Thursday, May 27, 2010

ကျိန်စာ

ဟိုတုန်းက ညတွေလိုပါပဲ
ဒီညကလဲ ခြောက်သွေ့ဆဲဆိုတာ......
လေရူးလို
စိတ်ကူးတည့်ရာ ပြေးလွှားလိုက်ချင်တယ်။
မျှော်လင့်ချက်ဆိုတာလဲ
တစ်ခါမှ
ခြေစမ်းခွင့် မရခဲ့ဖူးတော့
ပြိုပျက်သွားတဲ့ ယုံကြည်ချက်တစ်ခုရယ်
အမြဲတမ်းလို
အိပ်မက်နဲ့ တေ့လွဲ လွဲခဲ့ရတဲ့ အဖြစ်ရယ်
ရနံ့ စိမ်းများနဲ့
အကျွမ်းဝင်နေတဲ့ နေထိုင်မှုဖြစ်စဉ်တစ်ခုရယ်
ဒီမှာဖြင့်
အလွမ်းလည်း မပြေနိုင်ခဲ့။
ကိုကိုရယ်.............
ငါ့အဖြစ်က
ကြယ်တစ်စင်းလို
မထင်မရှား လင်းပွင့်ပြရုံ သက်သက်
ဒီ့ထက်လဲ ဘာမှမပိုခဲ့ပါဘူး။

No comments:

Post a Comment