Whenever u call…..
ဖုန်းမြည်သံလေးက သုံး လေး ချက် မြည်ပြီးပြန်ကျသွားတယ်။
စာရွက်တွေ တစ်ပုံတပင်တဲ့ ခေါင်းမဖော်နိုင်တဲ့ ကျွန်မ
လက်လှမ်းဝေးရာရောက်နေတဲ့ ဖုန်းလေးကို မနည်း အားစိုက်ယူရတယ်။ လူတစ်ကိုယ်လုံး
စာရွက်တွေက ဖုံးလို့….နိစ္စဓူဝေ၀မယ့် စိတ်ကရှုပ်ထွေး နောက်ကျိ နေတယ်။ miss
called တွေ့တဲ့ ဖုန်းနံပါတ်လေးကိုပြန်ခေါ်လိုက်တော့ “ရှင်
မသိဘူး.. ရုံးဖုန်းပါ.... .ဘယ်သူနဲ့တွေ့ချင်လို့လဲ” အမေးစကားကြားရတော့
နဂိုစိတ်မရှည်လက်မရှည် ကိုယ်က ပြန်ချ လိုက်တယ်။ အဲလောက်ထိ
ခေါင်းမစားနိုင်ဘူး..အဲ့ဘက်က အသံချိုချိုလေးရေ…။
ချက်ချင်းလို ဖုန်းလေးက ပြန်မြည်လာတယ်.။“ဟဲလို”
“ညီမ သူသူဟန်လား”
“ဟုတ်ကဲ့”
“အစ်မပါ မြသွေးင်္နီ”
“ရှင်….ဟာာာ အစ်မ ဆောရီး..အစ်မမှန်း မသိလို့”
နည်းနည်းကောက်ချိတ်နေတဲ့စိတ်က အရည်ပျော်သွားပြီး ကြည်လင်စပြုလာတယ်။
မမ က ဟိုနေ့များက ကျွန်မ မေးထားတဲ့ ကဗျာစာအုပ်လေးထုတ်ဖို့ကိစ္စ
အကြောင်းပြန်နေ တာပါ။ ဖေ့ဘုတ် ထဲ စာပို့ထားတယ်ပြော..ကျွန်မက အလုပ်မအားလို့
မဖွင့်ရသေးဘူး ပြောနဲ့… အလုပ်အကြောင်းပြောနေ တုန်း…မမ စကားထဲမှာ
အစ်မအမျိုးသား ကိုမော်ကြီးဆိုတာ ပါလာတော့ ရင်က ဒိတ်ကနဲ ဖြစ်သွားတယ်…။ မမ
စကားကို မစောင့်နိုင်အားဘူး။ ချက်ချင်းပဲ ကမူးရှုးထိုးနဲ့ မေးမိတယ်..။
“ဟင်…ကိုမော်ကြီးဆိုတာ….ကိုညိုရင့်လား…အဲဒါ အစ်မအမျိုးသားလား……”
“ဟုတ်တယ်လေ ညီမလေး”
အိုးးး…….ကျွန်မ ဘာလို့ နီးရက်နဲ့ ဝေးနေခဲ့ပါလိမ့်..။ “သက်တံ့ဆယ်စင်း”
စာအုပ်မှာ သူတို့တွေ ကြော်ငြာ ကြ၊ ပြောကြတဲ့ AMK Creation က ကိုမော်ကြီး
….နောက် က ကိုညိုရင့်ဆိုတဲ့ နာမည်မြင်ကတည်းက ကျွန်မ ဘယ်သူ့ကို
လိုက်မေးရမှန်း မသိခဲ့တာ..။ နောက်တော့ ကိုရန်အောင် စီစဉ်တာပဲ..သူ
သိနိုင်တယ် ဆိုပြီး..ဖေ့ဘုတ်မှာ ကိုရန်အောင်ကို စာပို့ခဲ့ပါတယ်။
”အစ်ကို….ကိုမော်ကြီးဆိုတာ ကဗျာဆရာ ကိုညိုရင့်လား..လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ကန်တော်လေးမှာ နေခဲ့ဖူးလားလို့ မေးပေးပါ” လို့။
