Sunday, November 28, 2010

တမန်တော်


တမန်တော်


***အလွမ်းကဗျာ တစ်ပုဒ်နဲ့**
နှုတ်ဆက်ခဲ့ပါရဲ့ သို့....ချစ်ရသူများး.....။

***ဆောင်းဦးပေါက်အခါက***
နှင်းဖွဲဖွဲနဲ့အတူ ကမ္ဘာမြေ မိတ်ဆွေများအလိုကျ
ဆန္ဒတွေ မောင်းနှင်ဖို့ လေညင်းတစ်စ အသာလေးရောက်လာခဲ့တယ်..။

***ရက်စက်တတ်သူရဲ့ နှလုံးသားတွေ***
တိမ်မျှင်ပမာဖြစ်ဖို့......................
ငိုကြွေးနေတဲ့ ကလေးငယ်ကို မျက်ရည်ကူသုတ်ပေးခဲ့
ချစ်ခြင်းမေတ္တာလိုအင်တဲ့သူတွေကို ဖြည့်ဆည်းပေးခဲ့
ဥစ္စာဓန ငတ်မွတ်သူတွေကို ရတနာမိုးရွာပေးခဲ့
အနုပညာချို့တဲ့သူတွေကို နှလုံးသွေးခြစ်ချပေးခဲ့ .
.........................ကို...........................ပေးခဲ့
..................ကို..........................ပေးခဲ့ ပေး..........ခဲ့
ပေး .... ... ..ခဲ့.....................။

***ကမ္ဘာ***
ရိုင်းစိုင်း..............ခက်ထန်
မုန်းတီး..............တက်ကြွ
သူတော်.........ငါတတ်
သူရှိ....................ငါရှိ
အရာခပ်သိမ်းပြည့်စုံတဲ့ ငါစွဲအတ္တများ
မပြည့်သောအိုး ပြည့်သောအိုးများရဲ့ လျှံကျနေသော အတ္တပုံဆောင်ခဲများ
ပြည့်စုံကုံလုံခြင်းများနဲ့ ဆူညံနေသောကမ္ဘာ။

***အို........လာ.....လော့*** ချစ်သား
နှလုံးအိမ်မှ ရိုက်ခတ်ခြင်းနဲ့ ငိုကြွေးမိတဲ့ကဗျာ
သူ့ပယောဂကြောင့် ပြည့်စုံပူလောင်သွားတဲ့ ကမ္ဘာကိုကြည့်ရင်း
တမန်တော်ဟာ မျက်ရည်စက်လက်
အို...ကမ္ဘာ ဘယ်အခြင်းအရာကများ သင်တို့ကို ငြိမ်းချမ်းစေမှာလဲ။

***အလွမ်းကဗျာတစ်ပုဒ်နဲ့***
နှုတ်ဆက်ခဲ့ပါရဲ့
သို့.................. ချစ်......ရ.....သူ.....များးးးးးးးး။။

No comments:

Post a Comment