(၁)
Telephone, Handphone, Cellphone, Mobile မည်သို့ပင် အမျိုးအစား ခွဲခြားသတ်မှတ်သော်လည်း စကားပြော၍ ရ သည်မှာ အတူတူပင်။ အချို့က နီးနေရက်နှင့် ဖုန်းပြောကြသည်။ အချို့က ဝေးဝေးလံလံမှ ဆက်သွယ်လို၍ ဖုန်းပြောကြ သည်။ အချို့က လိုရင်းတိုရှင်း ပြောကြသည်။ အချို့က တမေ့တမော ပြောကြသည်။ အလုပ်ကိစ္စနှင့် ပြောကြသည်။ ချစ်သူနှင့် ပြောကြသည်။ သူငယ်ချင်းနှင့် ပြောကြသည်။ အကြောင်းကိစ္စ ကြီးငယ်ရှိ၍၊ ဆက်သွယ်လို၍ ပြောကြသည်။
အား လုံး ဖုန်း ပြော နေ ကြ ပါ သည်။
* * * *
(၂)
ဖုန်းမြည်သံ ကြားတိုင်း နားတော့ စွင့်မိသည်ပင်။
အလုပ်ကိစ္စလား....ကိုယ်ရေးကိုယ်တာလာ. ?
ရုံးချုပ်မှ စာရင်းကိစ္စ မကြာခဏဆက်သလို၊ Customer များထံမှ ဖုန်းများ၊ အခြားနယ် ရုံးခွဲများမှ လုပ်ဖော်ကိုင်ဖက်များ ထံမှ ဖုန်းများ၊ Dealer ထံမှ Deposit တင် ဖုန်းများ စသည်တို့ကြားဝယ် ကိုယ်ရေးကိုယ်တာဖုန်းများကတော့ ရံဖန်ရံခါ ၀င်လာတတ်သေးသည်။ မျှော်လင့်သူ၏ ဖုန်းများလား၊ မိတ်ဆွေ သူငယ်ချင်းများထံမှ ဖုန်းများလား အတွေးများနှင့် ဖုန်းမြည်သံသည် ရင်ခုန်လှုပ်ရှားစရာောတ့ ကောင်းနေပါသည်။
တီးလုံးမျိုးစုံနှင့် ဖုန်းမြည်သံတွေ ကြားရတိုင်း ဖတ်ခဲ့ဖူးသော ၀တ္တုတစ်ပုဒ်ကို သတိရမိပါသည်။
သူ့အမည် “အန်နာ” ဟုပင် ဆိုကြပါစို့။ ထိုနေ့က အန်နာ စီးလာသော ကား သည် လူပြတ်သော ဟိုင်းဝေးလမ်းမတစ်ခုမှာ
စက်ချို့ယွင်း ၍ ရပ်တန့်သွားခဲ့သည်။ တစ်စုံတစ်ယောက်ကို အကူအညီအလို့ငှာ ဆက်သွယ်ရန် လက်ကိုင်ဖုန်းကို
လိုက်ရှာ တော့မှ သူမ အလုပ်စားပွဲပေါ်၌ မေ့ကျန်ခဲ့မှန်း သတိရတော့သည်။ သူမ အဖို့ ကားကြုံလိုက်ရန်
ကားတားဖို့သာ ရှိ တော့ သည်။ ကားတွေ တစ်စီးပြီး
တစ်စီးတားသော်လည်း မည်သည့်ကားမှ ရပ်မပေးကြ။ နောက်ဆုံးတော့ အတော် အတန်ကြီး မားသည့် ဘတ်စ်ကား အိုကြီး
တစ်စီးကျမှ ရပ်ပေးသည်။ ယာဉ်မောင်းက တစ်စုံတစ်ရာ မပြောမီ အန်နာက အရင်မေး လိုက်သည်။
“ဒီမှာရှင့် ဖုန်းဆက်လို့ ရတဲ့ နေရာ ရောက်နိုင်လား”
ယာဉ်မောင်းက ခေါင်းတစ်ချက်ငြိမ့်အပြီး အန်နာ ကားပေါ်ရောက်အပြီး
ဖြစ်နေသည်။ ဘတ်စ်ကားအိုကြီးထဲတွင် မိန်းမ အရွယ်စုံ တွေ အများကြီးတွေ့ရသည်။ သူတို့သည်
ဘာစကားမှ မပြောကြ။ အားလုံးငိုက်မြည်းနေကြသည်။ သူတို့ကို ကြည့်ရင်း တစ်ခုခု လွဲချော်နေသလို
သူမ ခံစားနေမိသည်။
“ဘုရားသခင် သူတို့ ဘာလို့ ငိုက်မြည်းနေကြပါလိမ့်”
