Monday, December 20, 2010

အဝေးရှိုက်သံ

အဝေးရှိုက်သံ

ဘာတွေမျှော်လင့်ခဲ့သလဲ မေးရင်
နင့်ထံက အများကြီးမျှော်လင့်ခဲ့တယ်
ဘာတွေ မမျှော်လင့်ခဲ့လဲ မေးရင်
နင့်ထံက ဘာမှမမျှော်လင့်ခဲ့ပါ           ။

ဘာတွေတမ်းတခဲ့သလဲ မေးရင်
နင့်ထံက အကြင်နာတွေ
ဘာတွေ လွမ်းမောခဲ့သလဲ မေးရင်
နင့်ထံက အရိပ်တွေ

ဘာတွေနာကျင်ခဲ့သလဲ မေးရင်
နင့်အတွက် ငါ့အချစ်တွေ
ဘာတွေငိုကြွေးခဲ့သလဲ မေးရင်
ငါ့အတွက် နင့်နှစ်သိမ့်မှုတွေ
ဘာလိုချင်သေးလဲ မေးခဲ့ရင်လည်း

ချစ်သူရယ်
သတိရတော့နေပါရစေ.......။                ။

18.12.2010
PM:10:25

No comments:

Post a Comment