ဒါပေမယ့် ကိုရန်အောင်က မြန်မာပြည် ပြန်ရောက်လို့ပဲ ဖေ့ဘုတ် မသုံးဖြစ်တာလား။ ကျွန်မ စာကိုပဲ သတိမမူမိလို့လား….စာပြန်မရခဲ့ဘူး..။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ခန့်မှန်းချေ 2001 ၀န်းကျင်က ကျွန်မ စာပေကို
လှုပ်ရှားအားကောင်းနေတဲ့ ဆယ်ကျော်သက်အရွယ် ကလေးမလေးတစ်ယောက်ပါ။ အသက်တောင် 18
၊ 19 ၀န်းကျင်ပေါ့..။ တကယ် တမ်း ရေးတာက ၀တ္တု၊ ကဗျာ၊ အက်ဆေး ပါ။ ဒါပေမယ့်
တစ်နေ့ ကျွန်မ တို့ ပုသိမ်စာနယ်ဇင်းက ကြီးမှုးပြီး
ရန်ပုံငွေပွဲတစ်ခုလုပ်ပါတယ်။ မိုးရာသီဈေးရောင်းပွဲတော် ဆိုပြီး
ပြုလုပ်ကြပါတယ်။ ပထမဆုံး လုပ်တဲ့ ပွဲဖြစ်လို့ စာနယ်ဇင်းဥက္ကဌက ဒီသတင်းလေး
မဂ္ဂဇင်းတစ်ခုခုမှာ ပါချင်တယ်လို့ ဆန္ဒပြုလာတဲ့အခါ ကျွန်မ
ပြုလုပ်ပေးချင်စိတ်ပေါက်လာပါတယ်။ ကျွန်မ နယ်တော့ မဟုတ်လှပေဘူး။
အင်တာဗျူးလေးတွေ ပါတဲ့ သတင်းဆောင်းပါးဆိုတာ ကျွန်မ အရင်ကတည်းက
မပြုလုပ်ခဲ့ဖူးတဲ့ အရာပါ။
အဲဒါနဲ့ ဗီဒီယိုရုပ်ရှင်ဂျာနယ်က အယ်ဒီတာကိုညိုရင့် ဆိုတာကို ကျွန်မ ဆက်သွယ်ခဲ့ပါတယ်။
ဆရာ့ကို ဆက်သွယ်ပြောပြတဲ့အခါ လိုလိုလားလား ကူညီပေးမယ်၊ သူ ထည့်ပေးမယ်ပြောပါတယ်။ အဲ့တုန်းက ကျွန်မ ၀မ်းသာမှုက ပြောမပြတတ်အောင်ပဲ။ ကိုယ့် နယ်မဟုတ်တဲ့ လိုင်းကို ကျွန်မ ရအောင်ရေး မယ်။ ဒါလေး ပါလာရင် ပုသိမ်က လူတွေလည်း ကျေနပ်မယ်။ ကျွန်မ လည်း ကိုယ်လုပ်ချင်တာ လုပ်ရလို့ စိတ်ကျေနပ်မယ်။
ဆရာ့ကို ဆက်သွယ်ပြောပြတဲ့အခါ လိုလိုလားလား ကူညီပေးမယ်၊ သူ ထည့်ပေးမယ်ပြောပါတယ်။ အဲ့တုန်းက ကျွန်မ ၀မ်းသာမှုက ပြောမပြတတ်အောင်ပဲ။ ကိုယ့် နယ်မဟုတ်တဲ့ လိုင်းကို ကျွန်မ ရအောင်ရေး မယ်။ ဒါလေး ပါလာရင် ပုသိမ်က လူတွေလည်း ကျေနပ်မယ်။ ကျွန်မ လည်း ကိုယ်လုပ်ချင်တာ လုပ်ရလို့ စိတ်ကျေနပ်မယ်။
ကျွန်မ ရေးပြီး ပို့လိုက်တဲ့ ဓာတ်ပုံတွေ တပုံတခေါင်းပါဝင်တဲ့ သတင်းဆောင်းပါးလေးကို ဆရာထည့်ပေးတဲ့ အခါ၊ ပုံနှိပ်စာလုံးနဲ့ ပြန်မြင်ရတဲ့ အခါ…။ အဲဒီ့မှာ ဆရာ့အပေါ် ချစ်ခင်လေးစားစိတ်တွေ ပိုလာခဲ့ရတော့ တာပါပဲ။ ကျွန်မ ကြိုးစားရေးပေမယ့် ရေးနေကျလက်က ၀တ္တုလိုလို၊ စာညွန့်လိုလို….ဒါကို ဆရာက ပြုပြင် ဖန်တီးပေး လိုက်တာ… စာလုံးတွေ၊ ၀ါကျတွေ အနည်းငယ် ပြောင်းလဲပေးလိုက်ရုံနဲ့ ဖတ်ချင်စဖွယ် သတင်း ဆောင်းပါးလေးတစ်ပုဒ် ဖြစ်သွားပါတယ်။ အဲဒီ့တော့မှ သြော်…သတင်းဆောင်းပါးဆိုတာ ဒီလို ရေးရပါ လားလို့ ကျွန်မ သိခွင့်ရခဲ့တယ်။
