Thursday, May 27, 2010

ဘ၀လမ်း

ကံတရားက ပျက်ရယ်ပြုတိုင်းလည်း
သောကတွေကို လှောင်ရယ်နေတတ်ခဲ့ပြီ... နေ့ သစ်တွေမှာ နားတွေ ရှိသလား တစ်နေရာရာမှာတော့
ရောင်နီဟာ ကိုယ့်အတွက်ရှိလိမ့်မယ်...။
မသေချာခြင်းတွေက သေချာလာခဲ့တဲ့အခါ
ထောင်မတ်ခြင်းတွေက ယိုင်နဲ့ လာတဲ့အခါ
အားကြိုးမာန်တက်နဲ့ 
နိစ္စဓူဝတေးသွား ဟစ်ကြွေးမိတယ်
ဘယ်လောက်များ ခက်ခဲနိုင်မလည်း
ဘယ်လောက်များ ဝေးကွားနိုင်မလည်း
အလှမ်းဝေးတိုင်းလည်း
ရမ်းငေးနေစရာ မလိုပါဘူး
(ဟာဟ..)
ဒီလိုသာ လှောင်ရယ် ရယ်မိတယ်...။
program....formula
ကိန်းဂဏန်းတွေ အလွတ်မှတ်ရင်း
Dataတွေ ဦးနှောက်ထဲ
အပြည့်အသိပ်ထိုးသိပ်ရင်း
အနုပညာဆိုတာ
ခပ်ပါးပါးသာ ကျန်တော့တယ်....။
ပွင့်လင်းလွန်း...ဗြောင်ကျလွန်းတယ်ဆိုတဲ့
ဂျစ်တူးတူး ကောင်မလေးတစ်ယောက်ရဲ့ရင်ထဲမှာ
ထိရှလွယ်တဲ့ နှလုံးသားတစ်စုံရှိတယ်...။
စိတ်တွေကိုက
အလေအလွင့်များတဲ့ ရာသီမို့ 
လေတိုးသံ တစ်ချက်နဲ့ တောင်
အင့်ကနဲ့  ရှိုက်ချင်တယ်.......။
ဘ၀က ဘယ်လောက်များ ထိုးနှက်ဦးမလည်း
ငွေမရှာပေးနိုင်ပေမယ့်
မားမားမတ်မတ် ရပ်တည်ပေးမယ့် အဖေ နဲ့ အမေ ရှိတယ်...။
ထိတွေ့ မှု မပေးနိုင်ပေမယ့်
ချစ်ခြင်းတရားတွေ ပေးခဲ့တဲ့ ချစ်သူပုံရိပ်နဲ့ သံစဉ်တွေ ရှိတယ်..။
ငိုညည်းသံတွေကို
စိတ်ရှည်ရှည် နားထောင်ပေးခဲ့ကြတဲ့ ချစ်သူငယ်ချင်းတွေ ရှိတယ်...။
ပန်းတိုင်ဟာ ဘယ်လောက်ဝေးမလည်း
ဝေးချင်သလောက်ဝေးလိုက်စမ်း
ခန္ဓာဝန်မချသရွေ့ 
ဒီဝဲဂယက်အတွင်း
ပူလောင်မှု.....အလိုဆန္ဒ
ဝမ်းနည်းမှု.......တဏှာ
မောဟ.......တပ်မက်မှု..
အားလုံးကို နရင်းရိုက်
ထူလပျစ်မာနတွေနဲ့ ...
အလုပ်တွေ တရစပ်လုပ်
စိတ်တွေ ခြောက်သွေ့ ကြမ်းရှလိုက်ပုံများ
"Shakira" တောင်နားထဲမတိုးဘူး.................။.......................။

No comments:

Post a Comment