Thursday, May 27, 2010

ဖေဖေပျော်ပါစေ

ဖေဖေ ထမင်းနဲ့ ငှက်ပျောသီးစားနေတာကြာပါပြီ ဒါပေမယ့် အမှတ်တမဲ့ ပါပဲ..။ဘာမှလဲ မမေးဖြစ်ပါဘူး..။တစ်နေ့ ညသန်းခေါင်လောက်တင်တယ် တရေးနိုးလာတော့ အိမ်ရှေခန်းကဖေဖေန့မေမေစကားပြောသံကြားရတယ်..။မေမေက စိတ်တိုနေတဲ့ လေသံနဲ ရှင်အလုပ်ကိုကောင်းကောင်းမွန်မွန်လုပ်စမ်းပါ၊ညနေရှင့်အမှုသည်မိန်းမကြီးပြောသွားတာကြားတယ်မလား၊ ဆရာဒီလိုသာအေးနေရင် ကျွန်မတို့ တခြားရှေ့ နေငှားရလိမ့် မယ်ဆိုတာလေ`..။ဘာမဟုတ်တဲ့ ပညာမတ်တဲ့ မိန်းမတစ်ယောက်ပြောသွားတာခံစရာလား´ ဆိုတော့ ဖေဖေက `ငါဒီအလုပ်တွေမလုပ်ချင်တော့ တာကြာပြီ`တဲ့ ..။ပြီးတော့ ဘာတွေဆက်ပြောကြတယ်မသိဘူး..စကားသံတွေတိုးသွားတယ်။ကျွန်မ အဲဒီ့ တစ်ညလုံး ပြန်အိမ်မပျော်တော့ ဘူး..။တစ်ခါက ဖေဖေပြောခဲ့ ဖူးတာ ပြန်ကြားယောင်လာမိတယ်..။ အဲဒီ့ တုန်းက ကျွန်မငါးတန်းပါ..ဖေဖေက ကျွန်မကိုပွေ့ ထားရင်းနဲ့ `ဖေဖေ ဘုန်းကြီးဝတ်ချင်တယ် သမီးလေးဝတ်ခွင့် ပေးမလား´ ဆိုတော့ ကျွန်မက ကလေးလေ ဟင့် အင်း..ဟင့် အင်း ၀တ်နဲ့ ပေါ့ ..။ဖေဖေက တဟားဟားရယ်ပြီး အေးပါကွာတဲ့ ..။ဖေဖေက စိတ်ထားအရမ်းနူးညံ့ သိမ်မွေ့ ပါတယ်၊ပြီးတော့ အေးလည်းအေးချမ်းတယ်..။မေမေနဲ့ ဆန့် ကျင်ဘက်ပါပဲ..။ဖေဖေဟာ ရှေ့ နေလုပ်ရတာ အလိမ်အညာတွေဖောဖောသီသီပြောရတဲ့ အတွက် စိတ်မပါတော့ တာလားမသိဘူး..။ဖေဖေ့ ကို အလုပ်ကနားခိုင်းလိုက်ရင်ကောင်းမလား..။အခုလက်ရှိကျွန်မလက်ရှိလုပ်နေတဲ့ ကျူရှင်ပြတဲ့ အလုပ်က အဆင်ပြေပါတယ်..။ပြီးတော့ အိမ်အတွက် ပုံမှန်ငွေလည်းပေး ထားပါတယ်..။ဒါပေမယ့်  ကျွန်မတို့ စာသင်ရတဲ့ အလုပ်ဟာ တစ်နှစ်နဲ့ တစ်နှစ်နဲ့ အခြေအနေမတူပါဘူး ဒီနှစ်စာသင်တဲ့ နှစ်ပြီးရင် နောက်နှစ်ခေါ်မယ့် လူမရှိရင် ငုတ်တုတ်ထိုင်နေရပါတယ်..။ပြီးတော့ အခု ကျွန်မ ပေးနိုင်တာလည်း အိမ်စားရိတ်ပဲရှိပါတယ်..။ဖေဖေနဲ့ မေမေ သုံးဖို့  နောက်ဗဟီရစားရိတ်တွေ..။ဒါတွေက ဖေဖေအမှုလိုက်ပေးနေလို့ ပါ..။
