Sunday, March 13, 2011

2010 ဒိုင်ယာရီ

ဘာလိုလိုနဲ့ 2010 ကကုန်သွားခဲ့ပြီ။

ကုန်သွားတယ်ဆိုတော့ ပြီးသွားတယ်လို့ ဆိုလိုတာလား?။

ဒါမှ မဟုတ် ပျောက်ဆုံးကွယ်ပျောက်သွားတာလား? ။

သက္ကရ်ာဇ်တစ်ခု ကုန်သွားရင်ပြက္ခဒိန်ကို စွန့်ပစ်လိုက်သလို ဖြစ်ခဲ့သမျှ အရာအားလုံးလည်း အလွယ်တကူ စွန့်ပစ်လို့ရရင် ကောင်းမယ်။ 2010 ထဲမှာ ပြန်ကြည့်လိုက်တော့ ချစ်ခြင်းမေတ္တာတွေ၊ အပြန်အလှန် နား လည်မှုတွေ၊ ငိုကြွေးမှုတွေ၊ အားငယ်ကြောက်ရွံ့ခြင်းတွေ၊ ကူကယ်ရာမဲ့ ခြောက်ခြားမှုတွေ၊ အရှက်ခွဲခံရ မှုတွေ၊ Outsider တစစ ဖြစ်သွားရတဲံ အဖြစ်သနစ်တွေ၊ မမျှော်လင့်ဘဲ ရရှိခဲ့တဲ့အေးမြမှုတွေ၊ ဒုက္ခရာက် စဉ်မှာ ကမ်းလင့်ပေးခဲ့တဲ့ လက်ကလေးတစ်စုံ၊ ပန်းတိုင်ရှိရာကို လျှောက်နေရင်း ဒလိမ့်ကောက် ကွေး   ခြေချော်ကျခဲ့ရတဲ့ ကာလများ….။


ပုံရိပ်တွေက အရောင်စုံနေတယ်။ ဒါတွေကို 2010 ခုနှစ်တစ်ခုတည်းမှာ ကြုံတွေ့ခဲ့တာတဲ့။ ပြက္ခဒိန် အဟောင်းကို ကိုင်ရင်း မင်နီနဲ့ဝိုင်းမှတ်ထားတဲ့ အမှတ်တရနေ့စွဲတွေကို အသာငေးစိုက်ကြည့်နေမိတယ်…။

တစ်ယောက်က ပြောခဲ့ဖူးတယ်။

`မွေးနေ့တွေကို မုန်းးတယ်´


ကိုယ်ကတော့ မမုန်းဘူး။ ဟိုးး ငယ်စဉ်ကလေးဘ၀ကတည်းက Aug;27 ကိုရောက်လာရင် ကိုယ့်ကို ဘယ် သူများ အမှတ်တရရှိမလဲ မျှော်လင့်ခဲ့ဖူးးတယ်။ အမွှေးပွပွအရုပ်ကလေးတွေကို အဝေးကနေ တမက် တမောကြည့်ခဲ့ရတာ အမော။ ဒါပေမယ့် အဲဒီနေ့လေးဟာလူမသိ သူမသိ တိတ်တိတ်လေးဘဲ ထာဝစဉ်   ကျော်ဖြတ်သွားခဲ့ပါတယ်။ ကိုယ့်ဘာသာ တစ်ယောက်တည်း ဘုရားသွားတယ်။ နောက် တစ်ယောက် တည်း ရှိတဲ့ မုန့်ဖိုးလေးနဲ့ မုန့်တွေဝယ်စားတယ်..။ ဒီလိုနဲ့ပဲ ပြီးသွားခဲ့ပါတယ်။


2010 Aug;27 မှာတော့ ဘယ်သူကမှ အရေးတယူဖုန်းခေါ်လေ့မရှိတဲ့ ကိုယ့်ဆီကို ဖုန်းမြည်သံတွေ အစီ အရီထွက်ပေါ်လာကြပါတယ်။ Happy Birthday ! တဲ့။ အဝေးတစ်နေရာစီက လူခြောက်ယောက်ဟာ သူတို့ရဲ့ Happy Birthday ! တစ်ခွန်းကြောင့် ကိုယ်မျက်ရည်လည်လောက်အောင် ၀မ်းသာပျော်ရွှင် သွားခဲ့ရတယ်ဆိုတာ သိချင်မှ သိကြမှာပါ။

