အစ်မသက်ဝေ တဂ်တဲ့ ပို့စ်ကို ၂၇ ရက်နေ့က မတွေ့ရဘူး..။ မတွေ့ရဆို
ကိုယ် က ဖေ့ဘုတ်ထဲဝင် တိုင်းလိုင်းကြီးကို ရောက် ရောက်လာတဲ့ ဟက်ပီးဘတ်ဒေးတွေကို ပီတိတဖျာဖျာနဲ့ထိုင်ကြည့်နေတာကိုးး..။
အရည်မရ အဖတ်မရလှပေမယ့် ကိုယ့် အရပ်နဲ့ကိုယ့်ဇာတ် ပျော်နေတော့ကာ
ဘယ်သူတွေ ဘာတွေလုပ်နေတယ် တယ် သတိ မထားလှပြန်ပေဘူး..။ သူများတွေဆုတောင်းနဲ့ ပုံကလေးတွေသာ
သဘောတကျကြည့်နေပြီး ကိုယ့်ဘာ သာတော့ မွေးနေ့ ဘလော့ဂ်ရေးမယ်လည်း မရှိပြန်ဘူး..။ ဆိုရရင်
စာရေးသားခြင်းနဲ့ တာ့တာ ပြထားတာ လ အနည်းငယ်ရှိသွားပြီ ဆိုရမယ်..။ အရင့် အရင် ရေးပြီးသားလေးတွေ
ဂဠုန်ဆားချက် တစ်ပုဒ်စ တင်နေရာကလွဲပြီး မိုင်ဖေးဘရိတ် လို့တင်ထားတဲ့ အကိုတော် ဘလော့ဂ်ထံကိုတောင်
သေချာမရောက်ဖြစ်တော့ဘူးဆိုတော့ကာ ဘလော့ဂ်ဆိုတာ ဟယ်….ဘာလေး ပါလိမ့်လို့ ဝေေ၀၀ါးဝါးနဲ့…။
အရင်ကတည်းက တစ်ယောက်တည်းကျိတ်ခံစားနေရသလို “ငါသည် ဘလော့ဂ်ဂါ မပီပြင်သေး..အဲ စာရေးဆြာလည်း
မဟုတ်သေး”….အနှီ ခံစားချက်ကြီးနဲ့ဟိုမရောက် သည်မရောက် ကွကို တစ်ယောက်တည်း သင်းကွဲနေပေ သကိုး..။ ဒါတောင် အကိုတော်ကဗျာဆြာတစ်ဦးက “ညေးတို့ အုပ်စု
ညေးတို့အုပ်စု” နဲ့ ကျူးရင့်တော့ မျက်လုံးလေး ကလယ် ကလယ် ဖြစ်ရသေး…။
ဒီကနေ့ ဖေ့ဘုတ်ထဲဝင်လက်ကျန်ဘတ်ဒေးတွေ သင့်ခရုလုပ်… (သြော်
လူများ တယ် အတ္တများပေသကိုးဗျ)၊ နယူးစတိုင်းမဂ္ဂဇင်း မာတိကာတွေ့ မလေး ကို သွားပေးနဲ့..ဘာတွေမှန်းမသိ
လုပ်နေရင်း မျက်လုံးထဲ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတာက ….ဘလော့ဂ်ဂါတွေ တဗြုန်းဗြုန်း အိတ်မှောက်နေကြတာပဲ…။
ဟဲ့..ဘာများ ဖြစ်နေကြသတုန်း….???? ။ သူရို့အိတ်တွေထဲက ဘာတွေများလှန်လှောရှာနေကြပါလိမ့်..။
ဘာများပျောက်လို့ပါလိမ့်လို့ တထင့်ထင့်နဲ့ လိုက်လံစပ်စုကြည့်တော့မှ လားလား…..သစ်အစ်တဂ်ပို့စ်
ပေပဲ…။ အမယ် ငါ့အကိုတော်တောင် သူ့ ဘောင်းဘီအိတ် ဆွဲဖွင့်နေသေးသဟ…..။ ဘယ်ကဘယ်လို ဟိုဘလော့ဂ်
သည်ဘလော့ဂ် ခုန်ကူး ဖတ်ဖြစ်တယ်မသိဘူး…။ ကိုယ် သတိထားမိချိန်မှာ မျက်နှာမှာ ပြုံးနေခဲ့ပြီ။