ဒီလိုနဲ့ နောက်နေ့ မနက်တော့ ဖေဖေ့ ကိုမေးကြည့် တယ်..။`ဖေဖေဘာလို့ ငှက်ပျောသီးနဲ့ ထမင်းစားတာလည်းဆိုတော့ ´ဖေဖေ သတ်သတ်လွတ်ပဲစားချင်လို့ ပြီးတော့ ငှက်ပျော်သီးက ရင်အေးတယ် ဖေဖေနဲ့ တည့် တယ် တခြားဟာလဲ မစားချင်ဘူး`တဲ့ ..။ ဖေဖေက စာတွေလည်းရေးပါတယ်.။သူရေးတာက ဘုရားအကြောင်း၊နောက် ဂမ္ဘီရတွေပေါ့ လေ သူရဇ္ဖမဂ္ဂဇင်း မှာပင်တိုင်ရေးတာပါ..။ဖေဖေ အခုကင်မရာလေးတစ်လုံးလိုချင်နေပါတယ်..။ဘုရားတောင်တွေကို သွားပြီး ဓာတ်ပုံတွေရိုက် မယ်တဲ့ ပြီးရင်စာရေးမယ်ပေါ့ လေ..။ကျွန်မ မတတ်နိုင်သေးလို့ မ၀ယ်ပေးနိုင်သေးပါဘူး..။ဒီနေ့ မနက်တော့  ဖေဖေ သူ့ သူငယ်ချင်းတစ်ယောက်နဲ့ အတူ ဒီပါရုံဘုရားကို ထွက်သွားကြပါပြီ..။ဟို ဦး က ကင်မရာရှိတော့ ဓာတ်ပုံရိုက်ပေးမယ်လို့ ပြောပါတယ်..။နောက် အဲဒီ့ က ဘုန်းကြီးကျောင်းကို လှူဒါန်းဖို့ တော့ ကျွန်မ ထည့် ပေးလိုက်နိုင်ပါတယ်...။ဖေဖေ ပျော်နေပါတယ်..။ကျွန်မ သိပါပြီ..။ဖေဖေ ကဘုရားတရားအလုပ်တွေကို အေးအေးချမ်းချမ်းလုပ်ချင်နေပါပြီ၊သူဝါသနာပါတဲ့ စာရေးတဲ့ အလုပ်လေးလည်းတွဲလုပ်ရင်းပေါ့ ..။အမှုလိုက်ရတာ၊လိမ်ရတာတွေ ဖေဖေ စိတ်ပျက်နေပါပြီ..။ ဖေဖေ့ ကိုနားလိုက်ပါတော့ သမီးအကုန်တတ်နိုင်ပါတယ်လို့ ကျွန်မဘာကြောင့် အာမ မခံနိုင်ရတာလည်း၊ကျွန်မ ဘာလို့ ဖေဖေ ပျော်အောင်မလုပ်ပေးနိုင်ရတာလဲ..။ဘာလို့ အခုထိ ခိုင်ခိုင်မာမာအလုပ်တစ်ခုရအောင် မစွမ်းဆောင်နိုင်သေးတာလဲ..။မေးခွန်းတွေအတွေးတွေနဲ့ ကျွန်မ ငိုချင်လာပါတယ်..။ဖေဖေ့ ကိုစိတ်ချမ်းသာစေချင်တယ်..။ဖေဖေ လည်းမောပန်းလွန်းလှပါပြီလေ...................

3 comments:

  1. ဒီစာစုလေး ဖတ်ရတာ အဖေကိုချစ်တဲ့ သမီးတစ်ယောက်ကို တွေ့ရသလို တပြိုင်နက်တည်းမှာ ဝမ်းနည်းမိတယ်...။း(

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် ကိုညီ...
    ဒါလေးဟာ အွန်လိုင်းကို စ၀င်ဝင်ခြင်း မာတီပလိုင်းမှာ ရေးခဲ့တာပါ
    ကြာခဲ့ပါပြီ..
    အခုတော့ ကျွန်မ အလုပ်နဲ့ အခြေတကျ..
    ဒါပေမယ့် အိမ်နဲ့ ဝေးဝေးမှာလေ..
    ဖေဖေ ခုထိ မနားရသေးပါဘူး :((

    ReplyDelete
  3. ဖေဖေ ပျော် မှာပါ...။ လေးစားဖို့ ကောင်းတဲ့ သမီး လေး ရှိတာကို နော်..။

    ReplyDelete