Sunday, December 19, 2010

Creating Web Page with HTML-3

Creating Web Page with HTML-3
Part (1)
Lesson-3


Lesson-2 ကို exercise အဖြစ်အဆင်ပြေပြေရေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
အခုဆိုရင် 'Dogs' folder ရဲ့အောက်မှာ File လေးခုရှိနေပြီဖြစ်ပါတယ်။
index.html
chesapeake.html
german.html
yorkshire.html
File တစ်ခုစီမှာ သက်ဆိုင်ရာခေါင်းစဉ်အလိုက်လည်း အသီးသီးရှိနေကြပြီ
ဖြစ်ပါတယ်။အခုတစ်ခါ ပုံနဲ့ စာတွေထပ်ထည့်ကြပါမယ်။အဲဒီ့အတွက် အောက်မှာ
ပေးထားတဲ့ပုံ (3) ပုံကို Save ထားစေချင်ပါတယ်။Dog folder ရဲ့အောက်မှာပဲ
folder အသစ်တည်ဆောက်လိုက်ပါ။၎င်းကို 'graphics' ဟုအမည်ပေးလိုက်ပါ။
ပေးထားတဲ့ပုံအစဉ်လိုက် အောက်ပါနာမည်များပေးထားပါ။




chessie.jpg





shepherds.jpg







yorkie.jpg


ပုံတွေလည်းအဆင်သင့်ရှိပြီဆိုရင် ဆက်ရေးကြရအောင်။
chesapeake.html ရဲ့ Notepad ကိုဖွင့်ပါ။
ခေါင်းစဉ်ရဲ့ အောက်မှာ အောက်ပါအတိုင်းရိုက်ပါ။ပုံထည့်ဖို့
ခေါင်းစဉ်ရဲ့အောက်မှာ အောက်ပါအတိုင်းရိုက်ပါ။[ပုံထည့်ဖို့ tag က <img
src=""> ဖြစ်ပါတယ်။အဖွင့်အပိတ်ထဲမှာ ပုံတည်ရှိရာလမ်းကြောင်းအဖြစ်
graphics folder ရဲ့အောက်က ပုံရဲ့အမည်ကို
ထည့်သွင်းရေးပေးရပါတယ်။ခေါင်းစဉ်အောက်ရောက်စေရန် <p> သို့မဟုတ်
<br> tag အသုံးပြုပါ။]

<img src="graphics/chessie.jpg">

အဲဒီ့နောက် ပုံရဲ့အောက်မှာ စာပိုဒ်တစ်ပိုဒ်ထည့်ရပါမယ်။
အောက်မှာ ပေးထားတဲ့ စာပိုဒ်ကို ကူးယူပြီး စာပိုဒ် tag အဖြစ် <p> နဲ့အတူ Notepad ထဲဖြည့်လိုက်ပါ။

Chesapeake Bay Retrievers love water.If you throw tennis balls in the
water, these dogs will chase them and bring them back until your arm
falls off.

Notepad ကို Save ပြီး Browser မှာ Run တဲ့အခါအောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်။





ပုံရဲ့အောက်မှာရှိနေတဲ့စာပိုဒ်ကို ပုံရဲ့ဘေးကိုရောက်အောင်
လုပ်ကြည့်ရအောင်။သိပ်မခက်ပါဘူး...။ align="left" ဆိုတဲ့ attribute ကို
<img> tag မှာထည့်ပေးရုံပါပဲ။ အောက်ပါအတိုင်းပါ။

<img src="graphics/chessie.jpg" align="left">

ထုံးစံအတိုင်း Notepad ကို Save ပြီး Browser မှာ Reloading ပြန်လုပ်တဲ့အခါ အောက်ပါအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။





တစ်ခါတလေ connection ကျတဲ့အခါ ပုံမပေါ်နိုင်ပါဘူး။ အဲဒီ့အခါ ပုံနေရာမှာ
အလွတ်ကြီး ဖြစ်မနေဘဲ ပုံနဲ့သက်ဆိုင်တဲ့စာတစ်ကြောင်း ပေါ်နေစေရန် alt
attribute (သို့မဟုတ်) title attribute သုံး၇ပါတယ်။ connection မကျဘဲ
ပုံမှန် ထွက်ပေါ်ချိန်မှာတော့ ပုံပေါ် pointer တင်လျှင် စာပေါ်ပါတယ်။
ဒီမှာတော့ နမူနာအဖြစ် title tag သုံးပေးထားပါတယ်။အောက်ပါအတိုင်းပါ။

