Saturday, October 15, 2011

အရင်လို

* အားငယ်ချိန်တိုင်း
ခပ်တင်းတင်းဆုပ်ကိုင်ပေးတဲ့
လက်ကလေးတွေ....အရင်လို ။

* ၀မ်းနည်းမိတိုင်း
သူ့ပခုံးထက် အငိုတိတ်စေခဲ့တဲ့
ဖေးမမှုလေးတွေ.....အရင်လို ။

* `ကလေးလေး´ တဲ့
သူ့အတွက် ပထမဆုံးမဟုတ်ပေမယ့်
ကိုယ့်အတွက် ဦးဆုံးခေါ်သံ
နွေးထွေးတဲ့ခေါ်သံလေးတွေ...အရင်လို ။


* အေးမြတဲ့ညရက်များမှာ
အတူတူရယ်မော လမ်းလျှောက်ခဲ့တဲ့
လမ်းကြားလေးနေ့ရက်များ.....အရင်လို ။

* အတိတ်ဆိုတာ ပြီးဆုံးပျောက်ကွယ်တဲ့အရာလား
ပျပျမြင်ယောင်ရင်း
နာနာကျင်ကျင်တောင်းခံမိတယ်
................အရင်လို
................အရင်လို
အ........ရင်.........လို...... ။ ။

15.10.2011
PM:11.15

No comments:

Post a Comment