Monday, December 20, 2010

ဝတ်လွှာမဲ့ပန်း

ဝတ်လွှာမဲ့ပန်း
*မတူညီတဲ့ အနာဂတ်အတွက်
နှလုံးသားကို နင်းချေဖို့
သတ္တိသိပ်မလိုပါဘူးကွယ်..။
*မွှေးမှ လှမှ
ပန်းဖြစ်ရရင်လည်း
ရင်ထဲက တိမ်တွေ
မပြတ်ငိုကြွေးး
*ချစ်သူဘ၀ လှပဖို့ဆို
ချစ်ခြင်းတ၇ားကိုတောင်
အ ငွေ့ ပျံ စေ သ တဲ့
တိတ်တဆိတ်နာကျင်ရင်း
အနုပညာတွေလင်းလက်
ပိုင်ဆိုင်လိုစိတ်တစ်ခုထဲနဲ့ဆို
လရောင်ကိုတောင်
မ တမ်း တ တတ် ခဲ့ ပါ ဘူးးး
ကြေကွဲလိုစိတ်သက်သက်ဆို
အေးစက်စက်ညကို
အ ဖော် မ ပြု ခဲ့ ပါ ဘူးး
*သူပြုံးနိုင်မယ်ဆိုရင်လေ
ဘ၀ဟာ အရှိုးရာထင်စမ်းပါစေ
*တကယ်ပါကွယ်
အထီးကျန်ညတွေထဲမှာ
မေတ္တာတရားသာ ရှိခဲ့တာပါ..........။ ။
19.12.2010

No comments:

Post a Comment