နောက် လအနည်းငယ်မှာ..ရန်ကုန်ကို သွားစရာကိစ္စတစ်ခုပေါ်လာတာနဲ့..ကျွန်မ
တို့ ညီအစ်မတွေ ကန်တော်လေးက ဆရာ့အိမ်ကို ရောက်ခဲ့ပါတယ်။ ဆရာ့ကို
ကန်တော့အပြီး….. ဆရာတို့ တိုက်ခဲ့တဲ့ အအေးတွေလည်း သောက်ခဲ့ရဲ့။
အေးဆေးတည်ငြိမ်တဲ့ ဆရာရယ်၊ ရင်းနှီးဖော်ရွေတဲ့ ဆရာ့အမျိုးသမီးရယ် ကို ကျွန်မ
တစ်သက်မမေ့ခဲ့ဘူး။ အပြန်လမ်းမှာ ညီအစ်မနှစ်ယောက်စလုံး
“နှစ်ယောက်စလုံး သဘော ကောင်း တယ်နော်” ဆိုတာ တဖွဖွ ပြောရင်း ကျွန်မ တို့
ပုသိမ်ကို ပြန်လာခဲ့ကြတယ်။
နှစ်တွေ တိုက်စား၊ သက္ကရ်ာဇ်တွေပြိုကျ၊ ကျွန်မ ဘ၀လှုပ်ရှားမှုတွေမှာ စာပေက
မြုပ်လိုက်၊ ပေါ်လိုက် ဖြစ် မယ့် ဆရာ့ကိုတော့ မှတ်မိသတိရနေဆဲပါ။ တစ်နေ့တော့
အေးချမ်းဖော်ရွေတဲ့ ဆရာတို့ ဇနီးမောင်နှံ နှစ်ယောက်ထံ ပြန်သွားဦးမယ်လို့
စိတ်ကကြံရွယ်ပေမယ့်…စာပေအသိုင်းအ၀ိုင်းနဲ့က ကျွန်မ တဖြေးဖြေး ဝေးလာခဲ့ပါပြီ။
သက်တံ့ဆယ်စင်း က အစပြုလို့ ကိုညိုရင့်၊ ကိုမော်ကြီး ဆိုတာကို မြင်တွေ့ရတဲ့ အခါ ကျွန်မ ဇဝေဇ၀ါဖြစ်လာတယ်။
“ဒါ ကျွန်မ ဆရာလား”
နှစ်ကာလတွေ ကြာညောင်းလို့ ရုပ်သွင်တွေ မမှန်းဆတတ်တော့ပေမယ့် ကျွန်မ ရင်ထဲမှာ သတိတရက တော့ ရှိနေတုန်းပဲ။
ဟိုမေး သည်မေး လုပ်နေပေမယ့် မမမြသွေးနီ နဲ့ ဆရာ့ကို မဆက်စပ်ခဲ့တာ အမှန်ပါ။ ဒီကနေ့ မမဖုန်းဆက်တော့မှ သိခွင့်ရတဲ့ အခါ ကျွန်မ ၀မ်းသာကြည်နူးမှုနဲ့ အသံတွေတောင် ကတုန်ကယင်ဖြစ်လို့..။
“မမ မမတို့ဆီ သမီး ရောက်ဖူးတယ်လေ…ကန်တော်လေးမှာလေ”
ဝမ်းသာအားရ ကျွန်မ အသံက ကမူးရှုးထိုးတော့ နိုင်ချင်နိုင်နေပါလိမ့်မယ်။
ဒါပေမယ့် ခံစားမှု အတိမ်အနက် ကို မမ မှန်းဆမိလိမ့်မယ် ထင်ပါရဲ့။ ဆရာ့ကို
လာတွေ့ဦးမယ် မမ လို့ တဖွဖွပြောရင်း….. ပိတ်ရက် တစ်ရက် မှာ မမဆီ
ဖုန်းဆက်ချိန်းဆိုဖို့ ကျွန်မ တစ်ဆက်တည်း ဆုံးဖြတ်ချက်ချပြီးသားဖြစ်နေတယ်။
ကမ္ဘာကြီးဟာ ကျဉ်းကျဉ်းလေးဆိုတာ ကျွန်မ လက်ခံခဲ့ပါပြီ။
