Thursday, May 27, 2010

အပိုင်းအစဒိုင်ယာရီ

ရှိပြီးသား သံယောဇဉ်ကိုမှ
ဇွတ်အတင်း ဆုတ်ခွာဖို့ ကြိုးစား
ဘ၀က နေညိုညိုလမ်းဆုံဆီ
အဆီးအတားမဲ့ ထွက်ပြေးတယ်.......။

တစ်နေရာစီ ဝေးကွာ
လွမ်းဆွတ်ခြင်းကို
အပိုင်းပိုင်း ဆုတ်ဖြတ်ရုံကလွဲပြီး
ဘာကျန်တော့လို့ လည်း......။

သူ့ အားပေးမှုနဲ့ 
ကိုယ့်ဘ၀ ရှင်သန်ရင်း
သူ့ နားလည်မှုနဲ့ 
ကိုယ့်ဘ၀ အငိုတိတ်ရင်း
ခြောက်သွေ့ ခက်ထန်တဲ့
ဒီကမ္ဘာမှာ
အေးမြမှု စစ်စစ်ကိုရှာတွေ့ ခဲ့တယ်..။

တစ်ဝက်တစ်ပျက်လမ်းမှာ
ခြေစုံရပ်တန့် ရုံကလွဲပြီး
ဘာမှ မရခဲ့တဲံ့လမ်းဆုံမှာ
ပြီးမှ ကျောခိုင်း
တစ်ဘ၀လုံးစာ.....
တစ်စိမ့် စိမ့်ကြေကွဲခဲ့ရတာ.....။

No comments:

Post a Comment