မျှော်လင့်ချက်မဲ့တယ်ဆိုတာထက် မမျှော်လင့်တော့ဘူး ဆိုတာကော ကိုယ့်အတ္တကို ကိုယ် လှည့်စားခြင်းလား
ရပ်တည်ရှင်သန်ရတဲ့ ဘ၀ကိုတော့ ညည်းငွေ့တယ်...ဒါသည်လည်း ညစ်ညူးခြင်းတစ်မျိုးပေပဲလား
လိုအင်ဆန္ဒတွေတော့ ရှိခဲ့..ရှိဆဲပါ..
ဒါပေမယ့် ဖြစ်လာ မဖြစ်လာဆိုတာတွေကို အခုလက်ရှိအသက်အ၇ွယ်မှာ သိပ်မတုန်လှုပ်တော့ဘူး
ဒါဟာ လောကဓံကို စေစေ့ကြည့်နိုင်ခြင်းလား......ဆိတ်ငြိမ်သေ၀ပ်မှုတော့ မဟုတ်လောက်သေး ဘူးလို့တော့ထင်တယ်
ဥပမာ-ကျွန်မ လိုချင်တဲ့ အောင်မြင်မှုတစ်ခုအတွက် အခု ကျွန်မ အားထုတ်နေပါတယ်....
ဒါပေမယ့် အဲဒီ့အားထုတ်မှုရဲ့ရလာဒ် အဖြေကို ကျွန်မ ထူးပြီးထိခိုက်ခံစားနေမှာ မဟုတ်ဘူး
သို့ပေမယ့် လူများများရှိတဲ့နေရာတွေကိုတော့ တဖြေးဖြေးညည်းငွေ့လာသလိုပဲ
ဒါသည်ကော ဘယ်လိုအရာမျိုးပါလိမ့် ...........
သီချင်းသံ မပါတဲ့ တီးလုံးသက်သက်ကိုပဲ တစ်ချိန်လုံး နားထောင်နေမိတယ်
သီချင်းစာသားတွေ ကျွန်မမကြိုက်ဘူး
စကားသံတွေကို ရွံမုန်းတယ်
ကွန်ပျြူတာကီးဘုတ်ပေါ်က လက်တွေ အရင်လို မသွက်တော့ဘူး
ကျွန်မ အတွေးအာရုံထဲမှာ အသိဥာဏ်တွေ ဝေေ၀၀ါးဝါး
လူတွေ ဘာကြောင့်များ.....တစ်ယောက်နဲ့ တစ်ယောက် ဓားတစ်လက်နဲ့ ချောင်းမြောင်းနေကြပါလိမ့်
မေတ္တာတွေ ဆိတ်သုဉ်းသွားတဲ့ နေရာမှာ ကျွန်မ တစ်ယောက်တည်း ရော်ရွက်ဝါတွေနဲ့ ကျန်ရစ်ခဲ့တယ်
လက်ညှိုးတွေ........မြေနိမ့်ရာ လှံစိုက်ကြတဲ့ လက်ညှိုးတွေ......
သွက်လက်ရန်လိုခြင်းမရှိတဲ့ ကျွန်မ စကားသံတွေ ဆွံ့အ
သံသရာ.................
ဒီဘ၀ ဒီဝဋ်ကြွေးများကို ကျေပါစေ
တစတစ ပြိုကျလု ကမ်းပါးက နှလုံးသားကို တဖဲ့ဖဲ့ချွေ
အမောများထဲက တီးလုံးသံခပ်တိုးတိုးလေးကို လေတစ်ခုပမာ ခပ်မျှင်းမျှင်းရှုရှိုက်မိနေပါတယ်...။
11.4.2013
AM:11:46

မျှော်လင့်ကမ်းပါးပြိုမှုဟာ တဆတ်ဆတ်ခါလို့ ....
ReplyDeleteနာကျင်နေတဲ့ စကားလုံးတွေကို
ကိုယ်ချင်းစာစိတ်နဲ့
မျှဝေခံစားခဲ့တယ် ညီမလေး။
မောပန်းနွမ်းနယ်မှုတွေ အများကြီးကို ခံစားလိုက်ရတယ်...၊
ReplyDeleteဘယ်လို အခြေအနေပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ အောင်မြင်ကျော်လွှား သွားနိုင်မှာပါ ညီမလေးရေ...။
ကျနော်လဲအခုအရမ်းနာကျင်ခံစားနေရလို့ ဒီစာလေးဖတ်မိတော့...........................................................................................................................................................း(
ReplyDeleteပိုစ့်လေးဖတ်ပြီး မမရင်ထဲကို လှမ်းမြင်လိုက်ရတယ် ... အတော်လေးပင်ပန်းနွမ်းနယ်နေပါလား မမရေ ... အားတင်းထားနော် ... ခိုင်ထူးသီချင်းလိုပေါ့ ... “အားလုံးကို ကျော်ဖြတ်ရမယ် ... ”... :)
ReplyDeleteမျှော်လင့်ကမ်းပါးပြို နေတဲ့ မင်းသမီးလေးကို ဆက်ပြီးမျှော်လင့်နေစေချင်မိတယ်...။
ReplyDeleteFighting sis!! This will too pass.
ReplyDeleteအားပေးစကားများအတွက် ၀မ်းသာကြည်နူးရပါတယ်..။
ReplyDeleteကျေးဇူးပါရှင်...။ :))
ပန်းသမျှကိုလည်း ဖြေပါ
ReplyDeleteနွမ်းသမျှကိုလည်း ဖြေပါ
ဟော..ဟို...ကနွေကတော့ မိုးဦးနဲ့အတူ စိမ်းနေပြန်ပြီ ။