Facebook မက်ဆေ့မှ စာကြောင်းလေးတစ်ကြောင်း တတုံတုံနှင့်တက်လာသည်။
'ဘုတ်...... ခု ချက်ချင်း ဖုန်းဆက်ပါ'
'အေး အေး ခဏစောင့်'
သြော်...အစ်မတော်ဘုရားနှယ်။ 'နင့် ဖုန်းကိစ္စ ပြောမလို့ ငါ့ကို ဖုန်းဆက်' လို့ စာရိုက်ရင်လည်း ရသားနဲ့။ မထိတ်သာ မလန့်သာ။
မနက် 8း00။
'ဟဲလို ရှင်တို့ကား ဘယ်နားရောက်နေပြီလဲ'
'ဟားး အလှည့်မကျသေးလို့ ထွက်တောင် မထွက်ရသေးဘူး။ နောက် ဆယ့်ငါးမိနစ်နေရင်တော့ ထွက်ရ မယ်ထင်တယ်။ အခု တောင်ဥက္ကလာ ပါရမီကားဂိတ်ကို လာရင်တော့ ရမယ်'
နောက် ဆယ့်ငါးမိနစ်....။ အင်း လှည်းတန်းနှင့် တောင်ဥက္ကလာ သိပ်မဖြစ်နိုင်။ ဒါဆိုလျှင် 93း0 ၀န်းကျင် မှ နောက်တစ်ခေါက်ထပ်ဆက်ပါတဲ့။
'ဟဲလို ကား ဘယ်ရောက်နေပြီလဲ'
'မြေနီကုန်းမှာ။ လှည်းတန်း မှတ်တိုင် က ပဲ စောင့်နေ။ အဓိပတိ (အနီ) ၃ ဂ/၃၆၃၈'
လှည်းတန်းမှတ်တိုင် (အင်းစိန်လမ်းမ)
မီးပွိုင့်အလွှတ် ကားတွေ တစ်စီးပြီးတစ်စီး ဝေါကနဲပြိုဆင်းလာသည်။ အနီ....အနီတွေတော့ တွေ့နေသည်။ အဓိပတိလား..။ မဟုတ်သေးဘူး....၁၇၄...ဟော ဟိုမှာ အာာ ၂၁၆ ပဲ။ အဓိပတိ အနီ...သို့သော် ကားနံပါတ်က ၁၈၈၀။ မဟုတ်သေး။ တဝေါဝေါ ရှုပ်ထွေးနေသည့် ကားတွေကို အာရုံစူးစိုက်ကြည့်နေမိသည်။
၄၅.....၅၀.....၂၁၃.....မှော်ဘီ....၉၇...ရွှေဧည့်သည့်.....၂၂၆....၄၈......ကားတွေ...ကားတွေ များပြားလှသည့် ကားတွေ။
အဓိပတိ အနီ ၃ ဂ/၃၆၃၈။
သွားပြီ။ မော်တော်ပီကယ်၏ ၀ီစီသံနှင့်အတူ လက်ဆန့်အထုတ်ဝယ် ရပ်လုလုကား ဝေါကနဲမောင်းထွက် သွားသည်။ သူတို့ ယဉ်စည်းကမ်း ဥပဒေသတွေတော့ ကိုယ်မသိ။ ကိုယ်သိလိုက်ရသည်မှာ ကိုရွှေစပယ်ယာ
တို့ကား လှည်းတန်းမှတ်တိုင်တွင် မရပ်ဖြစ်တော့။
ဆယ့်ငါးမိနစ်ခန့် မှတ်တိုင်တွင် စိတ်ပျက်အားလျော့စွာ ထိုင်နေပြီးမှ P.C.O ဖုန်းခွက်ကိုင်ကာ ကိုယ့် ဖုန်းနံ ပါတ်ကို ခေါ်လိုက်သည်။ မကိုင်...။
10း05။ ဖုန်းထပ်ခေါ်တော့ ကိုင်သည်။
'ညောင်ပင်မှတ်တိုင်' တဲ့။ ကိုယ်မသိ။
'နောက်တစ်ခေါက် လှည်းတန်းအ၀င်ဆို ကြာမယ်။ တာမွေပလာဇာ မှတ်တိုင်က သွားစောင့်နေပါလား အမ။ ဟိုဘက်လမ်းကူးပြီး ၁၇၄ စီးသွား၊ ရောက်တယ်'
တာမွေပလာဇာ..။
'ဟဲလို ကျမ တာမွေပလာဇာ ရောက်နေပြီ။ ကားမလာသေးဘူးမလား'
'ဒါဆို အဲ့မှာ စောင့်နေ အမ။ အခု ဈေးရှေ့မှာ။ သိပ်မကြကာဘူး။ ရောက်တော့မယ်...'
အိုကေ။ ကိုယ့်ခရီးစဉ် ပြီးဆုံးတော့မည်။ ဒီတစ်ခါ လမ်းကြောင်းမှန်ပြီ။
စိတ်အေးသွားတော့မှ နေ့လည် 113း0 ခန့် အပူရှိန်က ရေငတ်မှုကို ခံစားရတော့သည်။ လမ်းဘေးကွမ်းယာဆိုင်လေးမှ ရေခဲစိမ်ရေသန့်တစ်ဘူးဝယ်သောက်ကာ မှတ်တိုင်ခုံလေးတွင် နွမ်းနယ်စွာ ထိုင်...။
အဓိပတိ အနီ ၅၇၆၄။ မဟုတ်သေး...။
၄၈...နောက် ကားပုပုလုံးလုံးများ..။ ဘာကားတွေ လာနေပါလိမ့်။
မွန်းလွဲ 12း15။
သံသယဖြစ်လာ၍ ဖုန်းထပ်ခေါ်သည်။ ကျေးဇူးရှင် သူကောင့်သားက သူက ဦးအောင်ပြောလေသတည်း..။
'အမ က ရှိလည်းမနေဘူး။ ကျနော် တို့ကား အခု ကျောက်မြောင်း မီးပွိုင့်တောင် ရောက်နေပြီ'
'အေး...ညီလေးတို့ကားဘယ်မှာ...သြော်...လမ်းကျယ်ပလာဇာ..'