မမ နဲ့ ဖုန်းအပြောအပြီး ခံစားချက်တွေကို မမြိုသိပ်နိုင်တော့လို့..ဒီ စာကို ရေးပါတယ်။
ဒီကနေ့ ကျွန်မ ရုံးမှာ အလုပ်တွေ တစ်ပုံတပင်ပါ။ ဒါတွေ အကုန် ခဏ လွှတ်ချလိုက်ပါတယ်။ မမ ပို့ထားတဲ့ ဆိုတဲ့ မက်ဆေ့တော့ လိုင်းမကောင်းတာကြောင့် ဖွင့်မရခဲ့ဘူး။ notes အနေနဲ့တော့ ပွင့်ကောင်းရဲ့လေ…။
ချစ်ခင်ဝမ်းသာမှုများနှင့် ဒီစာကိုရေးပါတယ်။
ဆရာနဲ့ မမ အေးငြိမ်းချမ်းသာပါစေ။
ချစ်ခြင်းမေတ္တာဖြင့်
ရွှေအိမ်စည်
29.11.2012
PM:3:45
ဒီလူနဲ့ဒီလူ အကြား နာမည်၊ လူ၊ အဖြစ်အပျက်တွေက ရောထွေးဝေဝါး နေခဲ့တယ်နဲ့ တူတယ်... ဟုတ်လား ညီမ?
ReplyDeleteဝမ်းသာပျော်ရွှင်မှုတွေက ဖတ်ရသူ ဆီကိုတောင် ကူးစက်လာရဲ့...၊း) အစ်မ မြသွေးနီတို့ မိသားစုနဲ့ အမြန်ဆုံး ဆုံနိုင်ပါစေဗျာ...။
ဒီနေ့ ပျော်နေတယ်..ပျော်နေတဲ့စိတ်နဲ့ ရေးတဲ့ အက်ဆေးလေးကို (စာရေးတာမှာ ကိုယ့်အတွက် hero ကိုညီ )ကွန်မန့်လာပေးတော့ ပျော်နေတယ်
Deleteဒီကနေ့တော့ ချစ်ခင်သူတွေနဲ့ တွေ့ရတဲ့နေ့..
ပျော်လေစွ :) :)
စာရေးကောင်းတဲ့ ရွှေအိမ်စည်ရဲ့ စာကိုဖတ်ရင်း
ReplyDeleteအပျော်တွေ ထပ်တူ ကူးစက် မျှဝေ ခံစားခဲ့ပါတယ်ဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေ ။
အမလဲ ဖတ်ပြီးသွားပြီ သူငယ်ချင်းပို့ပေးလို့လေ
ReplyDeleteပို့စ်လေး တင်တိုင်း လာဖတ်ပေးတဲ့၊ ကွန်မန့်လေးတွေ ချန်ထားပေးခဲ့တဲ့
ReplyDeleteကိုညီလင်းကော....၊ မမစံပယ်ကော ကို ကျေးဇူးတင်တယ်..
ဝမ်းလဲသာတယ်.....
:) :)
ကြားထဲက ကိုယ်တောင် ပျော်ရွှင်ရင်ခုန်လာတယ်..
ReplyDeleteရေးထားကွ ..FC ကြီး W/S တက်နေတုန်း............
ReplyDeleteညီမလေး.. ကြည့်စမ်း.. မြန်လိုက်တာ..ရေးတာ..
ReplyDeleteဖုန်းချလိုက်တာတောင် တစ်နာရီမရှိသေးဘူး...
ကိုမော့်ကိုပြောပြတော့ သူက ညီမကို ကောင်းကောင်းမှတ်မိနေတယ်..
ဝန်ခံရရင် အစ်မက ခုထိ ဇဝေဇ၀ါဖြစ်နေဆဲပဲ.. မမှတ်မိဘူးရယ်..
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား ညီမလေးရယ်..နော်..
အော်... မမြသွေးနီနဲ့ သိနေပြန်ပါရောလား မသူက
ReplyDeleteစာပေဝါသနာ ပါသူတွေရဲ့ ချစ်ခြင်းတွေကို လေးစား ကြည်နူးမိတယ်..။
ReplyDelete