အင်းလေ ဖုန်းဆက်လို့ရတဲ့ တစ်နေရာရာကို ရောက်ရင် ဆင်းသွားရုံပဲဟု ကိုယ့်ဘာသာ ဖြေတွေးကာ ယာဉ်မောင်းကို လှမ်းမေး လိုက်သည်။
“ဒီကားက ဘယ်ကိုရောက်တာလဲ”
ယာဉ်မောင်းက ငြီးတွားသလိုနှင့် ပြန်ဖြေသံက အန်နာ့ကို ထိတ်လန့်စေသည်။
“ဒီ ကားက ဘယ်ကိုရောက်လဲ ခင်ဗျား အသိဆုံးပဲ မဟုတ်လား......ကျွတ် ခင်ဗျားတို့လို အရူးတွေကို လိုက်ပို့ရတဲ့ ယာဉ်မောင်း ဖြစ်ရတာ တော်တော် စိတ်ပျက်စရာပဲ”
အန်နာ ဆက်မတွေးဝံ့တော့အောင် ဖြစ်သွားသည်။ သူမ ဆက်လိုက်ရမည်လား။ ဆင်းကျန်နေရစ်ရမည်လား။ ပိန်းပိတ် အောင် မှောင်သော ပတ်ဝန်းကျင်က သူမကို ကြောက်ရွံစေသည်။ ဖြစ်လိုရာ ဖြစ်စေ ဆင်းမည်ဟန်ပြင်တော့ သန်မာသည့် လက်ချောင်းနှစ်ဘက်က သူမကို ဆွဲနှိမ့်ကာ ခပ်မာမာပြောသည်။
“ကား ရပ်မှ ဆင်း”
အန်နာ တစ်စုံတစ်ရာ စကားမဆိုတော့ပါ။ ဟို ရောက်ရင် ဆရာဝန်တွေ၊ ၀န်ထမ်းတွေ တွေ့ရမှာပဲ။ အဲ့တော့မှ အကျိုး အကြောင်း စကားဆိုကာ သူမ ခင်ပွန်းထံ ဖုန်းဆက် အကြောင်းကြားရမည်။ “မိုက်ခ်” လာခေါ်လျှင် အရာအားလုံး ပြီးဆုံးသွားပြီဟု သူမ မှတ်ယူလိုက်သည်။
မီးရောင် ထိန်လင်းနေသည့် အဆောက်အဦးသို့ ရောက်လျှင်ရောက်ချင်း သူနာပြုတစ်ယောက်ကို မြင်လိုက်ရသည်နှင့် ၀မ်းသာ အားရချက်ချင်းပြောလိုက်သည်။
“ဖုန်း ခဏလောက် ဆက်ပါရစေ”
ဒါ အန်နာ ၏ အမှားဖြစ်သည်။ ဘာမှရေရေရာရာ မပြောရသေးခင် ဒီ စကားမပြောသင့်သေး။ သူနာပြု၏ အကြည့်စူးတစ်ချက် နှင့်အတူ သူမ ပခုံးနှစ်ဘက်ကို လာရောက်ချုပ်ကိုင်သော အထိအတွေ့များအောက်ဝယ် အန်နာ ဒေါသတကြီး ဖြစ်သွားသည်။
“ဘာလုပ်ကြတာလဲ.....ဖယ်...ကျွန်မ အရူးမဟုတ်ဘူး။ ကျွန်မ ဖုန်းဆက်ချင်လို့ လိုက်လာတာ”
ချုပ်ကိုင်ထားသော လူနှစ်ယောက်အနက်မှ တစ်ယောက်က သူနာပြုကို လှမ်းပြောသည်။
“သူ လမ်းမှာလည်း ကားပေါ်က ခုန်ဆင်းမလို့ လုပ်နေသေးတယ်”
“ကြမ်းနေပြီထင်တယ်။ အဆောင် ၃ ကို ခေါ်သွားလိုက်ပါ”
“ဟုတ်ကဲ့”
သန်မာသော လက်ချောင်းများအောက်ဝယ် မလူးမလွန့်သာ ပါသွားရင်း ကြောက်ရွံစိတ်တွေက အန်နာ့ကို တစ်ကိုယ်လုံး လွှမ်းခြုံစေ သည်။ တဆတ်ဆတ်တုန်နေသာ ကိုယ်ခန္ဓာနှင့် ကယောင်ကတမ်း ဗလုံးဗထွေး ပြောမိပြောရာ စကားတွေက အန်နာ့အတွက် ထပ်ကာထပ်ကာ အမှားတွေ ကျူးလွန်နေမိသလိုပင်။
“ကျွန်မ ဖုန်းဆက်ချင်လို့။ ကျွန်မ လူကောင်းပါ။ ကျွန်မ လမ်းကြုံလိုက်လာတာပါ....ကျွန်မ..ကျွန်မ...”

