Friday, May 17, 2013

~~@ မိုးး (၂ ) @ ~~







မိုး
မျှော်လင့်တမ်းတ
စိတ်ဝယ်မောသည့်
ပူပြင်းရှရှ..မှန်သမျှ
ခြေဖျက်ပေးခဲ့..။

မိုးး
စိုးတရိပ်ရိပ်
သည်းထိတ်ဗျာပါ
အက်ကွဲခြုံးကျ
ညင်သာသက်ခဲ့..။

မိုးးး
သန်းခေါင်လန့်နိုး
စေးထန်လောင်မြိုက်
မောဟိုက်နွမ်းလျ
ဖြေလျော့ပေးခဲ့...။

မိုးးးး
အေးငြိမ်းချမ်းမြ
ဖြူလွလွ တွက်
ဝမ်းပန်းတသာ
ကြိုကာလင့်သည်။

မိုးးးးး
ကြည်လင်အေးချမ်း
စိမ်းစိုလမ်းကာ
လတ်ဆတ်လေထု
တသင်းသင်းပျံ့
မြေရနံ့နှင့်
ပန်းမာလာသာ
ငြင်သာလွလွ
ယုယချင်သည်
ထစ်ချုန်းသံမြည်
ဟိန်းဟိန်းစည်သော
ကြမ်းတမ်းမုန်တိုင်း
မခေါ်လာနှင့်
------------
အကျွန် ကြိုလင့်
မကြိုလင့်...........။ ။

ရွှေအိမ်စည်
17.5.2013
PM:4:12

6 comments:

  1. အိုးးးးးးးးးးးး ဘာဖြစ်လို့လဲ မမ ???
    :PPPPPPPPPPPPPPPPPPP

    ချစ်တဲ့.....မိုးနတ်

    ReplyDelete
  2. အကျွန်.....ကြိုလင့် မကြိုလင့် ဆိုပိုကောင်းမလားလို့ ။

    ReplyDelete
    Replies
    1. ဟုတ်..ပြင်လိုက်ပါပြီ ကိုမင်းဧရာ
      ကျေးဇူး :))

      Delete
  3. ကျနော်ကတော့ မိုးရွာရင် ကြောက်တယ်း)

    ReplyDelete
  4. ကဗျာလေးကချစ်ဖို့ကောင်းလိုက်တာ... ကဗျာရှင်လိုဘဲ...

    ReplyDelete
  5. မိုး လေး က လှလိုက်တာ..။

    ReplyDelete