အလို…ဒီလို မပြုံးဖြစ်တာ ကာလမနည်းကြာခဲ့ပါကောလား….။
အသံထွက် ခပ်တိုးတိုးရယ်မိရင်း ကိုယ့် အိတ်ကလေးကို သွန်ကြည့်မလို့
ဟန်ပြင်မိတယ်..။
မကြာခင် မရှုမလှ ထိုးသွင်းမွှေနှောက်ခံရမယ်ကို မသိသေးတဲ့
အိတ်ကလေးက သူ့ထားရာနေရာလေးမှာ ငြိမ်သက်စွာ အိနြေ္ဒရရ :) :)
အိတ်ထဲက ပစ္စည်းလေးတွေ အကုန်ချလိုက်တော့ ဘာမှ မှ မရှိဘဲ…။
အင်းလေ အိတ်ကလည်း တစ်ခါရံမှ မလေးဖူးဘူးပဲ။ ကိုယ် အမြဲကိုင်တိုင်း ပေါ့တဲ့ချည်အိတ်သာကိုင်လေ့ရှိတယ်..။
ပိုက်ဆံအိတ်ကတော့ ပိုက်ဆံအိတ်လို့ညွှန်းစရာမလိုဘူးနော့..။
သိသာနေတာကြီးကို..။ ဘာဖြစ် ညာဖြစ်လည်း ပြောစရာကို မလိုဘူး…။ ကချင်ပြည်နယ်က ပို့တဲ့ရိုးရာအိတ်…။
တစ်ခါများ HIV Project က လက်ဆောင်ပေါ့…။
ဒီဘက်အပြာရောင် စာအုပ်ကလေးက မှတ်စုစာအုပ်ကလေး…။ ဒီအထဲမှာ
လိပ်စာတွေ ပါတယ်…။ နယ်ရုံးတိုင်းရဲ့ ဘဏ်အကောင့်တွေပါတယ်…။ နောက် ဝေးလံတဲ့နေရာတွေကို
စာအုပ်ပေးပို့ပြီးတိုင်း မှတ်ထားတဲ့ လိပ်စာလေးတွေ..။ အင်တာနက်နဲ့ဆိုင်တဲ့ web
coding လေးတွေလည်းပါတယ်..။ ဒါက လွန်ခဲ့သော ငါးနှစ် web developmer သင်တန်းတက်တုန်းက
အွန်လိုင်းပေါ်က ထပ်ပြီးလေ့လာတွေ့ရှိတာတွေ မှတ်ထားတဲ့ စာအုပ်….။ နောက် ဘ၀မှာ အရေးပါခဲ့တဲ့
သူတွေရဲ့ မွေးနေ့တွေ (အခု မလိုတော့ဘူး :D )။ နောက် ဘ၀အလှည့်အပြောင်းရက်စွဲတွေလည်း စာတိုလေးတွေနဲ့
အတူရှိနေတယ်..။ နောက် Email, web ၀င်ရာ username & pw..။ မရယ်ပါနဲ့..တကယ်ကို အလွတ်မရဘူး…။
နောက် တစ်ချို့လတွေမှာ ကြွေးစာရင်းတွေရှိတယ်ထင်တယ်..။ :P
Hygienix ကတော့ Hand Care ပေါ့…။ ဘတ်စ်ကားပေါ်…နောက် သင်တန်း…
အစရှိသဖြင့်ရေမရနိုင်တဲ့နေရာမျိုး လက်ကို ပေရေခဲ့ရင် လွယ်လင့်တကူဆေးဖို့ပေါ့….။ အရင်ကတော့
ဒီဘူးလေးဘေးမှာ တစ်ရှုးထုပ်ရှိတယ်…။ အခု ကုန်နေတာလား မသိဘူး..။ မတွေ့ရပြန်ဘူး..။ အဲ့
နောက်က ဖုန်းစာအုပ်သေးသေးလေး..။ အပြည့်ပါပဲ…။ ဒါပေမယ့် တချို့ နာမည်တွေ မသိတော့ပြန်ဘူး..
