Monday, June 10, 2013

♥ အဆုံးမဲ့သော ♥



တစ်ခဏစာ ဘ၀လေးထဲ
သိမ်မွေ့တဲ့ ချစ်ခြင်းတရားများနဲ့
နွေးထွေးစွာ အမှတ်ရခြင်းတွက်
ကျေးဇူးတင်တယ် ♥

တောင်စဉ်တွေ ကာရံထား
မိုင်တွေထောင်ချီဝေးနေလည်း
သတိရခြင်းစိတ်အလျဉ်က
တရိပ်ရိပ်နီးကပ်စေခြင်းတွက်
ကျေးဇူးတင်တယ် ♥

မမြင်နိုင်သော တစ်ဘက်ခြမ်း
သူ တိုးဖွဖွရယ်သံနဲ့
ကရုဏာလွှမ်းသံစဉ်
ရင်ကို ခိုငြိခဲ့စေခြင်းတွက်
ကျေးဇူးတင်တယ် ♥

နားလည်ခြင်းဆိုတာထက်
အလုံးစုံသိခြင်း
ကောင်းခြင်း ဆိုးခြင်း
ရှိခြင်း မရှိခြင်း
ဖြစ်တည်ခြင်း မဖြစ်တည်ခြင်း
ကြည်လင်စွာ ဖွဲ့တည်ခြင်းတွက်
ကျေးဇူးတင်တယ် ♥

သံသာသာ ဆိပ်ကမ်း
မမောမပန်းသရွေ့
အရှိတရား ရေလျဉ်ထဲ
တို့ အတူ ကူးခေတ်မယ်...

အေးချမ်းစွာ
ညင်သာစွာ
နူးညံ့စွာ
သိမ်မွေ့စွာ
♥ ♥
။ ။

9.4.2013
AM:9:06

No comments:

Post a Comment