Sunday, February 6, 2011

ရှင်သန်ခြင်း



*မျက်ရည်တွေ စိုလာဦးမလား
တို့တတွေဟာ
နေတတ်ခြင်းနဲ့ အတူ
ကျေနပ်ခြင်းကိုလည်း ထည့်သိုတတ်ရမယ်။

*အလွမ်းတွေကော အော်မြည်ဦးမလား
ဥပေက္ခာလွင်ပြင်တွက်
အဆုံးမဲ့ ချစ်ခြင်းတွေလည်း
တို့များကို နှောင်ဖွဲ့စေမှာပဲ။

*ရှင်သန်ခြင်းရဲ့ ၀င်္ကဘာမှာ
အချစ်တွေလည်း လာချင်လာမယ်
ယစ်မူးခြင်းတွေလည်း လာချင်လာမယ်
ပြုံး , မဲ့ ခြင်းတွေလည်း လာချင်လာမယ်
အမုန်းတွေလည်း လာချင်လာမယ်
ဗြမ္ပာစိုရ်တရား တွေလည်း လာချင်လာမယ်ပဲ
မွေးခြင်းနဲ့ သေခြင်း
မြောင်းကျဉ်းကျဉ်းလေးထဲမှာ
တို့တတွေဟာ
မေ့မူးခြင်းများစွာနဲ့
အိပ်စက်နေရမှာတော့ သေချာတယ်...။               ။

2 comments:

  1. ရှင်သန်ခြင်း ဆိုတဲ့ ကဗျာလေးကို သိပ်ကြိုက်မိလို. ဖေ့ဘွက် ဝေါ်ပေါ်မှာ ရှယ်လိုက်ပါတယ်... ကျေးဇူးတင်ပါတယ် ..
    နောက်လည်း အားပေးနေမယ်နော် ...

    ReplyDelete
  2. အားပေးတာ ကျေးဇူးတင်ပါတယ်ပါတယ်ရှင်..။
    နောက်လည်း ၀င်ပါထွက်ပါနော်..။
    ကြိုဆိုပါတယ် :) ။

    ReplyDelete