:D ။ သော့ကတော့ အဆောင်သော့..။ ရုံးသော့လည်း ရှိသေးတယ်..။ အခုက ခုံပေါ်ရောက်နေတယ်ထင်တယ်..။
ဖုန်းနဲ့ အားသွင်းကြိုး…။ ကြိုပြောထားမယ်.. ဖုန်းက ကဒ်မရှိဘူး…။ ဒါပေမယ့် သွားလေရာ
သယ်နေတုန်း….ဂိမ်းဆော့ ဓာတ်ပုံရိုက် သီချင်းနားထောင်နေတုန်း :D..။
သူ့နောက်ကတော့ ထီး..။ နောက် အမြဲသောက်နေရတဲ့ ဆေးထုပ် (မုန်းတာ
ဒါကြီးကို မြင်ရတာ :( ) ။ စာရွက်ကတော့ မနေ့က ဘဏ်ကို ရုံးကိစ္စငွေလွှဲတုန်းကစာရင်းစာရွက်..ဒါကတော့
အမှိုက်..ပြီးရင်လွှင့်ပစ်ရမယ်..။
ဟိုပိစိ ပွစတွေကတော့ ဘောလ်ပင်ထည့်တဲ့အိတ်သေးသေးလေးကို ဖွင့်ချထားတော့
ထွက်လာတာ….။ အထဲမှာ မန်မိုရီစတစ်..။ နှုတ်ခမ်းဆိုးဆေးအဆီ…။ မျက်စဉ်း….။ နောက် ဘောလ်ပင်၊
ဆော့ပန်…။ ဘီး….။ ဒါတွေပဲထင်တယ်..။ ကုန်ပြီ..။
ကဲ အိတ်ထဲက ဟာတွေတော့ အကုန် ကုန်ပြီ…။
အကိုတော် ညီလင်းသစ်ပြောသလို ကိုယ်လည်း ဆိတ်အထွာပေါ့လေ…။
ပစ္စည်းတွေရဲ့သက်တမ်းကတော့ အတော်ကြာပြီထင်တယ်..။ မေ့တေ့တေ့ပဲ…။
ဘယ်တော့အသစ်လဲမလဲဆိုတာလည်း ခေါင်းထဲကို တစ်ခါမှဝင်မလာသေးဘူး..။ နိုင်ငံခြားဖြစ်ဈေးကြီးတာတွေလည်း
ဒီတစ်သက်ကိုင်မယ်လည်း တယ် မထင်လှဘူး….။
မေ့လို့ မြို့ထဲထွက်ရင်တော့ လက်ကိုင်အ၀တ်အိတ်တစ်လုံးခေါက်လျက်သား ပါသေးတယ်..။ အပြန်ဆိုရင်တော့ ၀ယ်လာသမျှ စာအုပ်တွေ၊ ရလာတဲ့မဂ္ဂဇင်းလက်ဆောင်တွေ၊ သူများကို လူကြုံပါးပေးဖို့ ကိုယ်စားထုတ်ပေးတဲ့ စာအုပ်တွေ.....နောက် မုန့်တွေ အစရှိသဖြင့် ဆွဲရသပေါ့လေ...။
မမသက်ဝေခင်ညားးးး
သယ်သမျှ ပိုးသမျှ အကုန်ရေးပလိုက်ပါဘီ
ကျေနပ်ပါတော့ခင်ညာ :D :D
ချစ်သော
သူသူ
ချစ်မရေးတဲ့ တဂ်ပိုစ့်လေးဖတ်ပြီး ညလေးတောင် ရေးချင်စိတ်လေးပေါက်သွားပြီ … မရောက်တာကြာခဲ့ပြီ မမရေ … သတိရတယ် …
ReplyDeleteAngry bird ချစ်စရာအိတ်လေးထဲက အပြာရောင်လေးတွေထွက်ကျလာတာကိုးး)
ReplyDeleteရိုး စင်း ရှင်း လင်း
ReplyDeleteအပို အလို မရှိ ကွက်တိ ဆိုတဲ့ အိတ်မျိုးပေပဲ...
