Thursday, May 27, 2010

အရူးတစ်ယောက်ရဲ့ နွေရာသီ

အခုတလော
မှန်ကိုကြည့်မိရင်
တစ်ခါတရံ မြွေပွေး
တစ်ခါတရံ ယုန်
တစ်ခါတရံ မျောက်
ဘာမှန်းမသိတဲ့ အကောင်တွေ
တ ဖျပ်ဖျပ် မြင်ရတယ်.........
ငါ့ကိုယ်ငါ ပျောက်ဆုံးနေခဲ့..................................
လမ်းထွက်မိတော့
စက်ဘီးနဲ့  လမ်းမ
သဟဇာတ အချိုးမကျဘူး
အလိုမကျသလို တဂျုန်းဂျုန်းအော်မြည်..................။

သွားစမ်း....နင့်ပြင်ရတာ ဈေးကြီးတယ်
ဘီးဖာစရာ မလိုတဲ့ငါ့ခြေထောက်နဲ့ ငါလျှောက်မယ်
တစ်နာရီ 400 ပေး အွန်လိုင်းထက်တက်ပြီးမှ
Don't call me စာတင်တယ်
လာသမျှလူ ဘုပြော
စိတ်အလိုလိုက် အပင်ပန်းခံဒီလာ
စိတ်အလိုလိုက် တစ်နာရီ 400 ပေးပြီး
စိတ်အလိုလိုက် လူတကာကို ရန်ဖြစ်ခွင့် ငါ့မှာရှိတယ်...
ဒီနွေကပဲ ပူလောင်လွန်းတာလား
ဒီစိတ်ကပဲ ယောက်ယက်ခတ်လွန်းနေတာလား
ပြုံးပြပြီးမှ လက်သီးနဲ့ ထထိုးချင်တယ်
နေကောင်းလားမေးရင်
မသေသေးဘူးလို့ ဖြေမယ်
ဘာကန့် ကွက်ဦးမလဲ
ကိုယ်ပြောချင်မှ ပြောမယ်
Comment ပေးတဲ့အခိုက်အတန့် ပဲ
စိတ်က နည်းနည်းချိုသာတယ်
အဲ ဒါ နဲ့ 
ကိုယ်ပိုင် ဘလော့ချရေးမိတော့
အ........ရူးး....ချေး.......ပန်း........တွေ....သာ.....ဖြစ်.......သွား........တယ်..............။ ။

No comments:

Post a Comment