Saturday, December 18, 2010

Creating Web Pages with HTML-2

Lesson-2

Paragraph စတင်ရေးပါမယ်။ အဲဒီ့အတွက် <p> tag ကိုသုံးပါမယ်။ ထုံးစံအတိုင်း
</p> နဲ့လည်းပြန်ပိတ်ပေးရပါမယ်။ <body> ရဲ့အောက်မှာ
အောက်ပါအတိုင်းရိုက်ပါ။(စာကြောင်းအတွက် Font, Size ထည့်တာ Lesson-1 မှာသိခဲ့ပြီးသားမို့ အထူးပြောစရာလိုမယ်မထင်တော့ပါ။)

<p>
<font face=”arial” size=”-1”>
These are my favorite breeds of dogs.
</font>
</p>

ပြီးရင် Notepad ကို Save ပြီး Browser မှာ Run ကြည့်ပါဦး။ မူလ Dogs Home
Page ရဲ့အောက်မှာ These are my favorite breeds of dog
ဆိုပြီးစာကြောင်းတစ်ကြောင်းပေါ်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ့စာကြောင်းလေးကို ညာဘက်ကပ်သွားအောင်လည်း လုပ်လို့ရပါတယ်။ <p> tag ထဲမှာ attribute အဖြစ်
‘align’ ကိုအသုံးပြုရပါတယ်။ ညာဘက်ကပ်စေချင်ရင်တော့ right ပေါ့။

<p align=”right”>
<font face=”arial” size=”-1”>
These are my favorite breeds of dogs.
</font>
</p>

အဲဒီ့လို Coding ပြောင်းလဲပြီးရင် Notepad ကို Save ပြီး Browser မှာ Run
တဲ့အခါအောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်။








Align ထည့်တာသဘောပေါက်သွားပြီဆိုရင် align ထည့်ထားတာပြန်ဖျက်ပြီး မူလ Coding
အဆိုင်းပြန်ထားလိုက်ပါ။ Notepad မှာတစ်ခုခုပြောင်းလဲပြီးတိုင်း Save
ဖို့မမေ့ပါနဲ့။ align ထည့်မထားတဲ့အခါ စာကြောင်းဟာပုံမှန်အတိုင်း
ဘယ်ဘက်မှာပဲရှိနေပါမယ်။ align=”left” ထည့်တဲ့သဘောပါပဲ။ ဘာမှ align လည့်မထားလဲ
သူ့ဘာသာသူ ဘယ်ဘက်ကစပါလိမ့်မယ်။
တခြားစမ်းသပ်ကြည့်ချင်သေးရင် မိမိနှစ်သက်ရာစာကြောင်းတွေထပ်ရိုက်ကြည့်ပါ။ </p> အောက်ကပေါ့။စာကြောင်းတစ်ကြောင်းဆင်းချင်ရင် <br> ထည့်ပေးရပါမယ်။နှစ်ကြောင်းဆင်းချင်ရင် <br><br> နှစ်ခါပေါ့။သူကတော့ အဆုံးမှာပြန်ပိတ်ပေးစရာမလိုပါဘူး။
<p></p> tag က စာတစ်ပိုဒ်စီအတွက်အသုံးပြုပြီး <br>က အဲဒီ့စာပိုဒ်ထဲမှာမှ စာကြောင်းတွေဆင်းဖို့အတွက် အသုံးပြုပါတယ်။
ဆက်ရေးရအောင် ။

These are my favorite breeds of dogs ရေးထားတဲ့ </p> tag
အောက်မှာအောက်ပါအတိုင်းရိုက်ပါ။

<p>Cheseapeake Bay Retriever</p>
<p>German Shepherd</p>
<p>Yorkshire Terrier</p>

Notepad ကို Save ပြီး Browser ကို Run ကြည့်ရင် These are my favorite breeds of
dogs ရဲ့အောက်မှာ အခုရေးလိုက်တဲ့ စာသုံးကြောင်းရှိနေတာကို မြင်တွေ့ရမှာ
ဖြစ်ပါတယ်။အဲဒီ့စာသုံးကြောင်းကို နံပါတ်စဉ်တပ်ချင်ရင် <ol> tag ကိုသုံးပါတယ်။Notepad ထဲက အဲဒီ့စာသုံးကြောင်းထိပ်နဲ့ဘိတ်မှာ <ol> </ol> တပ်ပေးရုံပါပဲ။