<3 you too Thu Thu...
ထီး ကြိုက်တယ်.. မှတ်စုစာအုပ် သေးတယ်...
ReplyDeleteဘဏ်အကောင့်နာပါတ်တွေ တော်တော်များလားမသိ ..:P
မသူရဲ့ angry bird လေးကိုလာချောင်းသွားတယ် မး) အပြာလေးတွေချည်းပဲ ချစ်စရာလေးနော်..။
ReplyDeleteမိုးညချမ်း >> ရေး ညလေး..။ မျှော်နေမယ်..။
ReplyDeleterose of sharon >> ဟုတ်ပ မမ ပြောမှ သတိထားမိတယ်..အကုန်ပြာနေပါရောလား :D
မမသက်ဝေ >> ဟီးးဟီးး....တမီးက ကွက်စတိပဲ :D :D
မလေး >> သေးပေမယ့် ခုထိ စာမျက်နှာကုန်သေးဘူး မလေးရဲ့ :D..။ ဘဏ်အကောင့်တွေကတော့ ၃၀ လောက်ရှိမယ်ထင်တယ်..။ နယ်ရုံးခွဲတွေလေ မလေး :) ။ ပါစင်နယ်မဟုတ်ဘူး :D
ဆုမြတ်မိုး >> အေးလေ...အပြာရောင်တွေပဲ ဖစ်နေမှန်း အရင်ကသတိမထားမိခဲ့ဘူး :D
ရိုးရိုးရှင်းရှင်းလေးပဲး)
ReplyDeleteမှတ်စုစာအုပ်လေး စုတာ တူတယ် ကျနော်လည်းအဲ့တိုင်းပဲ ။
ဒီနေ့တော့ အားရပါးရကို အိတ်မှောက်နေကြတာ။ ဘလော့ဂ်တွေလည်ရင်းလည်ရင်း အပျော်လေးတွေ ကူးစက်တယ်။
ReplyDeleteTag Post တန်ခိုးနဲ့ ခုတော့ သိပြီ...
ReplyDeleteလက်ကိုင်အ၀တ်အိတ်တစ်လုံးခေါက်လျက်သား ပါတယ်ဆိုပဲ...