'ဟဲလို....အေး..ဘယ်မှာ..'
'ဟဲလို..'
'ဟဲ.....လို...'
သိမ်ဖြူ။ မီးပွိုင့်မှ ဝေါကနဲ ထွက်သွားသော အဓိပတိအနီတစ်စီး၏ နောက်ကျောကို မြင်ရသည်။ နံပါတ်တော့ မမြင်လိုက်ရ။
သိမ်ကြီးဈေး။ ခပ်ဝေးဝေးမှ အဓိပတိ အနီ ကို မြင်ရပြီ။ တသီတသန်းကားပိတ်ဆို့မှုဝယ် သူ့အနားသို့ ရောက် ရန် မလွယ်ကူ။ လမ်းဆင်းလျှောက်သော် လမ်းတစ်ဝက်မှာတင် ၀ူးကနဲ မောင်းထွက်သွားနိုင်သည်။
လသာ။ အဓိပတိ အနီ နှင့် နံပါတ်မြင်ရသည်အထိ အနေအထားတော့ ရောက်လာပြီ။ သို့သော် ကားမရပ်သေး..။
စံပြ..။ မှတ်တိုင်တွင် ရပ်လိုက်ပါပြီ။
ကားသမားဦးလေးက 'သွား...သွား..ဦးလေး စောင့်နေမယ်။ အဲဒီ့ ကားနောက်မှာ ရှိမယ်။ အဲ့ ကားပေါ် တက်လိုက်။ သူ မောင်းထွက်သွားလဲ ဦးလေး နောက်က ဆက်လိုက်လာမယ်။ ကားခ နောက်မှ ရှင်း..။ မြေနီကုန်းတော့ ပွိုင့်မီမှာပဲ။ မြန်မြန်သွား..ကလေးမ'
သူစိမ်းတရံ၏ အကူအညီကို လှိုက်ကနဲ ကျေးဇူးတင်ရင်း အဓိပတိ အနီ ပေါ် ပြေးအတက် ကိုရွှေစပယ်ယာ က သွား သုံးဆယ့်နှစ်ချောင်းပေါ်အောင် ကြိုဆိုလေသတည်း။
လိုချင်သော ငွေကြေးပမာဏပေးအပြီး သူတို့ ကား လှည်းတန်းရောက်မှာပဲ၊ Taxi သမားပြန်လွှတ်ပေါ့၊ ပိုက်ဆံကုန်ပါတယ်' ဟု ကျေးဇူးရှင်မှ လောက၀တ်ပြုလာသည်။ ခပ်ယဲ့ယဲ့ အပြုံးဖြင့်သာ တုံ့ပြန်ရင်း 'အိမ် အထိ ငှားလာတာ' ဟု တိုပြတ်ပြတ် ပြောကာ နောက်တစ်မှတ်တိုင် တွင် စောင့်မောင်းနှင် ပေးနေပါသည့် Taxi ကားပေါ် ပြန်တက်ခဲ့သည်။
တာ့တာ အဓိပတိ (အနီ)။
ဘယ်သောအခါမှ မစီးတော့ပါ..။
ဒီဘ၀...ဒီမျှသာ..။
အဆောင်ရှေ့ ကားရပ်သည်တွင် မွန်းလွဲ 3း15။
ကားသမားဦးလေးကို ကျသင့်ငွေပေး၍ ကျေးဇူးတင်စကားပြောကာ ၇ လွှာအမြင့်တွင် ရှိသော ကိုယ့်အခန်း ရှိရာသို့ လေးပင်ချည်နဲ့စွာ။ ရေသန့်တစ်ဘူးမှ လွဲ၍ တစ်နေ့တာလုံး မည်သည့် အစားမှ မစားရသေး။ သို့သော် စားချင်စိတ်လည်း မရှိ။ တံခါးချက်ထိုး၍ အိပ်ရာပေါ် ပစ်လှဲပြီး မကြာမီပင် အိပ်ပျော်ခြင်းသို့ရောက် ရှိပေတော့သည်။
ညနေခင်း အိပ်မက်ထဲတွင်တော့ ကိုယ် သည် ဂျိမ်းစ်ဘွန်းမင်းသမီးဖြစ်လျှက် လူဆိုးတွေနောက် တဒိုင်းဒိုင်း
နှင့် လိုက်လံပစ်ခတ်နေတော့သည် တမုံ။ အထူးအားရှိစရာကား ချစ်လှစွာသော ဘရက်ပစ်က ဘေးမှ မားမားမတ်မတ် ရပ်တည်ကာကွယ်နေသည်တဲ့လေ..။ ။
17.3.2013
AM:1း15
'ဘုတ်...... ခု ချက်ချင်း ဖုန်းဆက်ပါ'
ဖေ့ဘုတ်ဝယ် ပျော်ပျော်ကြီး like လုပ်နေသည့် ကိုယ်က အစ်မတော်ဖြစ်သူကို 'ဖုန်း ရှိပါဘူးဆိုနေ' ဟု ဘုတောစာပြန်ပြီးမှ 'အိမ်မှာ ဘာများဖြစ်လို့ပါလိမ့်' ဟု ဒိန်းကနဲ ဖြစ်သွားသည်။
'အေး အေး ခဏစောင့်'
စုံစီနဖာဖွင့်ထားသမျှ blogspot, Email, Websites, Facebook များကို Sign Out ခပ်မြန်မြန်လုပ်ရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းရသည်။ တဒိတ်ဒိတ်ခုန်နေသော ရင်ကို သတိမှတ်ကာ ခံစားမှုဗလာဖြစ်အောင် ဖန်တီးယူနေသည်။ ဘာသတင်းပဲ ဖြစ်ဖြစ်တည်ငြိမ်ဖို့ ကြိုးစားစမ်း။ ငါတစ်ယောက်တည်း..။
အင်တာနက်ဆိုင်မှ ထွက်လာပြီး လမ်းဘေး P.C.O ဖုန်းလေးကို ကောက်ကိုင်လိုက်ချိန်ဝယ် ကိုယ်သည် အရင် သူသူဟန် ပြန်ဖြစ်သွားချေပြီ။
'ဟဲ့ နင့် ဖုန်းကို ငါ ခေါ်ကြည့်တာ အခု ၀င်သွားတယ် သိလား။ ညှိရင် ရမယ်ထင်တယ်။ နင် ဆက်ကြည့် လိုက်။ မြန်မာ့ဆက်သွယ်ရေးဆိုတာ.... @#$%^&*@@#$%^ ........'