အန်နာ့ တစ်ကိုယ်လုံးရှိ သွေးတွေရပ်ဆိုင်းသလို ဖြစ်သွားသည်။ အရူးတွေ......။ ချက်ချင်းလိုလို
ကားအတွင်း ပတ်ပတ် လည်ကြည့် မိတော့ ငိုက်မြည်းနေကြသည့် မိန်းမ အရွယ်စုံပုံသဏ္ဍန်တွေက သူမ
ကြားလိုက်ရသည့် စကားကို မှန်ကန်ကြောင်း ထောက်ခံ နေသလိုပင်။ ဘုရား..ဘုရား သူတို့ အားလုံးက
အရူးတွေဆိုရင် ဒီ ကားရဲ့ ဦးတည်ရာက...။
အန်နာ ဆက်မတွေးဝံ့တော့အောင် ဖြစ်သွားသည်။ သူမ ဆက်လိုက်ရမည်လား။ ဆင်းကျန်နေရစ်ရမည်လား။ ပိန်းပိတ် အောင် မှောင်သော ပတ်ဝန်းကျင်က သူမကို ကြောက်ရွံစေသည်။ ဖြစ်လိုရာ ဖြစ်စေ ဆင်းမည်ဟန်ပြင်တော့ သန်မာသည့် လက်ချောင်းနှစ်ဘက်က သူမကို ဆွဲနှိမ့်ကာ ခပ်မာမာပြောသည်။
“ကား ရပ်မှ ဆင်း”
အန်နာ တစ်စုံတစ်ရာ စကားမဆိုတော့ပါ။ ဟို ရောက်ရင် ဆရာဝန်တွေ၊ ၀န်ထမ်းတွေ တွေ့ရမှာပဲ။ အဲ့တော့မှ အကျိုး အကြောင်း စကားဆိုကာ သူမ ခင်ပွန်းထံ ဖုန်းဆက် အကြောင်းကြားရမည်။ “မိုက်ခ်” လာခေါ်လျှင် အရာအားလုံး ပြီးဆုံးသွားပြီဟု သူမ မှတ်ယူလိုက်သည်။
မီးရောင် ထိန်လင်းနေသည့် အဆောက်အဦးသို့ ရောက်လျှင်ရောက်ချင်း သူနာပြုတစ်ယောက်ကို မြင်လိုက်ရသည်နှင့် ၀မ်းသာ အားရချက်ချင်းပြောလိုက်သည်။
“ဖုန်း ခဏလောက် ဆက်ပါရစေ”
ဒါ အန်နာ ၏ အမှားဖြစ်သည်။ ဘာမှရေရေရာရာ မပြောရသေးခင် ဒီ စကားမပြောသင့်သေး။ သူနာပြု၏ အကြည့်စူးတစ်ချက် နှင့်အတူ သူမ ပခုံးနှစ်ဘက်ကို လာရောက်ချုပ်ကိုင်သော အထိအတွေ့များအောက်ဝယ် အန်နာ ဒေါသတကြီး ဖြစ်သွားသည်။
“ဘာလုပ်ကြတာလဲ.....ဖယ်...ကျွန်မ အရူးမဟုတ်ဘူး။ ကျွန်မ ဖုန်းဆက်ချင်လို့ လိုက်လာတာ”
ချုပ်ကိုင်ထားသော လူနှစ်ယောက်အနက်မှ တစ်ယောက်က သူနာပြုကို လှမ်းပြောသည်။
“သူ လမ်းမှာလည်း ကားပေါ်က ခုန်ဆင်းမလို့ လုပ်နေသေးတယ်”
“ကြမ်းနေပြီထင်တယ်။ အဆောင် ၃ ကို ခေါ်သွားလိုက်ပါ”
“ဟုတ်ကဲ့”
သန်မာသော လက်ချောင်းများအောက်ဝယ် မလူးမလွန့်သာ ပါသွားရင်း ကြောက်ရွံစိတ်တွေက အန်နာ့ကို တစ်ကိုယ်လုံး လွှမ်းခြုံစေ သည်။ တဆတ်ဆတ်တုန်နေသာ ကိုယ်ခန္ဓာနှင့် ကယောင်ကတမ်း ဗလုံးဗထွေး ပြောမိပြောရာ စကားတွေက အန်နာ့အတွက် ထပ်ကာထပ်ကာ အမှားတွေ ကျူးလွန်နေမိသလိုပင်။
