Monday, May 7, 2012

အခွံများနှင့် လူ

ရှုပ်ထွေး ပွေလီနေပြီး အားလုံး ကသောကမျော
ကသမ်းကရမ်းထိုးထွက်လာတဲ့ အကိုင်းအခက်တွေ။
လှုပ်ရှားနေတယ် ………နို့ပေမယ့် မိုက်တိမိုက်ကန်း
တကယ်က အသိုင်းပျောက် အဝိုင်းပျောက်
အထီးကျန် တစ်ကိုယ်တည်း ။
တစ်ယောက်ကပြောတယ်။ လက်တွေ့ကျကျတွေကိုပဲ အာရုံစိုက်ပါတဲ့။
လက်တွေ့ကျကျ လွမ်းနေပါတယ်-

နှင်းရေစွတ်နေတဲ့ ရှေ့ ထင်းရှူပင်ဖျားတွေလို
အေးအေးမြမြ လွမ်းတယ်။
အသံမပေး တံခါးမခေါက်ပဲ
တိတ်တိတ်ကလေး ဝင်ထွက် သွားတဲ့
သူတစ်ယောက်အတွက်
ဒီတစ်ညမှာ
ဂီတ ပျောက်အောင် လွမ်းတယ်။


တစ်ချိန်က ချစ်ရဆုံးသူ ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ရယ်ပါ :)

No comments:

Post a Comment