Tuesday, March 1, 2011

ပြီးခဲ့သောတနင်္ဂနွေ

ပြီးခဲ့ပါပြီ
ဒီသတ္တိတွေလည်း ထပ်မံမရွာချဝံ့တော့ပါ
နှုတ်ဖျားကရွတ်ဆိုခဲ့သမျှ
လမိုက်ညတွေသာ ဖြစ်ခဲ့ရတယ်။

အကြိမ်ကြိမ် အခါခါကြေကွဲမှုတွက်
နောက်ဆုံးတော့လည်း
ဂန္ဓာရီဆန်လမ်းအိုဟောင်းထံ


အဆိပ်သင့်ခဲ့ပါပြီ
ဒီလျစ်လျူရှုတွေလည်း ထပ်မံမခံယူလိုတော့ပါ
ရင်ထဲမှယုံကြည်ခဲ့သမျှ
ဇူလိုင်မိုးစက်များထံ
တလွင့်လွင့်ကြွေလွင့်

မမုန်းရက်ခဲ့ပါသည်
နှုတ်ဖျားက အပြစ်ဟုမဆိုရက်သမျှ
ပြီးခဲ့သောတနင်္ဂနွေမှာ
အလွမ်းတစ်ပိုင်းတစ်စသာ ချန်ထားရစ်ခဲ့..........။။။

No comments:

Post a Comment