“ကျွန်မ ဖုန်းဆက်ချင်လို့။ ကျွန်မ လူကောင်းပါ။ ကျွန်မ လမ်းကြုံလိုက်လာတာပါ....ကျွန်မ..ကျွန်မ...”
အန်နာ့ကို အလင်းရောင် ဖျော့တော့သော အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားကြသည်။ ငိုရင်း...ရှိုက်ရင်းက
တဖြေးဖြေး မောပန်း လာကာ သူမ အသံတွေ တိုးဝင်လာသည်။ ဆေးရုံ ပုံသဏ္ဍန်အခန်းဖွဲ့စည်းပုံက သူမကို
ပိုမို ခြောက်ခြားစေသည်။ ၀န်ထမ်းတွေ၏ သွင်ပြင်က အေးစက်စက်..။ သူမ ကို သူတို့တွေ အမည်ပေးလိုက်တာက
“ဖုန်းဆက်ချင်တဲ့ အရူး”တဲ့။ အန်နာ အားအင်ကုန်ခမ်းသွားသလိုပင် သူတို့တွေကို ငေးရီကြည့်ကာ
ဘာမှ မပြောနိုင်။
နေ့ရက် အနည်းငယ် ကျော်ဖြတ်လာသည်အထိ အန်နာ ဇွဲမလျှော့ခဲ့ပေ။ တငိုငို တရယ်ရယ် နှင့် ဖုန်းနံပါတ်တစ်ခု၊
လိပ်စာ တစ်ခုပြ ကာ တသွင်သွင် တောင်းဆိုနေသော အစာငတ်ခံဆန္ဒပြုနေသည့် အန်နာ့ကို တစ်ခုသော
နံနက်ခင်းမှာ သူတို့ ဖုန်း ဆက်ခွင့်ပေး လိုက်ပါသည်။ လူနာတစ်ယောက်၏ ဆန္ဒကို အလိုလိုက်ပေးလေသည်လား။
အန်နာ့ အတွက်တော့ လွတ် မြောက်မှုပင်။ သူမ ဖုန်းခေါ်ပြီး မကြာမီပင် ရက်အတန်ကြာပျောက်ဆုံးနေသော
သူမကို ပူပင်တကြီးဖြစ်နေသည့် သူမ ခင်ပွန်းရောက်ရှိလာသည်။ တာဝန်ရှိသူတွေနှင့် မေးကြရှင်းကြ
ပြောဆိုကြလေသည့် အဖြစ်သနစ်တို့ကြားဝယ် အန်နာ့ ခမျာ ငေးငေးငိုင်ငိုင်။ သူမခင်ပွန်းက
ဖေးဖေးမမ ဂရုတစိုက်ခေါ်ဆောင်သွားသည့်တိုင် အန်နာ့ အတွက် ပုံမှန်အခြေအနေ ရောက် မလာသေးဘဲ
ဆေးရုံမှ ပေးလိုက် သည့် စိတ်ငြိမ်ဆေးတွေပါ ယူဆောင်သွားရတော့သည်။
ထို ၀တ္တုပြီးသည့်အခါ ကျွန်မ စိတ်တို့ မချင့်မရဲ။ လူကောင်း ပကတိမှ ဒီလို အခြေအနေ ဖြစ်ပျက်သွားသည်အထိ
ဘယ် အရာတွေ က စေ့ဆော်သွားသည်လဲ။ ဖုန်းဆက်ချင်တာ တစ်ခုနှင့် မစူးမစမ်း လိုက်သွားသည့်
အန်နာ့ကိုလား၊ အလွယ် တကူ ဆုံးဖြတ်လိုက် သည့် ဆေးရုံမှ ၀န်ထမ်းတွေကိုလား။ ဖုန်းဆက်ချင်သည့်