<ol>
<p>Cheseapeake Bay Retriever</p>
<p>German Shepherd</p>
<p>Yorkshire Terrier</p>
</ol>

Notepad ကို Save ပြီး Browser မှာ Run တဲ့အခါ
1.Cheseapeake Bay Retriever
2.German Shepherd
3.Yorkshire Terrier
ဆိုပြီး နံပါတ်စဉ်တပ်ပေးသွားတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဒါကို နားလည်သွားပြီဆိုရင်
<ol></ol> ကိုပြန်ဖျက်လိုက်ပါ။

အခုတစ်ဖန် Bullets တပ်ကြည့်ပါမယ်။ကိုယ် Bullets တပ်ချင်တဲ့စာကြောင်းရဲ့ရှေ့မှာ
<li> တပ်ပေးရုံပါပဲ။<li> tag က အဆုံးမှာပြန်ပိတ်ပေးစရာမလိုပါ။
ထို့ပြင် Bullets တပ်တာဟာ သူ့အလိုလိုစာတစ်ကြောင်းစီ ဆင်းသွားတာမို့ <p> tag
လည်းဖြုတ်လို့ရပါတယ်။အောက်ပါအတိုင်း ဖြစ်ပါတယ်။

<li>Cheseapeake Bay Retriever
<li>German Shepherd
<li>Yorkshire Terrier

Notepad Save ပါ။Coding အထားအသိုမှန်၊ မမှန် တစ်ချက်တော့
ပြန်စစ်ကြည့်ပါဦး။


<html>
<head>
<!--created by thuthu-->
</head>
<title>
A Home Page About Dogs
</title>
<body>
<font face="arial" size="+4" color="red">
<b>Dogs Home Page</b></font>
<p>
<font face="arial" size="-1">
These are my favorite breeds of dogs</font>
</p>
<li>Cheseapeake Bay Retriever
<li>German Shepherd
<li>Yorkshire Terrier
</body>
</html>

Browser မှာ Run ကြည့်တဲ့အခါ အောက်ပါအတိုင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။








Create Links to new pages


Step 1:Create a new page


အခုတစ်ခါဖော်ပြပါခေါင်းစဉ်သုံးခုကို link ချိတ်ကြည့်ကြပါမယ်။ နောက်ထပ်စာမျက်နှာခွဲတွေ ဆိုပါစို့။ ဒါဆိုရင်
အဲဒီ့စာမျက်နှာတွေ ထပ်တည်ဆောက်ပေးဖို့ကတော့

ကျိန်းသေလိုအပ်လို့နေပါပြီ။ အခုရေးပြီးသား Coding တွေကိုပဲ အသုံးပြုပြီး နောက်ထပ် Filတစ်ခုထပ်တည်ဆောက်ပါမယ်။
Notepad ထဲက title ကို “Chesapeake Bay Retrievers”


လို့ပြောင်းလဲလိုက်ပါ။ပြီးရင် <body> အဖွင့်နဲ့ </body> အပိတ်ကြားထဲက စာသားတွေ
အကုန်လုံးဖျက်ပစ်လိုက်ပါ။File အသစ်တစ်ခုရပါပြီ။ Save ရအောင်။




Menu bar > File > Save As
File name မှာ Chesapeake.html

Save as type မှာ All Files


အားလုံးပြီးရင် Save ကိုကလစ်ပါ။ဒါဆိုရင် Dogs ဆိုတဲ့ Folder ရဲ့အောက်မှာ Home Page အဖြစ် index.html ၊ စာမျက်နှာခွဲအဖြစ် Chesapeake.html ဆိုပြီး File လေးနှစ်ခုရှိလာပါပြီ။

ဒီ Chesapeake Bay Retrievers ကိုစာသားထပ်ထည့်ကြည့်ကြပါမယ်။ <body> tag ရဲ့အောက်မှာ အောက်ပါအတိုင်း
ရိုက်ပါ။





<font face=verdana size=+3><b>Chesapeake Bay Retrievers</b></font>






စာလုံး font ကိုဒီတစ်ခါ verdana ပြောင်းသုံးထားပါတယ်။ခေါင်းစဉ်ဖြစ်တဲ့အတွက် အရွယ်အစားကြီးစေဖို့ + 3 ကိုအသုံးပြုပါတယ်။(Home Page ရဲ့ခေါင်းစဉ်ထက်အနည်းငယ်သေးပေး
ရပါတယ်) ။ပိုထင်ရှားအောင် bold ပါတင်လိုက်တယ်ပေါ့။ Notepad ကို Save ပြီး Browser မှာ Run တဲ့အခါ
အောက်ပါအတိုင်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။