သြော်...အစ်မတော်ဘုရားနှယ်။ 'နင့် ဖုန်းကိစ္စ ပြောမလို့ ငါ့ကို ဖုန်းဆက်' လို့ စာရိုက်ရင်လည်း ရသားနဲ့။ မထိတ်သာ မလန့်သာ။
ဘာပဲဖြစ်ဖြစ် ထိုနေ့ညက ကိုယ့် ဖုန်းနံပါတ်ကို ခေါ်ကြည့်ကာ သူကောင့်သားနှင့် အတန်ကြာစကားပြောဖြစ် ခဲ့ပါသည်။ အဓိပတိ (အနီ) မှ ယဉ်နောက်လိုက် ကားစပယ်ယာတစ်ဦး။ ကိုယ် ဆက်ကြည့်ချိန်တွင် သူတို့ ကားက ကမ္ဘာအေးအနီးမှာတဲ့။
'ကျနော် က ကဒ်ကိုကောက်ရတာ။ ဟန်းဆက်တော့ မသိဘူးနော်။ ကဒ်ကို တွေ့လို့ ကျနော့် ဖုန်းထဲ ထည့် ကြည့်တာ။ အမှန်က လွှင့်ပစ်လိုက်လဲ ရတယ်ဗျ...။ ဆော့ပြီး ချိုးပစ်လိုက်လဲရတယ်။ အမ က လက်ဘက် ရည်ဖိုးပေးမှာလား။ ကျနော် က သိမ်းပေးထားရတာနော်'
ဟုတ်ပါပြီ ကိုရွှေစပယ်ယာရယ်။ သိပ်လည်း မခြိမ်းခြောက်ပါနဲ့။ လက်သည်းခွံလောက်ကဒ်ကလေး ကို ကောက်ရတယ်ဆိုရင်လည်း ကောက်ရတယ်ပေါ့။ အေးလေ ဟန်းဆက်နှင့်တကွ ပြန်ပေးလိမ့်မည်ဟု ကိုယ် ကလည်း မျှော်လင့်မထားပါ။ လျှောက်လွှာအဆင့်ဆင့်နှင့် ၀က်အူမူလီရစ်လှသော မြန်မာ့ဆက် သွယ်ရေး ကို ကြောက်လှစွာ အေးဓမြတိုက်သူနှင့်သာ ဆက်ဆံပါတော့မည်။
သူရို့ကားက ကိုယ်နေထိုင်ရာ လှည်းတန်းဝန်းကျင်ကို ည 93း0 , 10း00 ခန့်မှသာ ရောက်နိုင်မည်ပြောရာ 93း0 သည်နှင့် ၀ုန်းကနဲပိတ်သည့် အဆောင်တံခါးကိုမြင်ယောင်ရင်း နောက်တစ်နေ့ မနက်သို့သာ ချိန်းဆို လိုက်ရပေသည်။
*********
မနက် 8း00။
'ဟဲလို ရှင်တို့ကား ဘယ်နားရောက်နေပြီလဲ'
'ဟားး အလှည့်မကျသေးလို့ ထွက်တောင် မထွက်ရသေးဘူး။ နောက် ဆယ့်ငါးမိနစ်နေရင်တော့ ထွက်ရ မယ်ထင်တယ်။ အခု တောင်ဥက္ကလာ ပါရမီကားဂိတ်ကို လာရင်တော့ ရမယ်'
နောက် ဆယ့်ငါးမိနစ်....။ အင်း လှည်းတန်းနှင့် တောင်ဥက္ကလာ သိပ်မဖြစ်နိုင်။ ဒါဆိုလျှင် 93း0 ၀န်းကျင် မှ နောက်တစ်ခေါက်ထပ်ဆက်ပါတဲ့။
ပိုနေသော အချိန်ကြောင့်လား၊ အားကိုးရာ တိုင်တည်ချင်သလား။ အင်တာနက်ဆိုင်တော့ ၀င်ခဲ့ပြီ။ ချစ်လှ စွာသော အစ်ကို၊ အစ်မတွေ လိုက်ရှာ။ နေပါဦး.. တွေ့လို့ပြောတော့ကော သူတို့ ဘာလုပ်ပေးနိုင်မှာ လိုက် လို့။ ထင်သည့်အတိုင်း 'ထူးဆန်းသော မြန်မာပြည်' ဟုခေါင်းစဉ်တပ်ကာ အံ့သြဘနန်း။ အကြောင်းစုံကို ရှင်းပြစာရိုက်နေသော်လည်း ကိုယ့်ဖိစီးရှုပ်ထွေးမှုက လျော့မသွား။ တစ်ယောက်က 'ရဲတိုင်လိုက်ပါလား. ....ဒီမှာဆိုရင်...'
