Wednesday, February 20, 2013

ဥတုသုံးလီ




လောင်မြိုက် တညီးညီး
တံလျှပ်တဖျပ်ဖျပ်...
တစ်လောကလုံး ပက်ကြားအက်ပြီးမှ
ခြေသံ တဒိုင်းဒိုင်း
ရင်ဘတ်ကို တဂျိမ်းဂျိမ်းထု
အုန်းအုန်းထ ချုံးပွဲချငိုပြန်တယ်......။
တစ်ခါ...
မျက်လွှာကိုချ ဆံစကိုသိမ်း
မခို့ တရို့ မြောက်ပြန်လေနဲ့ 
အလိုမကျသလို စွတ်ထိုထိုင်းမှိုင်း
နှင်းရည်ငွေ့ တွေ့ က
သဇင်တွေကို လှမာန်ဝင့်စေပြန်တယ်....။           ။

ရွှေအိမ်စည်

No comments:

Post a Comment