ဆန္ဒတစ်ခုက ဒီအထိ ဖြစ်ပျက် သွားရ သည်ကို ကျွန်မ ဘ၀င်မကျလှပါ။ ဖုန်းသည် ကျွန်မတို့ ဘ၀အတွက်
မည်မျှ အရေးပါသည်လဲ။
မျက်မှောက် ခေတ်တွင် ဖုန်းသည် မရှိမဖြစ် အသုံးအဆောင် ပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်လာသည်။
ဆက်သွယ်ရ လွယ်ကူမြန် ဆန် ရေး မီဒီယာအဖြစ် တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည်။ ပြောင်းလဲတိုးတက်လာသော
လူနေမှုစနစ် အောက် ၀ယ် လူတိုင်း နီးပါး ဖုန်းတွေကိုယ်စီတော့ အသုံးပြုလာကြပြီ။ အင်တာနက်တွဲဖက်
သုံးစွဲ၍ရသည့်အခါ ဖုန်းကိုပို၍ အသုံး ပြုမှု စိပ်လာကြသည်။
ဖုန်းအမျိုးအစားရွေးခြယ်မှုနှင့် လွန်းထိုးလာသည့်အခါ ဖုန်းက
လူသားတွေအပေါ် လွှမ်းမိုးမှုပိုလာသည်။ တကယ်တော့ ဖုန်းဆိုသည့် ကိရိယာသည် ဆက်သွယ်ရေးကြားခံမီဒီယာအဖြစ်
သတ်မှတ်ရုံသာ။ ဟဲလို သံချင်းတူပါလျှက် ကိုင်တွယ် ရသည့် အခွံကလေး ကို မော်ဒယ် အနိမ့်အမြင့်ပစ္စည်းအမျိုးအစားခွဲခြားတပ်မက်ကြသောအခါ
ဖုန်းကလူသားတွေကြားပို၍ ရှုပ်ထွေးများပြားလာသည်။ သက်မဲ့ပစ္စည်းလေးတစ်ခုက ဘ၀တွေအပေါ်ဘယ်လောက်လွှမ်းမိုး
ချုပ်ကိုင်နေသည်လဲ။ လူသားဖန်တီးသော သက်မဲ့ပစ္စည်း တစ်ခုအောက် လူသားတွေဒူးထောက်ကျဆုံးရသည်မှာ
သိပ်တော့ သဘာဝမကျလှပါ။
အသံလှိုင်းအနိမ့်အမြင့်မျိုးစုံဖြင့် နီးသောအရပ်၊ ဝေးသောအရပ်မှ
ဖုန်းမြည်သံမျိုးစုံတွေက ဘ၀လှုပ်ရှားမှုတွေ အတွင်းမှာ ခပ်တည် တည်နေရာယူလာသည်။ ဖုန်း ကြောင့်လုပ်ငန်းဆောင်တာတွေ
ပိုမိုမြန်ဆန်သွက်လက်လာသည်။ ဖုန်း ကြောင့် ဆက်သွယ်မှု ကွန်ရက်တွေ ပိုမိုအချိုးကျလာသည်။
ဖုန်းကြောင့် လူနေမှုဝဲဂယက်တွေ ပိုမိုလှုပ်ရှားလူးလွန့်လာသည်။ ဖုန်း သည် ဝေးကွာမှုများ၊
မရောက်ရှိနိုင်မှုများ ကို အဆင်ပြေစွာချိတ်ဆက်ပေးနိုင်ခဲ့သည်။ လူ့အသိုင်းအ၀ိုင်း ရှုပ်ထွေးပျားပန်း
ခတ်နေသရွေ့ ဖုန်း က ဟန်ချီညီညီအသုံးကျသော ပစ္စည်းတစ်ခုအဖြစ် ရပ်တည်နေရာယူနိုင်ခဲ့လေသည်။
ကျွန်မ တို့ ၀န်းကျင်တွင် ဖုန်း မြည်သံတွေ မျိုးစုံနေသည်။
အလုပ်ကိစ္စများလား….ကိုယ်ရေးကိုယ်တာတွေလား…….