တော်ပြီ။ ဒီမှာဆိုရင်...အစချီသည့် ဇာတ်ထုပ်လည်း ကိုယ် နားမထောင်ချင်။ ကားပေါ်တွင် ခါးပိုက်နှိုက်နေ တာ တွေ့လျှင်တောင် အသိပေးသူမျက်နှာကို ဘလိတ်ဒါးနဲ့ ပွတ်ဆွဲသွားမှာကြောက်၍ ငြိမ်နေကြ သည့် ဖြစ် ရပ်တွေကို သူတို့မှ မသိပေပဲ။ ကူညီပါရစေ ဆိုတာ တီဗီကြောငြာ..အစ်ကို၊ အစ်မ တို့ရဲ့။ အင်းလျား ကန် ဘောင်တောင် မိန်းကလေးတစ်ယောက်တည်း မသွားသင့်ကြောင်း၊ မည်သို့အမှိုက်တွေ ရှိနေကြောင်း ဘာမှလည်းရှင်းမပြချင်။ လုပ်ငန်းဆိုင်ရာ ငွေတွေများနေသည့်အခါ နေ့လည်ကြောင်တောင်လည်း Taxi မစီးရဲဘဲ ရုံးကားအား၍ လာခေါ်ပေးနိုင်သည့် အချိန်အထိ ဘဏ်မှာ ငုတ်တုတ်ထိုင်စောင့်ရ တာတွေ လည်း ပြောမပြချင်။ ကိုယ် က မြန်မာပြည်သား ဖြစ်နေသည်လေ..။
*******
နံနက် 93း0။'ဟဲလို ကား ဘယ်ရောက်နေပြီလဲ'
'မြေနီကုန်းမှာ။ လှည်းတန်း မှတ်တိုင် က ပဲ စောင့်နေ။ အဓိပတိ (အနီ) ၃ ဂ/၃၆၃၈'
*********
လှည်းတန်းမှတ်တိုင် (အင်းစိန်လမ်းမ)
မီးပွိုင့်အလွှတ် ကားတွေ တစ်စီးပြီးတစ်စီး ဝေါကနဲပြိုဆင်းလာသည်။ အနီ....အနီတွေတော့ တွေ့နေသည်။ အဓိပတိလား..။ မဟုတ်သေးဘူး....၁၇၄...ဟော ဟိုမှာ အာာ ၂၁၆ ပဲ။ အဓိပတိ အနီ...သို့သော် ကားနံပါတ်က ၁၈၈၀။ မဟုတ်သေး။ တဝေါဝေါ ရှုပ်ထွေးနေသည့် ကားတွေကို အာရုံစူးစိုက်ကြည့်နေမိသည်။
၄၅.....၅၀.....၂၁၃.....မှော်ဘီ....၉၇...ရွှေဧည့်သည့်.....၂၂၆....၄၈......ကားတွေ...ကားတွေ များပြားလှသည့် ကားတွေ။
အဓိပတိ အနီ ၃ ဂ/၃၆၃၈။
သွားပြီ။ မော်တော်ပီကယ်၏ ၀ီစီသံနှင့်အတူ လက်ဆန့်အထုတ်ဝယ် ရပ်လုလုကား ဝေါကနဲမောင်းထွက် သွားသည်။ သူတို့ ယဉ်စည်းကမ်း ဥပဒေသတွေတော့ ကိုယ်မသိ။ ကိုယ်သိလိုက်ရသည်မှာ ကိုရွှေစပယ်ယာ
တို့ကား လှည်းတန်းမှတ်တိုင်တွင် မရပ်ဖြစ်တော့။
ဆယ့်ငါးမိနစ်ခန့် မှတ်တိုင်တွင် စိတ်ပျက်အားလျော့စွာ ထိုင်နေပြီးမှ P.C.O ဖုန်းခွက်ကိုင်ကာ ကိုယ့် ဖုန်းနံ ပါတ်ကို ခေါ်လိုက်သည်။ မကိုင်...။
10း05။ ဖုန်းထပ်ခေါ်တော့ ကိုင်သည်။
'ညောင်ပင်မှတ်တိုင်' တဲ့။ ကိုယ်မသိ။
'နောက်တစ်ခေါက် လှည်းတန်းအ၀င်ဆို ကြာမယ်။ တာမွေပလာဇာ မှတ်တိုင်က သွားစောင့်နေပါလား အမ။ ဟိုဘက်လမ်းကူးပြီး ၁၇၄ စီးသွား၊ ရောက်တယ်'
ရန်ကုန်မြေကို မကျွမ်းလှသော၊ ကားတွေသည် ဘယ်ကနေ ဘယ်လို မောင်းနှင်နေမှန်း မသိသော၊ နေရာ တစ်နေရာတည်းတွင် ကျောက်ချစောင့်မျှော် မနေချင်သော၊ စိတ်မြန်လက်မြန် ရှိလှသည့် ကိုယ် သည် သူ့ စကားအတိုင်း လိုက်လုပ်ရုံမှအပ အခြားမရှိ၍ ၁၇၄ကားနှင့် တာမွေပလာဇာသို့ ပျော်ပျော်ပါးပါး...။
*******
တာမွေပလာဇာ..။
လှမ်းမြင်နေရသည့် ဟောင်းနွမ်းစုတ်ပြတ်နေသော အဆောက်အဦးရှိရာသို့ လမ်းကူးကာ အရိပ်ရသည့် မှတ် တိုင်ခုံကလေးပေါ် ထိုင်သည်။ ဟိုသည် ဝေ့၀ဲကြည့်တော့ P.C.O ဖုန်းဆိုင်လေး တွေ့၍ ၀မ်းသာအားရ ဖုန်း ခေါ်...။
'ဟဲလို ကျမ တာမွေပလာဇာ ရောက်နေပြီ။ ကားမလာသေးဘူးမလား'
'ဒါဆို အဲ့မှာ စောင့်နေ အမ။ အခု ဈေးရှေ့မှာ။ သိပ်မကြကာဘူး။ ရောက်တော့မယ်...'