အကြံအစည်ကြီးတယ်.. နောက်တစ်ခေါက်အပြင်မှာတွေ့ရင် အဲ့ဒီအိတ်ကို အင်စပက်ရှင် ၀င်မယ်.. :)
စ,ဖတ်ကတည်းက သုံးလေးကြောင်းလောက် အရောက်မှာကိုပဲ တပြုံးပြုံးနဲ့ ဖြစ်သွားရတော့တယ်..၊း) အပြာရောင် မှတ်စုစာအုပ် ဆိုတာကို အထူး၊ အထူး စိတ်ဝင်စားသွားပြီ၊း)) username တွေ၊ pw တွေ အလစ်သုတ်မလို့ မဟုတ်ပါဘူး၊ web coding တွေကို လေ့လာချင်လို့ပါ...၊ တကယ်.. တကယ်...၊းP
ReplyDeleteညီမသူသူရဲ့ အိတ်ထဲမှာလည်း thumb drive လေးတစ်ခု ရှိတာပဲကိုး...၊ Angry bird အိတ်ကလေး အကြောင်းကို ရေးတဲ့ ညီမလေးရဲ့ ပို့စ်က angry ဖြစ်မနေဘဲ နောက်တီးနောက်တောက်နဲ့ ချစ်စရာ၊ ပြုံးစရာ၊ ရယ်စရာ၊ ၂ ခါ ထပ်ဖတ်ချင်စရာ ကောင်းနေခဲ့တော့တယ်....။း)
ဆိတ်အထွာ ဆိုတာတောင် တော်တော်ကြိးတဲ့ ဆိတ် ဖြစ်ရမယ် ..:P
ReplyDeleteနောက်တစ်ခါဆုံဖြစ်ရင် အဲ့အိတ်ကြိးကို မျက်စောင်းထိုးနေမိတော့မှာပါပဲ ...:D
အိတ်ကလေးမှာ အပိုမရှိ ရှင်းသန့်၏း)
ReplyDeleteစကားမစပ် အဝေးပျံငှက်က ဘယ်ကိုပျံနေတာလဲဟင် ..... ဘလော့ဂ်မှာ ပြန်လာနားခိုင်းပါဦး ။
မောင်မျိုး >> အရှင်းလွန်နေတာ :D
ReplyDeleteရိုးမြေကျ >> ဟုတ်ပ ပျော်စရာကောင်းသွားတယ် ညီမလေး..။
မမမြသွေး >> အ၀တ်အိတ်တွေ များကြီးရှိတယ် မမရဲ့...။ စာအုပ်တွေထည့် ထည့် သယ်လို့ရတယ်...။ မမကို ပေးမယ် :D
ကိုညီ >> အပြာရောင်စာအုပ်ကလေး ယူမယ်ဆိုရင်တော့ အထဲက ကြွေးစာရင်းပါ တာဝန်ယူမှ ဖြစ်မယ် အကိုရာ :D
မရည်ရွယ်ပါဘူးလေ.....တကယ် တကယ် :P
အိန်ဂျယ် >> ကချင်အိတ်ကလေးကလွဲရင် တစ်အိတ်လုံးအကုန် ယူသွား ညလေး :P
မမညိုလေး >> အဝေးပျံငှက်ကို ပြန်ခေါ်ထားတယ်..သူက အလည်လွန်နေတာ :D :D
မရယ်ပါဘူး... ဆိုဒ်တွေဖွင့်ထားတာအများကြီးကို ပစ၀ မမှတ်မိလဲ မမှတ်မိနိုင်စရာမဟုတ်လား ...သူသူအိတ်သည် very simple အဖြစ်ဆုံး....း)
ReplyDeleteသူသူ့ အိတ်လေးထဲက ရိုးရာ ပိုက်ဆံအိတ်လေးကို ချစ်လို့ တို့လည်း ရန်ကုန်မှာတုန်းက အဲလိုအိတ်လေးတွေပဲ သုံးတာလေ... အိတ်ရှင်းရှင်းလေးက စိတ်ရှင်းရှင်းလေးကိုပြနေတာ...
ReplyDeleteနှင်း
အိတ်ကလေး ကြိုက်လိုက်တာ။ လက်ဆေးဘူးလေး သဘောကျတယ်။
ReplyDeleteအပြာရောင်တွေနဲ့လှနေတဲ့ အိတ်ကလေးကို လာကြည့်သွားပါတယ် ခင်ဗျာ :)
ReplyDeleteရှားတားပါးတား အိတ်မှောက်ထားတာ ပျော်ဖို့ ကောင်းတယ်နော်..။ အလို ချင်ဆုံးကတော့ အကြီး ဆုံး အိတ်ပဲ...။
ReplyDeleteChit sa yar nyi ma lay.. so sincere..
ReplyDelete