ဖုန်းတွေ ကိုယ်စီနှင့် လူသားတွေအလုပ်ရှုပ်နေကြသည်။
လူသားက အဆင်ပြေအောင်ဖန်တီးလိုက်သော သက်မဲ့ပစ္စည်းလေးတစ်ခုအတွက် လူသားတွေကြောင့်ကြမှုများနှင့် အလုပ်ရှုပ် နေကြသည်။
ဖုန်းမြည်သံတွေကတော့ အရောင်အသွေးစုံလင်နေပါသည်။ ။
ရွှေအိမ်စည်
28.11.2012
PM:9:17
ဟုတ်တယ်...ဖုန်းတွေက နေရာတကာ..။ လူတိုင်းက ဖုန်းတွေနဲ့..။
ReplyDeleteဒါပေမယ့် လူနေမှုဘ၀တွေ မြင့်လာဖို့တော့ အများကြီး လိုအပ်နေသေးတယ် ညီမရေ..။
ဝတ္ထုလေးထဲက အန်နာ့ အဖြစ်က စိတ်မကောင်းစရာ..၊ ယုတ္တိဗေဒ ရှုထောင့်အရ ဆိုရင်တော့ ဆရာဝန်တွေက လူနာဟုတ်မဟုတ် သေချာအောင် မေးခွန်းတွေ မေးကြည့်သင့်တာပေါ့နော်...၊ ညီမရဲ့ ဝတ္ထုလေးဖတ်ရင်း ဖုန်းဆက်ဖို့ကို စွဲလမ်းနေတဲ့ သူငယ်ချင်း တစ်ယောက်ကိုလည်း သတိရမိ သွားတယ်၊ လက်ထဲမှာ ပိုက်ဆံလေး နည်းနည်းရှိတိုင်း လမ်းဘေးဖုန်းတွေကနေ သူ့စိတ်ထဲ ပေါ်လာသူတွေကို တချိန်လုံး လိုက်ဆက်နေတဲ့ကောင်...၊း) အန်နာ့ကို တင်ခေါ်သွားတဲ့ ဘတ်စ်ကားအိုကြီးနဲ့ တွေ့လိုက်သင့်တယ်...၊း)
ReplyDeleteဖုန်းမြည်သံတွေ မကြားရတဲ့နေ့ဆိုတာ မရှိသလောက် ဖြစ်နေတဲ့ မျက်မှောက် ကာလကို ညက်ညောကျစ်လစ်တဲ့ အရေးအသားအောက်မှာ တွေ့လိုက်ရတယ် ညီမရေ...။
ဘယ်နေရာမဆိုဖုန်းတွေအတော်လေးပေါလာတယ်နော်
ReplyDeleteအဲဒီထက်ကုန်ဈေးနှုန်းတွေ ကျပြီးလူသုံးကုန်တွေပေါလာရင်တော့သိပ်ကောင်းမှာပဲ
မြသွေးနီ >> ဟုတ်တယ် မမ။ လူနေမှု စနစ်မြင့်မားလာဖို့ အများကြီးလိုအပ်နေသေးတယ်။
ReplyDeleteညီလင်းသစ် >> အကိုရေ..တကယ်တော့ အန်နာ့ ၀တ္တုကို ဖတ်ခဲ့ဖူးတာ...ကြာခဲ့ပါပြီ။ အဖြစ်အပျက်လေးကို မှတ်မိနေတာကလွဲလို့ ညီမ ပြန်ရေးထားတာက မှန်းဆပြန်ရေးထားတာပါ။ တကယ့် မူရင်းမှာ ယုတ္တိဗေဒရှုထောင့်အတွက် ပါကောင်းလည်း ပါမှာပါ (မပါချင်လည်း မပါနိုင်ပေဘူး)