အိုကေ။ ကိုယ့်ခရီးစဉ် ပြီးဆုံးတော့မည်။ ဒီတစ်ခါ လမ်းကြောင်းမှန်ပြီ။
စိတ်အေးသွားတော့မှ နေ့လည် 113း0 ခန့် အပူရှိန်က ရေငတ်မှုကို ခံစားရတော့သည်။ လမ်းဘေးကွမ်းယာဆိုင်လေးမှ ရေခဲစိမ်ရေသန့်တစ်ဘူးဝယ်သောက်ကာ မှတ်တိုင်ခုံလေးတွင် နွမ်းနယ်စွာ ထိုင်...။
အဓိပတိ အနီ ၅၇၆၄။ မဟုတ်သေး...။
၄၈...နောက် ကားပုပုလုံးလုံးများ..။ ဘာကားတွေ လာနေပါလိမ့်။
မွန်းလွဲ 12း15။
သံသယဖြစ်လာ၍ ဖုန်းထပ်ခေါ်သည်။ ကျေးဇူးရှင် သူကောင့်သားက သူက ဦးအောင်ပြောလေသတည်း..။
'အမ က ရှိလည်းမနေဘူး။ ကျနော် တို့ကား အခု ကျောက်မြောင်း မီးပွိုင့်တောင် ရောက်နေပြီ'
လာသမျှ ကား အတိအကျ မျက်စိဒေါက်ထောက် ကြည့်ထားသည့် ကိုယ် က ခပ်စွာစွာပြန်ပြောတော့ ဇဝေ ဇ၀ါအသံနှင့် 'ဘယ်ဘက်ခြမ်းမှ စောင့်တာလဲ' ဟုမးလာသည်။ တာမွေပလာဇာရှေ့ကဆိုတော့..။ 'ဟာ ကျနော် ပြောတာက တာမွေပလာဇာ မှတ်တိုင် လို့ပြောတာ....ကားလမ်းကူးစရာ မလိုဘူး။ အမဆင်းတဲ့ မှတ်တိုင်မှာပဲ ဆက်စောင့်ရမှာ'
သေစမ်း။ ကိုယ် ပဲ နုံအသလား။ သင်းပဲ လမ်းညွှန်တာ မတိကျလေသလား။ ခုတော့ ဘာလုပ်ရမယ်တောင် မသိ။ ကိုယ့် အဖြစ်က ပြေးနေသော ကားနောက်လိုက်နေရသူဆိုတော့ အဘယ်မှာ ခရီးရောက်ပါမည်နည်း။
ကောင်းပြီ Taxi နှင့်လိုက်မည်။
'ဘယ်သွားမလဲ' ဟူသော အမေးကို ကိုယ် ဖြေလိုက်မိသည်က 'မသိဘူး...အဓိပတိ အနီနောက် လိုက် မှာ'။ ယောင်အအ ကိုယ့် အဖြေကို ကားသမားဦးလေးက တစ်စုံတစ်ရာ ထပ်မံမမေးဘဲ ကားကို ၀ူးကနဲ မောင်းထွက်ပေးသည်။ မောင်းနှင်နေသော ကားလေးပေါ် ရောက်မှ အဖြစ်သနစ်အတိုချုပ်ကို ရှင်းပြတော့ ကိုယ့် ဖုန်းနံပါတ်ကို မေးကာ သူ့ဟန်းဖုန်းနှင့် အဓိပတိ (အနီ) သို့ ဆက်သွယ်ပေးပါတော့သည်။
ကျေးဇူးကြီးပေစွ ဦးလေး။ ဘာကိုမှ ၀င်မပြောချင်၊ မမြင်ချင်တော့သည့် ကိုယ် ထိုင်ခုံနောက်မှီကို ခေါင်းချ ကာ မျက်လုံးကို ခဏတာ မှိတ်ထားနေမိသည်။ ရန်ကုန်နေ၏ ပူလောင်မှုနှင့် စိတ်ပင်ပန်းမှုက လူကို တမ ဟုတ်ချင်း ခြုံးကျစေသလို။
*******
'အေး...ညီလေးတို့ကားဘယ်မှာ...သြော်...လမ်းကျယ်ပလာဇာ..'
'ဟဲလို....အေး..ဘယ်မှာ..'
'ဟဲလို..'
'ဟဲ.....လို...'
