Sunday, December 19, 2010

အက်ဆစ်မိုး

သိသလိုလိုနဲ့ 
မသိခဲ့ရသမျှ.......
မသိသလိုလိုနဲ့ 
သိခဲ့ရသမျှ....
ရင်ဘတ်တစ်ခုလုံးသာ စုတ်ပြတ်ကျန်ခဲ့တယ်....။။
ယုံကြည်မှုဆိုတာ တဖွဖွ ရေရွတ်ရင်း....
နားလည်မှုတွေ မင်းမေ့လျော့ခဲ့တယ်....။။
အိမ်မက်ဦးမှာ မွှေးပျံ့ ခဲ့ဖူးတဲ့ရနံ့ တွေလည်း
နေရောင်မလာခင် ပျယ်လွင့်.......
မျှော်လင့်ခြင်းဆိုတာ ဒီလိုလားကွယ့်
တကယ်ဆို....ကိုယ်က မင်းသွားမယ့်လမ်းပေါ်က
တံတားတစ်စင်းပါ.......။။
တစ်ရာသီတောင် မရွာတဲ့မိုးနဲ့ 
ခဏတာ မင်းရွာချ.......
တိမ်တိုက်တွေက.........ဟိုး...အ....ဝေး.....မှာ...။။။။။။။။။

No comments:

Post a Comment