Step 2 : Links to the new page





Link ချိတ်လို့ရပါပြီ။


Home Page(index.html) ရဲ့ Notepad ကိုဖွင့်ပါ။

Chesapeake Bay Retrievers စာကြောင်းရဲ့ရှေ့မှာ <a href=””> ဆိုတဲ့ tag
ထပ်ထည့်ပါမယ်။အောက်ပါအတိုင်းပေါ့။





<li><b><a href=”Chesapeake.html” targt=”_blank”>Chesapeake Bay Retrievers</a></b>





Chesapeake Bay Retrievers File ကိုချိတ်ချင်တဲ့ အတွက် “” အတွင်းမှာ Chesapeake.html ကိုထည့်ပါတယ်။


အဆုံးမှာ </a> အပိတ်လည်းပြန်ထည့်ပေးရပါတယ်။ target သုံးတာက အဲဒီ့ link ကို click
လိုက်ရင်နောက်ထပ် new tag အနေနဲ့ ထွက်ပေါ်အောင်ပါ။အချို့ကတော့ target=”_new”


လို့လည်းသုံးပါတယ်။




Notepad ကို Save ပြီး Browser မှာ Run တဲ့အခါ အောက်ပါအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။











Link ကို click လိုက်ရင် Chesapeake Bay Retriever page ပေါ်လာတာကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်.။






Practical Exercise for lesson 2




နောက်ထပ် German Shepherds နဲ့ Yorkshire Terriers ကိုလည်း new pages အဖြစ်တည်ဆောက်ပြီး လင့်ချိတ်ပါမယ်။ဒီတစ်ခါတော့ မိမိဘာသာဖန်တီးကြည့်ပါဦး။အောက်မှာ



ပြောင်းရမယ့် title , file name တွေပေးထားပါတယ်။Page တစ်ခုစီမှာ ရှိရမယ့် ခေါင်းစဉ်အတွက် font , size , weight
တို့ကိုလည်း ပေးထားပါတယ်။


1.



























Page



Title



File Name



German Shepherds



German Shepherds



German.html



Yorkshire Terriers



Yorkshire Terriers



Yorkshire.html








2.home page(index.html) Notepad မှ ခေါင်းစဉ်အား Home Page ကိုဖျက်ပါ။



"Dogs" ဟုထားရှိပါ။(အခုက home page ဆိုတာ သဘောပေါက်နေပြီမို့ ထည့်ရေးစရာ မလိုအပ်တော့ပါဘူး။)




3. Page တစ်ခုစီအတွက် ခေါင်းစဉ်များ


German Shepherds ] -------- (verdana , bold ,+3 )


Yorkshire Terriers




4.home page(index.html) Notepad ၌အထက်ပါ new pages အားလုံးကို Link ချိတ်ပါ။(Chesapeake ကဲ့သို့ပင် ဖြစ်ပါသည်။)





5.File အားလုံး Save ရန် မမေ့ပါနှင့်။




6. Browser ၌ Run ကြည့်ပြီး Link 3 လုံး click ကြည့်ပါ။ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် new page များထွက်ပေါ်လာရပါမည်။

မပေါ်ခဲ့လျှင် Coding ပြန်စစ်ပါ။







Lesson 2 ကိုအဆင်ပြေပြေရေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ Practical အဖြစ် exercise


ပေးထားတာမို့ lesson 2 အနှစ်ချုပ်ကို မဖော်ပြတော့ပါ။အခုဆိုရင် Website တစ်ခုအတွက်


စာမျက်နှာခွဲတွေပါ တည်ဆောက်ပြီးပါပြီ။ အခုထိနားလည်လာခဲ့ပြီဆိုရင် နောက်ပိုင်း lessonတွေမှာ လွယ်လွယ်ကူကူဖြစ်သွးမှာပါ။မေးမြန်းစရာ ရှိခဲ့ရင် shweainsi2008@gmail.com
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။(သို့) discussion အဖြစ်လည်း မေးစရာတွေ


ချန်ထားခဲ့နိုင်ပါတယ်။



အဆင်ပြေကြပါစေ။



မေတ္တာဖြင့်………သူသူ






No comments:

Post a Comment