သိမ်ဖြူ။ မီးပွိုင့်မှ ဝေါကနဲ ထွက်သွားသော အဓိပတိအနီတစ်စီး၏ နောက်ကျောကို မြင်ရသည်။ နံပါတ်တော့ မမြင်လိုက်ရ။
သိမ်ကြီးဈေး။ ခပ်ဝေးဝေးမှ အဓိပတိ အနီ ကို မြင်ရပြီ။ တသီတသန်းကားပိတ်ဆို့မှုဝယ် သူ့အနားသို့ ရောက် ရန် မလွယ်ကူ။ လမ်းဆင်းလျှောက်သော် လမ်းတစ်ဝက်မှာတင် ၀ူးကနဲ မောင်းထွက်သွားနိုင်သည်။
လသာ။ အဓိပတိ အနီ နှင့် နံပါတ်မြင်ရသည်အထိ အနေအထားတော့ ရောက်လာပြီ။ သို့သော် ကားမရပ်သေး..။
စံပြ..။ မှတ်တိုင်တွင် ရပ်လိုက်ပါပြီ။
ကားသမားဦးလေးက 'သွား...သွား..ဦးလေး စောင့်နေမယ်။ အဲဒီ့ ကားနောက်မှာ ရှိမယ်။ အဲ့ ကားပေါ် တက်လိုက်။ သူ မောင်းထွက်သွားလဲ ဦးလေး နောက်က ဆက်လိုက်လာမယ်။ ကားခ နောက်မှ ရှင်း..။ မြေနီကုန်းတော့ ပွိုင့်မီမှာပဲ။ မြန်မြန်သွား..ကလေးမ'
သူစိမ်းတရံ၏ အကူအညီကို လှိုက်ကနဲ ကျေးဇူးတင်ရင်း အဓိပတိ အနီ ပေါ် ပြေးအတက် ကိုရွှေစပယ်ယာ က သွား သုံးဆယ့်နှစ်ချောင်းပေါ်အောင် ကြိုဆိုလေသတည်း။
လိုချင်သော ငွေကြေးပမာဏပေးအပြီး သူတို့ ကား လှည်းတန်းရောက်မှာပဲ၊ Taxi သမားပြန်လွှတ်ပေါ့၊ ပိုက်ဆံကုန်ပါတယ်' ဟု ကျေးဇူးရှင်မှ လောက၀တ်ပြုလာသည်။ ခပ်ယဲ့ယဲ့ အပြုံးဖြင့်သာ တုံ့ပြန်ရင်း 'အိမ် အထိ ငှားလာတာ' ဟု တိုပြတ်ပြတ် ပြောကာ နောက်တစ်မှတ်တိုင် တွင် စောင့်မောင်းနှင် ပေးနေပါသည့် Taxi ကားပေါ် ပြန်တက်ခဲ့သည်။
တာ့တာ အဓိပတိ (အနီ)။
ဘယ်သောအခါမှ မစီးတော့ပါ..။
ဒီဘ၀...ဒီမျှသာ..။
*******
အဆောင်ရှေ့ ကားရပ်သည်တွင် မွန်းလွဲ 3း15။
ကားသမားဦးလေးကို ကျသင့်ငွေပေး၍ ကျေးဇူးတင်စကားပြောကာ ၇ လွှာအမြင့်တွင် ရှိသော ကိုယ့်အခန်း ရှိရာသို့ လေးပင်ချည်နဲ့စွာ။ ရေသန့်တစ်ဘူးမှ လွဲ၍ တစ်နေ့တာလုံး မည်သည့် အစားမှ မစားရသေး။ သို့သော် စားချင်စိတ်လည်း မရှိ။ တံခါးချက်ထိုး၍ အိပ်ရာပေါ် ပစ်လှဲပြီး မကြာမီပင် အိပ်ပျော်ခြင်းသို့ရောက် ရှိပေတော့သည်။
ညနေခင်း အိပ်မက်ထဲတွင်တော့ ကိုယ် သည် ဂျိမ်းစ်ဘွန်းမင်းသမီးဖြစ်လျှက် လူဆိုးတွေနောက် တဒိုင်းဒိုင်း
နှင့် လိုက်လံပစ်ခတ်နေတော့သည် တမုံ။ အထူးအားရှိစရာကား ချစ်လှစွာသော ဘရက်ပစ်က ဘေးမှ မားမားမတ်မတ် ရပ်တည်ကာကွယ်နေသည်တဲ့လေ..။ ။
17.3.2013
AM:1း15
သဲထိတ်ရယ်နဲ့မှရင်ဖိုပါလားဟာ.....၊ညန်မာပြည်ပုံပြင်တွေက ထူးပေမယ့်
ReplyDeleteသိပ်မခြားနားပါဘူးလေ....၊စိတ်ဓာတ်အသိတွေဘယ်အချိန်ဘယ်ကာလမှ
ပြောင်းလဲကြမှာပါလိမ့်နော်....၊အင်း.....အိမ်မက်ထဲမှာ ဘရပ်ပစ်ရှိလို့တော်
သေးသပေါ့ ....ခိခိ
မမနေရာမှာ ညီမလေးဆို ဘယ်လိုနေမလဲ လို့ တွေးကြည့်လိုက်တာ...
ReplyDelete...တစ်ကယ်မလွယ်ပါလားမမရေ..:(
မောရပါ့နော်..
အမငီး....စာဖတ်ပြီးတစ်လျှောက်လုံး မောဟိုက်လာလိုက်တာ..နောက်ဆုံးခန်း ဇာတ်သိမ်းရောက်မှ အမောတော် ပြေသွားတော့တာပါလားကွယ်..( အော် လူတွေ...လူတွေ...)
ReplyDeleteအမငီး...စာဖတ်တဲ့တလျှောက်လုံး မောဟိုက်လာလိုက်တာ နောက်ဆုံးဇာတ်သိမ်းခန်း ရောက်မှ အမောတော် ပြေသွားတော့တာပါလားကွယ်.... ^_^( အော် ...လူတွေ..လူတွေ )
ReplyDeleteအကြောင်းအရာထက်.... အထူးသဖြင့် စာရေးသားဖွဲ့နွဲ့မှုအပေါ် နှစ်လိုခဲ့မိတယ်။
ReplyDeleteစိတ်ချမ်းသာခြင်းတွေနဲ့ အတူ ဆက်လက် အောင်မြင်ပါစေ ညီမလေး။
ဖတ်ရင်းနဲ့ ကာယကံရှင်လိုပဲ စိတ်မောရပါတယ်...