<img src="graphics/chessie.jpg" align="left" title="Chesapeake Bay Retriever">

အခုပုံနဲ့ စာက ကပ်လွန်းနေပါတယ်။နည်းနည်းခွာကြည့်ရအောင်။ အပေါ်၊ အောက်
ကွာခြားဖို့က vspace attribute ပါ။ ဘယ်၊ ညာ ရွှေ့ဖို့က hspace attribute
ပါ။ ဒီမှာတော့ သင့်တော်မယ်လို့ယူဆရတဲ့ vspace="4" နဲ့ hspace="12"
သုံးထားပါတယ်. ကိန်းဂဏန်းအနည်းအများ ကတော့ မိမိဘာသာ အမျိုးမျိုး
ပြောင်းလဲစမ်းသပ်ကြည့်ပါ။
(စိတ်ရှည်ရှည်တော့ ထားစေချင်ပါတယ်။ သို့မှသာ Coding တွေရဲ့သဘောကို
နားလည်မှာဖြစ်ပါတယ်။ ပုံကိုဘောင်ခတ်ဖို့အတွက် Border attribute
ကိုသုံးပါမယ်။border="1" လို့သုံးထားပါတယ်။ဂဏန်းများလာတာနဲ့အမျှ
ပုံကိုဘောင်ခတ်ထားတဲ့ မျဉ်းက ပိုထူသွားမှာ ဖြစ်ပါတယ်။ အောက်မှာ အဆုံးသတ်
Coding ကိုရေးပြထားပါတယ်။

<img src="graphics/chessie.jpg" align="left" title="Chesapeake Bay Retriever" vspace="4" hspace="12" border="1">

Notepad ကို Save ပြီး Browser မှာ Run တဲ့အခါ အောက်ပါအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။






ကဲ..ထုံးစံအတိုင်း Chesapeake Bay Retriever အတွက်ရပြီဆိုရင် ကျန်တဲ့
German shepherds နဲ့ Yorkshire Terriers page တွေအတွက်လည်း
မိမိဘာသာဖန်တီးကြည့်ရအောင်..။အောက်မှာ notes တွေပေးထားပါတယ်။ ပုံတွေကတော့
အစကတည်းက graphics folder ထဲသိမ်းထားခဲ့ပြီနော်..။


Practical Exercise for Lesson-3

1.German Shepherds page အတွက်ခေါင်းစဉ်အောက်မှ ထည့်ရန်စာ
German Shepherds are smart dogs

2.Yorkshire Terriers page အတွက်ခေါင်းစဉ်အောက်မှ ထည့်ရန်စာ
Yorkshire Terriers are cute.

3.စာပိုဒ်များအား arial font ,size -1 သုံးပါ။

4.စာပိုဒ်များ၏ အောက်မှသက်ဆိုင်ရာ ပုံများ ထည့်သွင်းပါ။

5.ပုံများအား aligm="left" / border="1" / vspace="4" / hsapce="12" အသုံးပြုပါ။

အောက်တွင်ထွက်ပေါ်လာရမည့် Page နှစ်ခုကို ဖော်ပြထားပါသည်။ ထိုပုံများ မထွက်ပေါ်က Coding ပြန်စစ်ပါ။








Create an email link

Home page မှာ email ချိတ်တာပါ တစ်ခါတည်း ပြောလိုက်ပါမယ်။ email အတွက် mailto: ဆိုတာသုံးပါတယ်။
index.html ရဲ့ notepad ထဲက </body> ရဲ့ အပေါ်မှာ အောက်ပါအတိုင်း ထည့်ပါ။

<p>
For more information contact<a href="mailto:info@visibooks.com">
info@visibooks.com</a>


Links to an external site

ပြင်ပ site နဲ့လည်း link ချိတ်နိုင်ပါတယ်။ခုဏ coding ရဲ့အောက်မှာ အောက်ပါအတိုင်းရိုက်ပါ။

Please also visit<a href="http://www.dog.com">www.dog.com</a>;

အားလုံးပြီးပြီနော်။ Notepad ကို Save ပါ။ coding တွေ
အစအဆုံးပြန်မရေးပြတော့ဘူးနော်။ ဖြစ်တယ်မလား..။အောက်က ပုံက Browser မှာ Run
တဲ့အခါ မြင်တွေ့ရမယ့်ပုံပါ...။






ထုံးစံအတိုင်း မေးစရာရှိရင် shweainsi2008@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်..။
သို့မဟုတ် discussion အဖြစ်လည်း စာချန်ခဲ့နိုင်ပါတယ်..။
အဆင်ပြေကြပါစေ.....
မေတ္တာဖြင့်...သူသူ

န်

No comments:

Post a Comment