Friday, March 4, 2011

လူပြိန်း

*လမ်းဆုံးထိ မပြောနဲ့
လမ်းအစပဲ မြင်
(ဒါတောင် ခပ်ဝါးဝါးနဲ့)
တွေးလိုက်သမျှတွေလည်း
အိုးစုတ်လား..ပလုံးစုတ်လား
ခွက်စုတ်လား
ဗြမ္ပာစိုရ်တရားဝေးစွ
သံယောဇဉ်ကိုတောင်
ခဏခဏ ထုံးပစ်တယ်
ချဉ်ချဉ်တူးတူး မူးရင်ပြီးရော
ခပ်ညံ့ညံ့ကဗျာတွေ ရေးတယ်
သိသလို တတ်သလိုနဲ့
အရာမထင် လေထဲပျောက်လွယ်
ခပ်တိမ်တိမ်စကားတွေပြောတယ်
ဟိုလိုလား..သည်လိုလား
ကိုယ်ဖန်တီးတဲ့ သံသယတွေနဲ့
ကိုယ့်ကိုကိုယ် မီးသဂြိုဟ်တယ်..............။ ။

4 comments:

  1. လူပြိန်းးးး...
    ကောင်းလိုက်တဲ့ ခေါင်းစဉ်......
    အားမှ အမ Blog ကိုမွှေရဦးမယ်............း)

    ReplyDelete
  2. သံယောဇဉ်ကိုတောင်
    ခဏခဏ ထုံးပစ်တယ်
    လုပ်နဲ.နော် နိုမှာ

    ReplyDelete
  3. ဒီကဗျာ ဒီကဗျာ ကျွန်တော့်ကို ကိုင်ပေါက်တာ သုံးခါရှိပြီး))။

    ReplyDelete
    Replies
    1. ဘယ်နားမှန်သွားသေးလဲဟင် ?? :P

      Delete