကို လည်း ကျွန်မ သိခဲ့ပြီ။
သူကော....သူမ ကိုကော ကျွန်မ ခပ်ဝေးဝေးက ပြုံးပြနိုင်ပါပြီ။
တစ်ချိန်က သူ့တယောသံလေးကြောင့် ကျွန်မ ညွတ်နူးခဲ့ရဖူးတယ်..။
အခု သာယာ ပျော့ပြောင်းလွန်းတဲ့ သံစဉ်တစ်ခုမှာ သူ ငြိမ်းအေးချမ်းမြေ့နိုင်ပါစေ။
ကျွန်မ ထွက်ခွာလာခဲ့တယ်..။
တလှမ်းခြင်း......တစ်လှမ်းခြင်း........။

တိုးသဲ့လွန်းတဲ့ ရေစီးသံလေးတစ်ခုက ကျွန်မ ထိုင်ခဲ့တဲ့ နေရာမှာ တဖြေးဖြေးဝေးကွာ ကျန်ရစ်ခဲ့ပါတယ်.....
...................................
........................
......................။ ။


11.3.2012
PM:7း54




http://www.youtube.com/watch?v=wsIMwdScmGM

နားထောင်ဖြစ်ခဲ့သော သီချင်းတစ်ပုဒ်အတွက် ဖတ်ခဲ့ဖြစ်သော စာများအတွက်...
ကာယကံရှင်များကို ကျေးဇူးတင်ပါသည်။

ရွှေအိမ်စည်

1 comment:

  1. WHY တွေရဲ့ အဖြေကို သိနိုင်ပါစေ။

    ReplyDelete