Monday, June 10, 2013

တံတား



အသုံးပြုခြင်းရှိသလို
နင်းချခြင်းလည်းရှိပေမယ့်
လိုရာတစ်ဖက်ကမ်း
ရောက်သွားတဲ့အတွက်
ဝမ်းသာတယ်။
တံတားရှိမှန်းမသိလို့
လမ်းရှည်ကသွားသူများ
တံတားပေါ်ဖြတ်လျောက်ဖို့ အားနာနေသူများ
တံတားဟာ တံတားဟုတ်ရဲ့လားလို့
ဇဝေဇဝါ ဖြစ်နေသူများ
ဝမ်းပမ်းတသာ
အင်တင်တင်
အယုတ်အလတ်အမြတ်မရွေး တစ်ဘက်ကမ်းကိုရောက်အောင်
ပို့ဆောင်နိုင်ခဲ့လို
တံတားက ဝမ်းသာတယ်
တစ်ဖက်ကမ်းမှာ စုစုရုံးရုံး
တံတားလေးမှာ ခြောက်သွေ့သွားလဲ
လိုရာရောက်ကြခြင်းတွက်
တံတားက ဝမ်းသာတယ်။         ။


ရွှေအိမ်စည်
2.6.2013
PM:9:44


Photo from : Internet

8 comments:

  1. ခေါင်းစဉ်နဲ့ ကဗျာထဲက စကားလုံးတွေနဲ့ အံကိုက်ပဲ....
    သရုပ်ဖော်ဇာတ်လမ်းတစ်ခုလို ကွင်းကွင်းကွက်ကွက်လဲ
    မြင်ယောင်မိပါရဲ့....အဓိပ္ပါယ်လဲ အပြည့်ပဲ...
    တံတားလေးရေ....
    မင်းကို ကိုယ်ချစ်တယ် :)))

    ချစ်တဲ့...မိုးနတ်ကြယ်စင်

    ReplyDelete
  2. တစ်ကယ့် ကို ပေးဆပ်သူ ရဲ့ ချစ်ခြင်း မေတ္တာ တွေကို တံတားလေး မှာ တွေ့ ရတယ်...။ တံတားလေး ဖြစ်ဖို့ ကြိုးစားရမယ်..။ ကိုယ့်ကို အသုံးပြုတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကို နင်း သွားမှာပဲ ဖြစ်ဖြစ် သူတို့ လို ရာရောက်ရင် ပဲ ကျေနပ်တတ် နေဖို့ ဆိုတာ အကောင်းမြင်ပေးနိုင်မှ ရမှာ နော်...။ သွင် တော့ အများကြီး ကြိုးစားရအုံးမယ် ....။ ကိုယ့်ကို အသုံးပြု လိုက်လို့ သူတို့ လိုရာရောက်တာကို ဝမ်းသာပေးနိုင်အောင် ဆိုတာ လွယ်လွယ်နဲ့ တော့ မရနိုင်ဘူးနော်...။
    ကိုယ့်ကို နင်းသွားတာကို ဝမ်းသာပေးဖို့ ဆိုရင် ပိုခက်မယ်နော်..။ တံတားလေး ဖြစ်ချင်လိုက်တာ...။

    ReplyDelete
  3. ဝမ်းသာပါတယ် ၊ သဘောကျမိတယ်။ တံတားကဗျာကို ရေးသော ရွှေအိမ်စည်သို့ ။

    ReplyDelete
  4. နင်းကာဖြတ်လျှောက်
    တဖက်ရောက်လျှင်
    သူ ပြုံးရွှင် ၏
    ကျွန့်ရှင် စိတ်ထားဤ သို့တည်း ။

    ReplyDelete
  5. တံတားကဗျာလှလှလေးကိုဖတ်သွားပါကြောင်း :D :D :D

    ReplyDelete
  6. "... like a bridge over trouble water ..." ဆိုတဲ့ သီချင်းစာသားလေးတောင် ခေါင်းထဲရောက်လာခဲ့တယ် ညီမသူသူရေ...၊း)

    ဘဝရဲ့ ဒုက္ခမြစ်တွေ တစ်စင်းပြီးတစ်စင်းပေါ်က တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်ဖို့ ညီမရဲ့ ကဗျာလေးထဲက တံတားမျိုးတွေ အများကြီး လိုမယ်လို့ တွေးမိသွားတယ်..။

    ReplyDelete
  7. ကဗျာလေးကောင်းလိုက်တာ...

    ReplyDelete
  8. ကဗျာလေး ဖတ်သွားတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်တယ်...။
    :) :) :)

    ReplyDelete