ReplyDeleteအဆင်ပြေသွားတာပဲ ကျေးဇူးတင်ရမယ်လို့ ပြောရနိုင်မလား...
ဘာပဲဖြစ်ဖြစ်...တက္ကစီဆရာကြီးက ကျေးဇူးတင်စရာ...
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
ကြုံရဆုံရ ဘုံဘဝပေါ့ ညီမရယ်။
ReplyDeleteတကယ်တော့ ဒီလောက် မပေးသင့်သလို . . .
အေးလေ . . .
အခြေအနေ တစ်ရပ် အရ လုပ်ရတာပဲလေ။ လုပ်ရမှာပေါ့။
နောက်ဆို ပိုဂရုစိုက်ပေါ့။
ပျော်ရွှင်ပါစေ။
ထင်တော့ထင်သား မသူအတွက်တော့ ဆေးစက်ကျရာ အရုပ်ထင်မှာပါပဲ :)
ReplyDeleteကိုယ်ပါ အဓိပတိနောက် ရောယောင်လိုက်ရင်း မောနေခဲ့တယ်...၊ အဖြစ်အပျက်က ရုပ်ရှင်ဆန်ဆန် သည်းထိတ်ရင်ဖို ပါလား ညီမရေ...၊ တကယ်လိုအပ်ချိန်မှာ အကူအညီပေးခဲ့တဲ့ တက္ကစီသမား ဦးလေးကြီးက ကျေးဇူးတင်စရာနော်...၊
ReplyDeleteမဟုတ်မှလွဲရော...၊ ညနေခင်း အိပ်မက်ထဲမှာ ဘရက်ပစ်ဒ် ဖြစ်သွားတာ သူပဲ ဖြစ်ရမယ်...။း))
စာရေးကောင်းတယ်.
ReplyDeleteနောက်ဆုံးစာသားဖတ်ပြီး ရယ်မိတယ်ဗျ........း)
ညနေခင်း အိပ်မက်ထဲတွင်တော့ ကိုယ် သည် ဂျိမ်းစ်ဘွန်းမင်းသမီးဖြစ်လျှက် လူဆိုးတွေနောက် တဒိုင်းဒိုင်း
နှင့် လိုက်လံပစ်ခတ်နေတော့သည် တမုံ။ အထူးအားရှိစရာကား ချစ်လှစွာသော ဘရက်ပစ်က ဘေးမှ မားမားမတ်မတ် ရပ်တည်ကာကွယ်နေသည်တဲ့လေ..။ ။
ကိုညိမ်းနိုင် >> ဟုတ်ပ..ဟုတ်ပ..။ အဲဂလိုပဲ ဘရက်ပစ်ရှိတာ စိတ်ချမ်းသာရသအေ :P
ReplyDeleteညီမအိန်ဂျယ် >> တွေးကြည့်ရင်တော့ ဟုတ်တယ် ညီမလေးရေ..။ ဒါပေမယ့် ဇောနဲ့ကျတော့ ဒီလိုပဲ ပြီးသွားတာပါပဲရယ် :) ။
ကိုညီလင်းနိုင် >> စာရေးသားမှုကို အာရုံစိုက်မိတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ဗျာ.. :) ။
ကိုဏီ >> ဟုတ်တယ် ကိုဏီ။ တက္ကစီမောင်းတဲ့ ဦးလေးကို တကယ်ကျေးဇူးတင်မိတယ်..။
ကိုဇော် >> ဟုတ်တယ် ..ညီမလဲ ပေးရတာ မတန်သလိုပဲ...ဒါပေမယ့် ကိုယ့် ကဒ်ကို ရုံးက ပိတ်လို့ရမှာက ဆိုခဲ့တဲ့ အတိုင်း တစ်လနီးပါးကြာမယ်ဆိုတော့လည်း :( ။ (သူ သုံးနေမှာစိုးတဲ့ ကိုယ့် ပုတ်စပ်မှုလည်း ပါပါတယ် :D )
myomyint aung >> အဟဲ....အမှန်က..“ဘယ်လိုဖြစ်တာလဲ” ဆိုတဲ့ အမေးတွေကို ဖြေရတာ အပ်ကြောင်းထပ်လာလို့ ရေးတာလဲ ပါတယ်။ အခုတော့ သိချင် ပို့စ်လေးသွားဖတ်လို့ညွှန်းလို့ရပြီလေ :D
ကိုညီ >> အဖြစ်အပျက်က ရုပ်ရှင်ဆန်ပေမယ့် တကယ်ကြီးကို ဖြစ်သွားခဲ့တာပါ အကိုရာ...။ ကိုယ့် ကဒ်ကလေးပြန်လိုချင်တော့လည်း လုပ်မိလုပ်ရာ လုပ်ဖြစ်သွားတာပါပဲ..။ ဧပြီလ ထောင်ဂဏန်းနဲ့ထွက်မယ် ဆိုပေမယ့် အစိုးရကို မယုံတာရယ်...ကိုယ်ကလည်း ဒီနံပါတ်လေးပဲ ပြန်လိုချင်တာရယ်...။
အမလေး....အိပ်မက်ထဲလည်း ဘရက်ပစ် အစစ်ပါတဲ့ဗျားး.....ကားသမားဦးလေး မဟုတ်ရပါဘူး...။
အီးးးးးးးး ပြောရက်လေခြင်း :D :D :D
နှင်းဆီရောင် >> နှင်းဆီရောင် ရယ်မိသလို ကျမလည်း ရယ်မိတယ်။ ကျမ တော်တော် ပေါသေးတာပဲလို့..ဟီးး :D