June’ 5, 6

အရူးမီးဝိုင်းခဲ့တဲ့ ရက်တွေပဲ။ လက်ကလေးတစ်ဘက်ကို ခပ်တင်းတင်းဆုပ်ရင်း မျက်ရည်တွေတွေ ကျနေ ခဲ့တယ်။ ဟိုးးအဝေးက `ဘယ်လိုလဲ´ `ဘာကြောင့်လဲ´ မေးခွန်းတွေအလယ်မှာ ကိုယ်ဘာတစ်ခုမှ   ပြန်မဖြေနိုင်ခဲ့ဘူး။ ဒုက္ခတွင်းထဲ ဖြေချော်ကျခဲ့ရတဲ့ ကိုယ့်ကို တချို့က ကရုဏာစိတ်နဲ့ ထူမကြတယ်။ တချို့ က ဆုံးမစကားချိုချိုလေးတွေနဲ့ ကိုယ့်ဘာသာပြန်မတက်ရကောင်းလား မသိမသာပြောကြတယ်။ လူတွေ ရဲ့စိတ်ကို အဲဒီ့အချိန်မှာမှ ကိုယ်သေသေချာချာသိခွင့်ရခဲ့တယ်။ ငိုကြွေးခဲ့ရပေမယ့် လူ့လောက အကြောင်း သိခွင့်ရတာ အမြတ်ပဲ။ ကောင်းတာ၊ ဆိုးတာ ဒွန်တွဲနေတဲ့လောကကြီးမှာ ဘယ်လို မွန်းကြပ်မှုမျိုးပဲ   ဖြစ်ဖြစ်  ထွက်ပေါက်ဆိုတာ ရှိတာပဲလို့ ကိုယ်နားလည်ခဲ့ပါတယ်။

Nov’21

ကိုယ့်ဆီကိုလေပြေလေညင်းတွေ တိုက်ခတ်ပါတယ်။ ရာသီမှားရွေ့တာလား၊ ဖြစ်လေ့ဖြစ်ထလား.. ကိုယ် မသိဘူး။ တေးသွားခပ်တိုးတိုးကို နားစွင့်ရင်း တစ်ခါတရံကံကောင်းခြင်းတွေ ကိုယ့်ဆီရောက်လာပါစေလို့ ဆုတောင်းမိတယ်။ ဆုတောင်းခြင်းတွေကို မုန်းတီးတတ်ပေမယ့်လည်း ကိုယ် ဆုတောင်းနေမိပြန်ပါတယ်..။

Dec’3

2012 မှာ ကမ္ဘာပျက်ရင်လည်း အေးတာပဲလို့ ခပ်ရွတ်ရွတ်တွေးမိတယ်။ အသက်ရှုသံတွေ မရပ်တန့်ခင်မှာ ကိုယ့်ကို ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ တွဲဆက်ခြင်းမရှိဘဲ ဘယ်သူကများ ချစ်ခင် ဂရုစိုက်ပေးဦး မလဲ မျှော်လင့်ခဲ့မိသေးတယ်။ လောကအလယ်မှာ ကိုယ် တစ်ယောက်တည်း ပိန်းပိတ် နေပါတယ်။   ကောင်းကင်ကို မေ့ကြည့်မိတော့ အသက်ရှုတွေ ကြပ်လာတယ်. ဇီဝကမ္မတွေ ချို့ယွင်းလာတာလား၊ သက်တမ်းတွေပဲ ယုတ်လျော့လာတာလား…ဘာပဲဖြစ်ဖြစ်လေ ကိုယ့်အတွက် သံသရာက ရှည်ကြာနေပြီပဲ။ ကိုယ် ဖြေသာနိုင်ပါတယ်။

`အချစ်´

ဒါ ဟာဖတ်ခဲ့ဖူးပြီး မကြေညက်ခဲ့တဲ့ စာလိုလို၊ မသင်ခဲ့ရဘဲ ကျော်သွားမိတဲ့ စာတစ်ပုဒ်လိုလို ။ ဝေေ၀ ၀ါးဝါးနဲ့………………….။

6.3.2011
AM:2:15

2 comments:

  1. လွမ်းလို. လည်လည် လာတာ

    ReplyDelete
  2. အ ချစ်(ဒါဟာ ဖတ်ခဲ့ဖူးပီးမကြေညက်ခဲ့တဲ့စာလိုလို မသင်ခဲ့ရပဲကျော်သွားမိတဲ့စာပိုဒ်လိုလို.. ဝေေ၀၀ါးဝါးနဲ့)အဓိပါယ်အသစ်စက်စက်လေးးး

    ReplyDelete