ညီမ ဖတ်ခဲ့ရတုန်းက ကြိုးစားပမ်းစား တတ်သမျှနဲ့ ဘာသာပြန်ခဲ့ရတာဖြစ်တဲ့အတွက် အဓိပ္ပာယ်အနည်းငယ် လွဲချင်လည်း လွဲနိုင်ပါတယ်။
အဲ့တော့ အကယ်၍များ တကယ့် အန်နာ နဲ့ တွေ့ခဲ့လို့ ဖတ်ဖြစ်ခဲ့ရင်.....ညီမရေးတာနဲ့ သွေဖယ်နေခဲ့တယ် ဆိုရင် ခွင့်လွှတ်ပေးပါရှင် :)
ညီမ ပေးချင်တဲ့ မက်ဆေ့တစ်ခုအတွက် အန်နာ့ကို ထည့်သွင်းလိုက်ရတာပါ။
ဒါနဲ့.... အန်နာ့ကို တင်ခေါ်သွားတဲ့ ဘတ်စ်ကားအိုကြီးနဲ့ တွေ့လိုက်သင့်တယ်...၊း) ဆိုတာ ဖတ်ပြီး အသံထွက်ရယ်မိတယ်။ အဲဒီလိုလူတွေ တကယ်ရှိတယ် အကိုရဲ့
ခြုံပြောရရင် ကျေးဇူးပါ အကို :)
စံပယ်ချို >> ဖုန်းတွေ ပေါသလို...ကဒ်တွေပါ ပေါရင်....အင်တာနက်တွေပါ ပေါရင်....လူသုံးကုန်၊ စားသောက်ကုန်တွေပါ ပေါရင် အကောင်းဆုံးပဲ မမ :))
ReplyDeleteဟုတ်ပါ့ ပေါများလိုက်တဲ့ ဖုန်းတွေ ။
ReplyDeleteနေ့စဉ်သုံးပစ္စည်းတွေသာ အဲ့လိုပေါရင်ဘယ်လောက်ကောင်းလိုက်မလဲ
စာရေးကောင်းတဲ့ သူ ဆိုတာကို ကျွန်တော် ထပ်မံလက်ခံလိုက်ပါပြီ ။
ReplyDeleteစာရေးကောင်းသူတွေဟာ အသေးအဖွဲ တစ်ခုလေးက အစပြုပြီး
အတွေးကြီးကြီးတွေ တွေးရလောက်အောင်ထိ
ချဲ့ထွင်ရေးသားနိုင်စွမ်းရှိကြပါတယ် ။
ဒီလိုလူမျိုး များများစားစား ရှိမနေပါဘူး ။
အဲဒီ လူနည်းစုထဲမှာ ဘလော့ဂါ မိတ်ဆွေဖြစ်ခွင့်ရတဲ့
ညီမလေး ရွှေအိမ်စည် ပါဝင်နေတယ် ဆိုတာကို
သိလိုက်ရလို့ ကျေနပ် ကြည်နူး မုဒိတာ ပွားမိပါတယ် ။
ဆက်လက်ထုဆစ်နိုင်ပါစေ ညီမလေး ။
လွင်ပြင်လှိုင်းငယ် >>> ဟုတ်ပါ့ အကိုရေ :))
ReplyDeleteညီလင်းနိုင် >>> အကို့ အားပေးစကားလေးက စာတွေ ရှေ့ဆက်ရေးဖို့ ခွန်အားတွေ ရလိုက်သလိုပဲ..။
ကြည်ကြည်နူးနူး ဖတ်ခဲ့ရတဲ့ ကွန်မန့်လေးတစ်ခုပါ...။
ကျေးဇူးတင်ပါတယ်ရှင် :)))