Monday, April 23, 2012

ကဗျာမဟုတ်တဲ့ ဒဏ်ရာ

- အကြိမ်ကြိမ်ရောက်လာခဲ့ပြီးမှ
မီးနီလင်းလည်း ထူးသူမဲ့
မီးဝါလင်းလည်း ထူးသူမဲ့
ခါတရံ အမဲရောင်ကြက်ခြေခတ်တဲ့
သူ့ အကောင့်ရှေ့က
ပြန်ခဲ့ပေါင်း များခဲ့ပြီ ။

- အော့ဖ်လိုင်းမက်ဆေ့
အီးမေးလ်
အသွယ်သွယ်ပို့လွှတ်ရင်း
စိတ်တွေလည်း ၀ါးခဲ့ပြီ ။

- ကူကယ်ရာမဲ့လား
တုန်ရီမောဟိုက်ခြင်းလား
ရပ်တည်ချက် ယိမ်းယိုင်ခဲ့လို့
နွမ်းလျခဲ့ပြီ ။

- ကျင့်သားရ ဂဏန်းရှစ်လုံး
ဦးနှောက်က တားဆီးချိန်
နှလုံးသားက နှိပ်ချတယ်
ဂွပ်ကနဲ ချသွားသံ
တစ်ခါ.....နှစ်ခါ.......သုံးခါ
သြော်...လိုင်းမကောင်းတာဖြစ်ပါစေ ။

- `ကလေးလေး´
အဲဒီ့ညမှာ
ကောင်းကင်ယံက ခေါ်သံကို
နိုးတစ်ဝက်အိမ်မက်ထဲက
ကြားလိုက်ရတယ်....။ ။

No comments:

Post a Comment