Chaw Su Win >> အစ်မရေ...ဒီနေ့မှ Spam ထဲ ၀င်လိုက်မိလို့ အစ်မ ကွန်မန့်လေးတွေ့တာနဲ့ ပြန်ထုတ်လာခဲ့ရတယ်..။ တကူးတက အားပေးပြီး ခြေရာလေးထားခဲ့တာ ကျေးဇူးပါ အစ်မရယ်..။
ReplyDeleteဒီနေ့မှ ညီမလေး တွေ့မိတာလည်း ခွင့်လွှတ်ပါ :))) ။
အမယ်လေး မမရယ် မောထှာနော် ... ဖုန်းက်အသစ်လျှောက်ရင်တောက် အဲလောက်စိတ်ပင်ပန်းမယ်မထင်ဘူး ... Taxi သမားဦးလေးကြီးကိုလည်း ကျေးဇူးတင်ရမယ် ... ပဲပြောပြောပေါ့လေ P.C.O နဲ့ဝေးသွားပြီပေါ့ ... :)
ReplyDeleteဟီးး..မိုးည ရေ
ReplyDeleteဒီ မနက် ဂျာနယ်တစ်စောင်ထဲမှာ ဧပြီလ (၁) ရက်နေ့ကို ထောင်ဂဏန်းနဲ့ ချပေးမယ် ဆိုပဲ :D
ခုလောက်ဆို အဓိပတိက မမ ကို ရယ်မောနေလောက်ကြပြီ။
ဒါပေမယ့် မမ ကတော့ ကိုယ့် နံပါတ်ကို ကိုယ် ပြန်ရတာရယ်
အိုလေ..အလကားမတ်တင်း မမ နံပတ် သင်း ကိုင်နေမှာ မလိုလားတာရယ်...
စိတ်..စိတ်.... :D
ဟဲဟဲဟဲ
ReplyDeleteအပေါ်က မောင်နှစ်မတွေ အကုန်လုံးကို သတင်းတစ်ခု ထပ်ပေးချင်တာက
ဒီကနေ့ အိမ်က အစ်မက ဆက်သွယ်ရေးကို သွားပြီး ကဒ် ပြန်တွေ့လို့ cancel
လုပ်ချင်ပါတယ်ဆိုတော့...ဘာပြောလဲ သိလား ?
cancel လုပ်ကြောင်း လျှောက်လွှာတစ်စောင်ထပ်တင်ရမယ်တဲ့
ဟို လျှောက်လွှာဖျက်လို့မရဘူးတဲ့...။
ဟီးး :D :D
အယ် ... ဒုက္ခော ... ဘယ်လိုဆက်သွယ်ရေးရုံးပါလိမ့် ... သူတို့ရောင်းစားစရာ စာရွက်တွေပိဿာချိန်မပြည့်သေးလို့ဖြစ်မယ်နော် မမ ... :P
Deleteဖတ်လိုက်ရတာ တော်တော်မောသွားတယ် ညီမ။ ကိုယ်တိုင်လိုက်နေရတာဆိုတော့ ပိုမောမှာဘဲ ၊ ကိုယ်ချင်းစာမိတယ်။ တော်တော်စိတ်ထားပုပ်တဲ့ စပယ်ယာဘဲ။ Taxiသမားကောင်းလို့တော်သေးတယ်။
ReplyDeleteလရိပ်စင်ကာပူမှာဖုန်းပျောက်တုန်းက ဘာမှပြန်မရဘူး။ ပျောက်ပျောက်ချင်းရက်ဖုန်းခေါ်တယ်။ ဖုန်းပိတ်ထားတယ်။ နောက်တရက်ခေါ်တယ် ၊ အင်းမလုပ် အဲမလုပ်နဲ့၊ ဘာမှပြန်မပြောဘူး။ ကိုယ်ကတော့ အသံကြားလို့ ဝမ်းသာလိုက်ရတာ၊ ကိုယ်ဖုန်းပျောက်သွားလို့ ဘယ်နားလာယူရင်ရမလဲ မေးတာ ပြန်မပြောဘူး။ အဲဒါနဲ့ဘဲ အကုန်လုံးပြန်ဝယ်လိုက်ရတယ်။ ပင်နီဆူလာမှာ ထမင်းသွားစားတော့ ကိုယ့်ဖုန်းလိုမျိုးဘဲ သူများကိုင်ထားတယ်။ မေးချင်စိတ်ကို မနဲအောင့်ထားရတယ်။
မမလရိပ်ရေ..
ReplyDeleteမမ ဖုန်းခေါ်ကြည့်တော့ ပြန်ထူးတဲ့အသံက မြန်မာမှ ဟုတ်ရဲ့လား ?
ပင်နီဆူလာမှာ တူတာလေးတွေ့တယ်ဆိုတော့ မြန်မာတွေပဲ နေမှာပါလေ
ဟီးဟီး
တထိတ်ထိတ်နဲ့ဖတ်နေလိုက်တာ..
ReplyDeleteကားတစ်ခါလွတ်သွားတိုင်း..“ ဖြစ်ရလေ”... “ကျွတ်...” “ အမြန်လိုက်လေ” “နေရာသေချာမေးရဲ့လား”နဲ့ မေးခွန်းတွေ ထုတ်သွားလိုက်တာ..
အဆုံးသတ်မှ သက်ပြင်းချမိတယ်...
ကူညီတဲ့ကားသမားနဲ့ ဘရက်ပစ်ကြောင့်အမောပြေစေတဲ့ အိမ်မက်ကိုတော့ ကျေးဇူးတင်ကို တင်ရမယ်..