Sunday, October 16, 2011

သင်းကွဲငှက်

` မ ရင်မှာ အမြဲအေးချမ်းစေချင်တယ်´ တဲ့
:) :)
သူလိုကိုယ်လို ရယ်နည်းနဲ့
သူလိုကိုယ်လို မျက်ရည်ကျမိတယ်
အပြင်မှာ မိုးရွာတယ်။
အပြင်မှာ နေပူတယ်။
အပြင်မှာ နှင်းကျတယ်။
နည်းနည်း ကမောက်ကမဆန်တာကလွဲပြီး
သဘာဝတရားက သဘာဝတရားပါပဲ
လေဆန်လား......ရေဆန်လား
စိတ်တွေဆန်တက်ရတာ မောတယ်။


ခိုကိုးရာမဲ့
သင်းကွဲငှက်တစ်ကောင်ရယ်ပါ။
အသိုက်ပျောက်တယ်
စိတ်နောက်တယ်
ပတ်ဝန်းကျင်က ရိုက်ပုတ်တယ်
မြေနိမ့်ရာ လှံစိုက်တယ်
ဟော..နားထောင်စမ်းပါ့
ငှက်ငယ် အော်မြည်သံရယ်လား
ခပ်တိုးတိုးလေး ဆိုတယ်
အေးချမ်းနေသတဲ့......။ ။

1 comment:

  1. သင်းကွဲငှက်ကလေးမဟုတ်ဘူးလေ
    မီးခဲလေး ငိုနေပြီလား

    ReplyDelete