ဂွတ်ဘိုင် နိုဝင်ဘာ

သွားတော့ နို ၀င် ဘာ
အတိတ်ရဲ့ ၀တ်ရုံထူထူကို ခွာချပြီး..... နင်ထွက်သွားပါတော့
နင့်ရဲ့ ၀ိညာဉ်ထဲ တန်ဆောင်မုန်းလပြည့်ရှိတယ်
နင့်ရဲ့ ၀တ်ရုံထဲ စက်တော်ရာမီးထွန်းပွဲတော်ရှိတယ်
သံစဉ်ချိုမြလျှောက်ခဲ့တဲ့ မြေနီလမ်း
နင် သိမ်းမထားပါနဲ့ နိုဝင်ဘာ။
နိုဝင်ဘာ
တစ်ချိန်က င၀န်ကမ်းခြေရဲ့ နိုဝင်ဘာမှာ
မီးကျည်မီးပန်းတွေ ပြုံးပျော်မော့ကြည့်လို့
ကောင်မလေးတစ်ယောက် မြူးထူးခဲ့ဖူးတယ်..။
နိုဝင်ဘာ
မြို့ကလေးရဲ့ နိုဝင်ဘာမှာ
ကုသိန္နာရုံဘုရားပွဲသံတွေညံလို့
ကထိန်ဗေထိနဲ့
ဗြောင်းဗြောင်းဆန် ဆူညံနေဖူးတယ်...။
နိုဝင်ဘာ
အစွန်အဖျားရပ်ကွက်ငယ်လေးရဲ့
အပင်တွေအုံ့ဆိုင်း ခြံကျယ်ထဲ
ဖယောင်းတိုင်တွေ တထိန်ထိန်
ဝိုင်းစက်စက်လပြည့်အောက်
ဆေးပေါင်းခ ခဲ့ဖူးတယ်..။
နိုဝင်ဘာ
နင် ဟာ ကလေးဆန်ဆန် ဂျစ်ကန်ကန်နဲ့
ကောင်မလေးတစ်ယောက်ကို
ချစ်ခြင်းတရားနဲ့ထိတွေ့အောင်
ဖြစ်တည်ခဲ့တယ်...။
နိုဝင်ဘာ
မထင်မှတ်တာတွေ ပေးစွမ်း
ချည်နှောင်မှုတွေ ပြတ်တောက်
ဟို ကမ္ဘာဝေးဆီ လွင့်ပြယ်အောင်
နင် စွမ်းဆောင်လွန်းခဲ့တယ်..။
သွားတော့ နိုဝင်ဘာ
အတိတ်ရဲ့ ခြေသံ တဖျပ်ဖျပ် ပေး
မာန်မာနတွေ ၀င့်မချီပါနဲ့တော့...။
သွားတော့ နိုဝင်ဘာ
မနက်ဖြန်ရဲ့ နေ့သစ်တွေ မက်နိုင်ဖို့
ဒီဇင်ဘာမှာ အေးမြဖို့
နှစ်သစ်ကူးဆီ အရောက်လှမ်းဖို့
နင်.... သွားးး တော့ နိုဝင်ဘာ
သွားတော့ နိုဝင်ဘာ
သွားးး
တော့
နို ၀င် ဘာ ။ ။
30.11.2013
PM:7:00
နိုဝင်ဘာ
ReplyDeleteမထင်မှတ်တာတွေ ပေးစွမ်း
ချည်နှောင်မှုတွေ ပြတ်တောက်
ဟို ကမ္ဘာဝေးဆီ လွင့်ပြယ်အောင်
နင် စွမ်းဆောင်လွန်းခဲ့တယ်..။
ခံစားမှုတွေအများကြီးပေးတဲ့နိုဝင်ဘာကို နူတ်ဆက်ပြီး
ReplyDeleteဒီဇင်ဘာကိုလဲ ကြိုနေခဲ့တယ်နော်
အချိန်တန်ရင် နှုတ်ဆက်ရသလို
ReplyDeleteကြိုဆိုရစမြဲပေါ့ သူသူရေ..
Good Bye November & Welcome December :)
မေတ္တာဖြင့်
တီတင့်
နှုတ်ဆက်ရင်း
ReplyDeleteကြိုဆိုရင်း
ငွေနှင်းပွင့်အချို့  ရောက်လာပြန်ပြီ ။
ဒီနှစ် နိုဝင်ဘာကို ရွှေအိမ်စည် နှင်ထုတ်လိုက်တာပဲ ဖြစ်ရမယ် ...
ReplyDeleteပျော်ရွှင်ဖွယ် ဒီဇင်ဘာ ပါ ညီမရေ ... :)
http://wunzinminraja.blogspot.sg/
ReplyDeleteဝန်ဇင်းမင်းရာဇာ