Friday, February 22, 2013

အလွမ်းဖြူ



မြင်ရန်ခက်လျှက်
တိမ်ယံထွေကြား
ဝိုးတ၀ါးကို
မပီ၏သို့ ဖော်မိ၏

ကြားရန်ခက်လျှက်
တိမ်စိုင်မျှင်ကြား
မထင်ရှားကို
ခေါ်သံလေလား
ထင်မိ၏

ကွာဝေးမှန်းသိ
ကွာဝေးခြင်းကို
နီးသယောင်ပြု
ခွဲခွာပြီလား
ကြေကွဲ၏

မသိမှန်းသိ
လက်ပြဘိ၏
မကြားမှန်းသိ
တီးတိုးဆိုမိ
မမျှော်မှန်းသိ
ကြိုလင့်၏

ထိုရွေ့မည်မျှ
သက်မချ၏
ကြာလွန်းပေစွ
ရက်အထွေည။                 ။

ရွှေအိမ်စည်
22.2.2013
မြန်မာစံတော်ချိန် (ညနေ -၅း၃၈)

5 comments:

  1. ဝါကျတိုလေးတွေပေမယ့် သိပ်ကိုထိရောက်တယ် ... အားကျမိပါတယ် မမရေ ... မိုးညလည်း ရေးတတ်ချင်လိုက်တာ ...

    ReplyDelete
  2. ကျေးဇူးပါ ညီမလေးမိုးည :))

    ReplyDelete
  3. မမျှော်ချင်တော့ဘူး.....~~~~

    ReplyDelete
  4. ပင့်သက်ရှည်
    ပြေပါ စေတော့။

    ကြယ်ဦးသော့၊ တစ်ခါကြွေရင်
    ပန်လိုက်ချင်ထိုဆု ကိုဖြင့်
    သူ့ရင်ခွင် အစဉ်ငြိမ်း
    ဘေးသိမ်းအောင်လို့း))။

    ကဗျာကိုဖတ်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ကောက်ရေးလိုက်တာ စိတ်မဆိုးနဲ့နော် ။



    ReplyDelete
    Replies
    1. မိုက်တယ်...ကဗျာဆရာပီသပါပေတယ်ရှင် :))

      Delete