Monday, December 20, 2010

ဝေးးးးဝေးးးကသက်တံ့

အေးစက်စက်ညတစ်ညမှာ ကျွန်မကောင်းကင်ကို ငေးမောကြည့်နေခဲံ့ပါတယ်..
အဲဒီ့ မိုးကောင်းကင်ရဲ့ ဟိုးးးထောင့်တစ်နေရာမှာ
သူ ရှိ နေ ပါ တယ်..
သူ အိပ်ပျော်နေမလားး
သူ ငေးမောနေမလားး
မရေရာတဲ့ အတွေးတွေနဲ့ ကျွန်မ ကောင်းကင်ကိုပဲ ငေးမောကြည့်နေပါတယ်..
ကျွန်မနဲ့ အတူရှိခဲ့ချိန်တွေ သူပျော်ခဲ့သလားး
ကျွန်မကြောင့် သူပျော်ရွှင်မှုနဲ့ နာကျင်မှု
ဘယ်အရာတွေ ကများ ပိုရခဲ့ပါသလဲ
ကမ္ဘာမြေပေါ်...လာခြင်းမကောင်းတဲ့ ရောက်ရှိခြင်းနဲ့
ရောက်လာခဲ့တဲ့ ကျွန်မ
ကမ္ဘာမြေကို အားနာလှပါပြီ
နောက် သူ့ကို နာကျင်ရမှုတွေသာ ထပ်ကာ ထပ်ကာ ပေးခဲ့မိတဲ့အတွက်
သူ့ကို အားနာလှပါပြီ
သူ ပေးခဲ့ဖူးတဲ့ ညင်သာတဲ့ အနမ်းတစ်ခုကို
ခပ်ဖွဖွ သတိရရင်းးး
ဝေးးဝေးးးကပဲ
သူ့ ရယ်သံကို ကြားနေခွင့်ရရင်
ကျွန်မ ပြုံးနိုင်ပါတယ်..
သူဟာ ကျွန်မဘ၀အတွက် ပထမဆုံးခိုလှုံခဲ့ဖူးတဲ့ ရင်ခွင်တစ်ခုလည်း ဖြစ်ပါတယ်..
သူဟာ ကျွန်မအတွက် ပထမဆုံးသော ချစ်သူ ပါ..
အခု သူ့ကို ကျွန်မ လွမ်းးးနေတယ်..
ဟိုးးဝေးးဝေးးက သက်တံ့တစ်ခုရယ်ပါ

2 comments:

  1. ဒါ ဘူသူ့ကိုရေးထားတာပါလိမ့်
    ငါ့ချစ်မတော့ ရိုးတော့ဘူးနော။
    အဟား

    ReplyDelete
  2. မသူရေ
    ဦးမော်နီ ကဗျာထဲကလိုပေါ.

    "သက်တန်.ဆိုတာ
    အပေါ်စွန်းထုတ်ပြတဲ.
    စက်ဝိုင်းတစ်ခုမျှသာ.......
    ..................................
    ကျန်ရှိတဲ. စက်ဝန်းပြတ်
    ကမ္ဘာမြေရဲ. ရင်ဘတ်ထဲမှာရှိတယ်
    ကွယ်ဝှက်တတ်တဲ. သဘောက
    လောကရဲ. သဘာဝ ဆိုပါတော.ကွယ်..."

    သေချာတာ အနော်လဲ ဘာမှမသိတောဝူး

    ReplyDelete